မတ် ၂၊ ကျောက်ပန်းတောင်း
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်းနှင့် အဖွဲ့ဝင်များသည် ယမန်နေ့ နံနက်ပိုင်းတွင် ကျောက်ပန်းတောင်းမြို့နယ် အတွင်းရှိ ကြက်ပြစ်ရွာမှာ ဒေသခံတောင်သူလယ်သမားများ၊ ပြည်သူများနှင့် သွားရောက် တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံရာတွင် တောင်သူလယ်သမား၊ ပြည်သူများမှ သိရှိလိုသည်များမေးမြန်း ပြီး၊ ကြုံတွေ့ခံစားနေရသည့် အခက်အခဲများအား တင်ပြဆွေးနွေးခဲ့မှုများအား ပါတီဒုတိယဥက္ကဋ္ဌ ဦးလှထွန်းနှင့် အဖွဲ့ဝင်များမှ ပြန်လည်းဆွေးနွေး ခဲ့ကြပါသည်။ တွေ့ဆုံပွဲ အခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်းနှင့်အတူ ကျောက်ပန်းတောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ တာဝန်ရှိသူများ ကြက်ပြစ်ကျေးရွာ ဒေသခံ တောင်သူလယ်သမားများ၊ ပြည်သူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိ ပါသည်။