ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ်သည် ယနေ့နံနက်ပိုင်းက အမှတ်(၂၃) ဝါးတရာ ကျေးရွာရှိ ရပ်မိရပ်ဖများ ပါတီဝင်များနှင့် သွားရောက်တွေ့ဆုံ၍ လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများ၊ ကျေးရွာအခြေအနေများကို ဆွေးနွေးညှိနှိုင်းတိုင်ပင်ခဲ့ကြသည်။
သွားရောက်ရာတွင် ပါတီဗဟိုအတွင်း ရေးမှူးနှင့်အတူ မြောက်ပိုင်းခရိုင် ပါတီကော်မတီဝင် လူငယ်ရေးရာ တာဝန်ခံ ဒေါ်ချမ်းမြအေးရွှေပြည်သာမြို့နယ်ပြည်ခိုင်ဖြိုးပါတီနာယက ဦးရဲဆွေလှိုင်၊ ရွှေပြည်သာမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးလင်းအောင်အောင်နှင့် မြို့နယ်ပါတီကော်မတီဝင်များနှင့်အတူ သွားရောက်တွေ့ဆုံခဲ့သည်။