ပြင်ဦးလွင် မေ ၁၇
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ နယ်၊ရပ်ကွက်ကြီး(၁၇)၊အနီးစခန်းကျေးရွာအုပ်စု၊ရွှေဘိုစုရပ်ကွက်တွင် ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်သင်း၊ပါတီဗဟိုအလုပ်အမှုဆောင်၊မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုး၊တိုင်းဒေသကြီးပါတီအတွင်းရေးမှုး ဦးညွန့်ဆောင်၊တိုင်းကော်မတီဝင်များ၊ပြင်ဦးလွင်ခရိုင်နှင့်မြို့နယ်ဥက္ကဋ္ဌများ၊အတွင်းရေးမှူးများ၊ကော်မတီဝင်များ၊ရပ်ကျေးပါတီကော်မတီဝင်များ၊ရပ်မိရပ်ဖများ၊ပါတီဝင်များ၊ပါတီဝန်းရံသူများ၊ဒေသခံပြည်သူများ၊စုစုပေါင်းအင်အား ၁၁၀ဦး တက်ရောက်ခဲ့ကြပါသည်။