ဖျာပုံ ဖေဖော်ဝါရီ ၁ဝ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နယ်လှည့်ဆေးကုသရေးအဖွဲ့၏ ယနေ့စတုတ္ထမြောက်နေ့တွင် ဖျာပုံ မြို့နယ် အမာမြို့ ဘဝသစ်ကျေးရွာအုပ်စု ခတ္တာကျွန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ယမန်နေ့နံနက် ၁ဝ နာရီခွဲမှ စတင်၍ ပါတီဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင်နှင့်ဇနီး၊ ဒေါက်တာမြတ်မြတ်အုန်းခင်၊ မြို့နယ်ပါတီကော်မတီ ဝင်များ လိုက်ပါလျက် ပြည်ခိုင်ဖြိုးပါတီ နယ်လှည့်ဆေးကုသရေးအဖွဲ့၏ ဆေးကုသနေမှုအား သွားရောက်၍ လာရောက်ဆေးကုသသည့် ပြည်သူများအား တွေ့ဆုံ၍ အားပေးစကား ပြောကြားခဲ့ သည်။