သွေးလွန်တုပ်ကွေးရောဂါကြို တင်ကာကွယ်ရေးအတွက် မုဒုံမြို့နယ် ပါတီတာဝန်ခံဦးဇော်မြင့်နှင့် ဦးမင်းအောင်မြင့် တို့၏ ပံ့ပိုးကူညီ ပူးပေါင်းပါဝင်မှုနှင့်အတူ မုဒုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီသည် ယနေ့နံနက် ၈ နာရီခွဲမှ စတင်၍ အထကတံခွန်တိုင်ကျေးရွာ၊ အထကညောင်ကုန်းကျေးရွာ၊ မြို့မ (၄)ရပ်ကွက် စာစင်ရပ် အထက (ခွဲ)နှင့်ကုက္ကိုလ်တန်းစာသင်ကျောင်းများကိုလည်းကောင်း၊ မြို့မ(၃) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် လူနေအိမ်များ၊ ဂိုဒေါင်များ၊ မြို့မ(၄) ရပ်ကွက်နှင့် ကျုံဖိုက်ကျေးရွာရှိ လူနေအိမ်များ စုစုပေါင်းအဆောက် အအုံ ၂၅ဝ တော်ကူးကျေးရွာ မဟာသတိပဌာန်ဝိပဿနာရိပ်သာ ကျောင်းတိုက်နှင့် မြို့မ(၂) ရပ်ကွက်နွယ်နီ ဘုန်းတော်ကြီး ကျောင်းများအားလည်းကောင်း ခြင်ဆေး ပက်ဖျန်းခြင်း လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ထန်းတပင်မြို့နယ်ရှိ ဆရာတော်များထံ မုန့်နှင့် အချိုရည်များ လှူဒါန်း
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ်သည် ယနေ့နံနက် ၁ဝ နာရီ က ထန်းတပင်မြို့နယ်ရှိ ဆရာတော်များအား မုန့်နှင့် အချိုရည်များ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ်အတွင်းရှိ ကြာအင်းကျေးရွာအုပ်စု အုန်းပင်စုကျေးရွာ ဘုန်းတော်ကြီးကျောင်း ဆရာတော်နှင့် ရွှေကြာဗျိုက်ကျေးရွာအုပ်စု သလိပ်ကျေးရွာဘုန်းတော်ကြီးကျောင်း ဆရာတော်တို့အား သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။ ထိုသို့သွားရောက်လှူဒါန်းရာတွင် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ်၊ မြို့နယ် ပါတီဥက္ကဋ္ဌ ဦးသိန်းရီ၊ တရားလွှတ်တော်ရှေ့နေ ဦးစောဂျက်၊ ကော့ထူးမြို့နယ် ပါတီကော်မတီ ဝင်တို့လိုက်ပါပြီးလှူဒါန်းခဲ့ကြောင်း သိရသည်။
မိတ္ထီလာမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ကယ်ရီလုပ်သားများ အား ဆန် ဆီများလှူဒါန်း
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မိတ္ထီလာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီမှ ယနေ့နံနက်ပိုင်းတွင် ဆန် နှင့်ဆီများကို ကယ်ရီလုပ်သား ၄ဝဝ တို့အား ကူညီလှူဒါန်းပေးခဲ့ကြောင်း သိရ သည်။
အဆိုပါလှူဒါန်းရာတွင် ပြည်ခိုင်ဖြိုး ပါတီမဲဆန္ဒနယ်မြေ(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် မန္တလေးတိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုး၊ မဲဆန္ဒနယ်မြေ(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိုးသန်း၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဖိုးဉာဏ်၊ ပါတီအတွင်းရေးမှူး ဦးချစ်ထွေး၊ မြို့နယ်ပါတီ ကော်မတီဝင်များက သွားရောက်လှူဒါန်း ပေးကြောင်း သိရသည်။
တန့်ယန်းတွင် အထကကျောင်းများအတွက် လိုအပ်သည့်ပစ္စည်းများထောက်ပံ့ လှူဒါန်း
တန့်ယန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်နယ်(၁)လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဆန်စိန် နှင့် မြို့နယ်ပါတီကော်မတီဝင်တို့သည် တန့်ယန်းမြို့ အထက(၁)နှင့် အထက(၂)ကျောင်းများတွင် ကျောင်းဖွင့် ရာသီအတွက် လိုအပ်လျက်ရှိသော လက်ဆေးကန်၊ အပူချိန်တိုင်းကိရိယာ၊ လက်သန့်ဆေးရည်၊ Mask စသည့် ကျပ်ငါးသိန်းခန့် တန်ဖိုးရှိ ထောက်ပံ့ပစ္စည်းများကို သွားရောက်လှူဒါန်းခဲ့ကြသည်။
မိုးကောင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့အကျိုးပြုလုပ်ငန်း စုပေါင်းဆောင်ရွက်
ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မြို့နယ်အရန်ပါတီကော်မတီဝင်များဖြစ်သည့် မြို့နယ် ပါတီစည်းရုံးရေးနယ်မြေ(၃) တွဲဖက် တာဝန်ခံ ဦးသန်းစိုး၊ ဦးငွေရှိန်း၊ ဦးခင်မောင်ခန့်နှင့် ဒေါ်ခင်ပိုတို့ ဦးဆောင်ပါဝင်သော အဖွဲ့သည် ယနေ့နံနက် ပိုင်းတွင် မိုးကောင်းမြို့ ကြာအင်ကျေးရွာအုပ်စု အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ဝင်းအတွင်း၌ ချုံနွယ် ပေါင်းမြက်ရှင်းလင်းခြင်း၊ လူသွားလမ်းသဲကျောက်ဖြန့်ခင်းခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်းများကို စုပေါင်း ဆောင်ရွက်ခဲ့ကြသည်။
ပါတီဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း ပန်းတနော်မြို့ယွန်းစာသင်တိုက်ဆရာတော်အား ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်း
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဧရာဝတီတိုင်းဒေသကြီးတာဝန်ခံဦးသန်းထွန်းသည် ယမန်နေ့မွန်းလွဲပိုင်း၌ ပန်းတနော်မြို့နယ် အနောက်ရပ်ရှိယွန်းစာသင်တိုက်၏ သက်တော်ရှည်ဆရာတော် ဘဒ္ဒန္တ နန္ဒိယအား ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။
သင်္ကန်းဆက်ကပ်ရာသို့ ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း၊ မအူပင်ခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးကျော်ဖေဦး၊ ခရိုင်ပါတီကော်မတီဝင်ဦးမင်းအောင်၊ ပန်းတနော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးကျော်မင်းသန်း နှင့် မြို့နယ်ပါတီကော်မတီဝင်များ လိုက်ပါခဲ့ကြသည်။ မောင်ခိုင်ဖြိုး(ပန်းတနော်)
မကွေးမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ တောင်ခွင်ကျေးရွာ ဆရာတော်ကိုဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း ကွန်ကရစ် လမ်းအတွက် ဘိလပ်မြေအိတ်များလှူ
မကွေးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ တောင်ခွင်ကျေးရွာဆရာတော်ကို ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းနှင့် ကွန်ကရစ်လမ်းအတွက် ဘိလပ်မြေ ၁ဝ အိတ်၊ အလှူရှင် တိုင်းဘဏ္ဍာရေးမှူး ဦးကြည်ထွန်း မိသားစုက ဘိလပ်မြေ ၁ဝ အိတ် စုစုပေါင်း ဘိလပ်မြေအိတ် ၂ဝ ကို ယမန်နေ့ နံနက်ပိုင်းတွင် သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ကရင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်စစ်မှုထမ်းဟောင်း အဖွဲ့များနှင့်ပူးပေါင်း၍ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်
ကရင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင် (လူငယ်ရေးရာတာဝန်ခံ) ဦးစောမြင့်ဝင်းအောင်၊ ပြည်နယ်အမျိုးသမီး ရေးရာတာဝန်ခံ ဒေါ်စန္ဒာဦး၊ ပြည်နယ်လူငယ်လှုပ်ရှားမှုအဖွဲ့ခေါင်းဆောင် ဒေါ်ခင်နီနီအောင်တို့သည် ယနေ့ နံနက် ၇ နာရီက ပြည်နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌ ဗိုလ်မှူး(ငြိမ်း)မြင့်သောင်း ဦးဆောင်၍ မြို့နယ်စစ်မှုထမ်းဟောင်း အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင် ၇ဝ၊ တရုတ်လှကျေးရွာ အထက်တန်း ကျောင်းမှ ဆရာ ဆရာမ ၁ဝ ဦး၊ နယ်မြေခံတဆရ (၂/၁ဝဝ)မှ တပ်မတော်သားနှစ်ဦး စုပေါင်း၍ ဘားအံမြို့နယ် တရုတ်လှ စံပြကျေးရွာအထက်တန်းကျောင်းတွင် ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအတွက် ခြင်ဆေးဖျန်းပေးခြင်း၊ ကျောင်းတွင်း ကျောင်းပြင် သန့်ရှင်းရေးများ ဆောင်ရွက်ပေးခဲ့သည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ပြည်ခိုင်ဖြိုးပါတီ သွေးလွန်တုပ်ကွေးကာကွယ်ဆေးဖျန်း
ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ပြည်ခိုင်ဖြိုးပါတီက ယနေ့နံနက် ၈ နာရီတွင် အမှတ်(၃၈)ရပ်ကွက် ဝန်းသိုလမ်းအတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားသော နေအိမ်နှင့် ပတ်ဝန်းကျင် နေအိမ်များအား ခြင်မပေါက်ပွားနိုင်စေရေးအတွက် အဘိတ်ဆေးခတ်ခြင်းနှင့် ခြင်ဆေးဖျန်းခြင်း ဆောင်ရွက်ပေးခဲ့သည်။ အဆိုပါဆောင်ရွက်ရာတွင် မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသန်းစိုးနှင့် မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်ကွက် ပါတီဝင် များက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ တင်ဆန်းအောင်(မြောက်ဒဂုံ)
မန်စီမြို့နယ်ပြည်ခိုင်ဖြိုးပါတီက ဟန်ထက်ကျေးရွာနေပြည်သူများသို့ ဆား ကာဘော်လစ်ဆပ်ပြာနှင့် နှာခေါင်းစည်းများ ဖြန့်ဝေ
ကချင်ပြည်နယ် မန်စီမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ဟန်ထက်ကျေးလက်နေ ပြည်သူများအား ဆား၊ ကာဘော်လစ် ဆပ်ပြာနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက် ၉ နာရီခွဲက မန်စီမြို့နယ် ဟန်ထက်ကျေးရွာများ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။