ရေဖြူမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ မြို့နယ်အရန်ပါတီ ကော်မတီဝင် လူငယ်တာဝန်ခံဦးဝင်းကျော်နှင့်အတူ နဘုလယ်ဒေသမှ ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် ရပ်ကွက်နေ လူငယ်များ ပူးပေါင်းလျက် ရေဖြူမြို့နယ် နဘုလယ်ဒေသမှ ထားဝယ်မြို့သို့သွားသော ရွာအထွက်လမ်း ဆိုးရွားစွာ ပျက်စီးနေသည့်အတွက် အများပြည်သူ သွားလာရေး အဆင်ပြေစေရန်ရည်ရွယ်လျက် ယနေ့နံနက်ပိုင်းက စတင် ပြုပြင်လျက်ရှိကြောင်း သိရသည်။
စလင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ Quarantine ဝင်နေရပ်ပြန်များကို လိုအပ်ပစ္စည်းများလှူဒါန်း
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် ပန်းပြင်စု ကျေးရွာ Quarantine ဝင်ရောက်နေသော နေရပ်ပြန်များကို ယမန်နေ့ နံနက်ပိုင်းက လိုအပ်သောပစ္စည်းများကို စလင်းမြို့နယ် ပြည်ခိုင်ဖြိုး ပါတီကော်မတီဝင်များက သွားရောက်လှူဒါန်းခဲ့ကြသည်။
စလင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးဝင်းမြိုင်၏ လမ်းညွန်မှုအရ အတွင်းရေးမှူး ဦးဇော်နိုင်၊ မြို့နယ် ပါတီကော်မတီဝင်ဦးဝင်းခိုင်၊ ဦးဌေးအောင်နှင့်ကျေးရွာ ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌဦးကျော်သောင်း တို့ပါဝင်ပြီး ရွှေကူကျေးရွာအုပ်စု ပန်းပြင်ကျေးရွာ၌ Quarantineဝင်ရောက်သေူများကို ရေသန့်ဘူးများ၊ ခေါက်ဆွဲခြောက်ထုပ်များ၊ နှာခေါင်းစည်းများကို လှူဒါန်းခဲ့ကြပြီး ပိုးသတ်ဆေးများ ပက်ဖျန်းပေးခဲ့ကြောင်း သိရသည်။
တန့်ယန်းမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တပ်နယ်ကုသိုလ်ဖြစ်ဆေးခန်းသို့ အလှူငွေပေးအပ်
တန့်ယန်းမြို့နယ် ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ စစ်ဗျူဟာ အဖွဲ့(အခြေချ) တန့်ယန်းတပ်နယ် ကုသိုလ်ဖြစ်ဆေးခန်းသို့ အလှူငွေကျပ် တစ်သိန်းနှင့် ဆေးခန်းမျက်နှာကြက် တပ်ဆင်နိုင်ရန်အတွက် အလှူငွေကျပ် ငါးသောင်းတို့ကိုလည်းကောင်း၊ တန့်ယန်း မြို့၌ ရောက်ရှိနေသည့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်နယ်အတွင်းရေးမှူး ဒေါက်တာလဆိုင်းနှင့် ပြည်နယ် ဘဏ္ဍာရေးမှူး ဦးစိုင်းခမ်းကော်တို့က အလှူငွေကျပ်နှစ်သိန်းတို့ကို သွားရောက် လှူဒါန်းခဲ့ကြကြောင်း သိရသည်။ နှင်းစန္ဒာမိုး
ပြည်နယ်ပါတီအတွင်းရေးမှူးနှင့် အဖွဲ့ ဝှေခါကျေးရွာတွင် မြေပြိုကျ၍ သေဆုံးသူနှင့် ထိခိုက်သူများအား အလှူငွေများ ထောက်ပံ့လှူဒါန်း
ကချင်ပြည်နယ် ပါတီအတွင်းရေးမှူးနှင့်အဖွဲ့သည် ဝှေခါကျောက်စိမ်းတွင်း မြေပြိုကျ၍ သေဆုံးသူနှင့် ထိခိုက်သူများအတွက် အလှူ ငွေကျပ်သိန်း ၃ဝ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ၏ ဦးဆောင်မှုဖြင့် (၇၃) ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်း
ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ၏ ဦးဆောင်မှုဖြင့် (၇၃)ကြိမ်မြောက်စုပေါင်းသွေးလှူဒါန်းမှုကို ယနေ့နံနက် ၈နာရီက ရန်ကုန်သူနာပြုတက္ကသိုလ်ခန်းမဆောင်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါသွေးလှူဒါန်းမှုကို မြောက်ပိုင်းခရိုင် ရှစ်မြို့နယ်မှ ပါတီဝင် ၁ဝ၆ ဦး လာရောက်ခဲ့ပြီး ၅၇ဦး သွေးလှူဒါန်းခဲ့ကြောင်း ကိုဗစ်-၁၉ ကာလအတွင်း သွေးလိုအပ်နေသူများ အဆင်ပြေစေရန် ရည်ရွယ်၍ လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရွှေပြည်သာပြည်ခိုင်ဖြိုးပါတီ အမှတ်(၅)ရပ်ကွက် ပါတီကော်မတီဝင်များအား အခြေခံစားသောက်ကုန်များ သွားရောက် ထောက်ပံ့လှူဒါန်း
ရွှေပြည်သာပြည်ခိုင်ဖြိုးပါတီ မှ အမှတ်(၅)ရပ်ကွက်ပါတီကော်မတီဝင်များအား covid – 19 ကူးစက်ရောဂါကာလ စားသောက်ရေးအခက်အခဲအတွက် အခြေခံစားသောက်ကုန်များအား အမှတ်(၅)ရပ်ကွက် အပိုင်(၈) အပိုင် ပန်းခြံ (၂၇) ပန်းခြံအတွင်းရှိ ပါတီကော်မတီဝင်များအား အခြေခံစားသောက်ကုန်များအား သွားရောက် လှူဒါန်းခဲ့ကြပါသည်။
ပြည်သူ့အတွက် အာမခံချက်
* မိမိစိုက်ထုတ်ကုန်ကျခဲ့သည့် စိုက်ပျိုးစ ရိတ် အရင်းအနှီးထက်သာလွန်သောဝင် ငွေရရှိရေး ဆောင်ရွက်ပေးမည်။
ကရင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဆွမ်းဆန်အိတ်နှင့် အလှူငွေများ ဆက်ကပ်လှူဒါန်း
ဘားအံ ဇွန် ၂၈
ကရင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ (ဗဟိုအလုပ်အမှုဆောင်) ဦးစောမြင့်ဦး၊ ဗဟို အလုပ်အမှုဆောင်အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းနီနီအေး၊ ဗဟိုကော်မတီဝင် ကရင်ပြည်နယ် ပါတီအတွင်းရေးမှူး ဦးစန်းကို၊ ပြည်နယ်ပါတီကော်မတီဝင် ဦးဝင်းတင်၊ ဒေါ်စန္ဒာဦး၊ ဦးစောမြင့်ဝင်းအောင်၊ ဘားအံမြို့နယ် ပါတီဥက္ကဋ္ဌ ဦးစောစိန်ဝင်း၊ အတွင်းရေးမှူး ဦးခွန်သန်းဝင်းနှင့် ပြည်နယ်လူငယ်လှုပ်ရှားမှုအဖွဲ့ ခေါင်းဆောင် ဒေါ်ခင်နီနီအောင်တို့သည် ယမန်နေ့ညနေ ၄ နာရီတွင် ဘားအံမြို့အမှတ် (၂) ရပ် ကွက်ရှိ မြိုင်သဇင်ကျောင်းတိုက်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓဇဘဒ္ဒန္တဣဿရိယ အားဖူးမြော်၍ ဆွမ်းဆန်အိတ် ငါးအိတ်၊ ကန်တော့ခြင်းတစ်ခြင်း၊ အလှူငွေကျပ်ရှစ်သောင်းနှင့် Mask တစ်သေတ္တာ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ခင်နီနီအောင်
လောင်းလုံးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဘုန်းတော်ကြီးကျောင်းများသို့ ဆန် ဆီ ကြက်သွန်လှူဒါန်း
လောင်းလုံး ဇွန် ၂၈
ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူ့အကျိုးပြု သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရန် ခြင်ဆေးဖျန်းခြင်း လုပ်ငန်းများ ဆောင်ရွက်
ရန်ကုန် ဇွန် ၂၈
ရန်ကုန်အရှေ့ပိုင်းခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်မှ ယမန်နေ့ မွန်းလွဲ ၂နာရီက အမှတ် (၅၆) ရပ်ကွက်အတွင်း ဒေသခံမိဘပြည်သူများ ကျန်းမာရေးအတွက် သွေးလွန်တုပ်ကွေး ကာကွယ်ရန် ဆေးဖျန်းခြင်းအား မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။