ဗဟန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးကျော်ကျော်စိုး ဦးဆောင်၍ အတွင်းရေးမှူး ဒေါ်ရီရီတင်၊မြို့နယ် ပါတီကော်မတီဝင်၊ ဒေါ်နီလာချစ်၊ ဒေါ်ခင်စန်းကြူ၊ ဒေါ်ခင်မျိုးလှ၊ ဒေါ်စုစုလှိုင်နှင့် ရပ်ကွက်ပါတီဥက္ကဋ္ဌနှင့် ရပ်ကွက်ပါတီ ကော်မတီဝင်များသည် ယမန်နေ့ မွန်းလွဲ ၁နာရီက Mask များ၊ လက်ဆေးဆပ်ပြာများ နှင့်COVID-19 ကာကွယ်ရေးလက်ကမ်းစာစောင်များကို ရွှေတောင်ကြား(၁)ရပ်ကွက်နေ ပြည်သူများအိမ်သို့ တစ်အိမ် တက်ဆင်းလိုက် လံဝေငှခဲ့ကြသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဒုတိယဥက္ကဋ္ဌဦးလှထွန်း ကျောက်ပန်းတောင်းမြို့နယ်ဆေးရုံသို့ PPE နှင့် Mask များ လှူဒါန်း
ကျောက်ပန်းတောင်း ဇူလိုင် ၇
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌဦးလှထွန်းသည် ယနေ့နံနက် ၁ဝ နာရီတွင် ကျောက်ပန်းတောင်းမြို့နယ် ကုတင် (၅ဝ)ဆံ့ ပြည်သူ့ဆေးရုံသို့ PPE ဝတ်စုံများနှင့် Mask များလှူဒါန်းခဲ့ရာ ဆေးရုံအုပ်ကြီး ဒေါက်တာ သက်ဦးက လက်ခံရယူခဲ့သည်။ ယင်းနောက် ဆေးရုံအုပ်ကြီးက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ခဲ့သည်။
ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးမှ ကံမမြို့နယ် အထက်တန်းကျောင်းတွင် Covid – 19 ရောဂါ ကာကွယ်ရေးပစ္စည်းများ လှူဒါန်း
ဇူလိုင် ၇၊ ကံမ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး နှင့် ဇနီး ဒေါ်ခင်မျိုးဌေး မိသားစုသည် ယနေ့ ၇-၇-၂၀၂၀ ရက်နေ့ နံနက်ပိုင်းတွင် ကံမမြို့ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ပြီး Covid – 19 ရောဂါ ကာကွယ်ရေးပစ္စည်းများဖြစ်သည့် အပူချိန်တိုင်းကိရိယာ၊ နှာခေါင်းစည်း၊ လက်သန့်ဆေးရည်နှင့် လက်အိတ်များအား လှူဒါန်းခဲ့ကြပါသည်။ ဆက်လက်ပြီး ကံမမြို့နယ်အတွင်းရှိ ဘန့်ဘွေးကျင်း၊ ငမဲ၊ ကိုင်းဒေါင့်၊ တောင်စကိုင်း၊ ငွေလေး၊ ထန်းကောက်၊ ပွတ်စု၊ ကဒူးပြင်ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်ပြီး ဆရာတော်များအား လှူဘွယ်ဝတ္ထုပစ္စည်းများအား ဆပ်ကပ်လှူဒါန်းခဲ့ပါသည်။ #DWK
ပါတီဗဟိုအလုပ်အမှုဆောင် ပဲခူးတိုင်းဒေသကြီး(အရှေ့)တွဲဖက်တာဝန်ခံ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဗဟိုအလုပ်အမှုဆောင် ပဲခူးတိုင်း ဒေသကြီး(အရှေ့)တွဲဖက်တာဝန်ခံ ဦးလှသိန်း သည် ဝေါမြို့နယ် ပါတီဥက္ကဋ္ဌ ဦးမောင်ယု နှင့်အတူ ယမန်နေ့နံနက်ပိုင်းက ဝေါမြို့နယ် အညာစု ထမင်းဆိုင်ကျေးရွာ ဆရာတော်အားလည်းကောင်း၊ မွန်းလွဲပိုင်းတွင် ကွေကြီးအနောက်ကျေးရွာ ဆရာတော် အားလည်းကောင်း ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းခဲ့သည်။
အလားတူ ယခုလ ၄ရက်ကဝေါမြို့နယ် ဂျလဟာကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ဝါဆိုသင်္ကန်းကပ်လှူခဲ့ပြီး မွန်းလွဲပိုင်းတွင် ပဲခူးမြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံး၌ မြို့ နယ်ပါတီဝင်လူငယ်များနှင့်တွေ့ဆုံခဲ့သည်။
ဗဟိုအလုပ်အမှုဆောင် ဦးအောင်တင်မြင့် မိသားစု ပျဉ်းမနားမြို့ လှေခွင်းတောင် တန်ခိုးကြီးကျောင်းတိုက်သို့ ဝါဆိုသင်္ကန်းကပ်လှူ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် တောင်သူလယ်သမားရေးရာတာဝန်ခံ ဦးအောင်တင်မြင့်နှင့် ဦးစီးရုံးအဖွဲ့များသည် ယနေ့ မွန်းလွဲ ၁နာရီက ပျဉ်းမနားမြို့ လှေခွင်းတောင် တန်ခိုးကြီး ကျောင်းတိုက်၏ ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တဂမန္ဓသီရိ နှင့် တိုက်နယ်ဆရာတော်တို့အား ဖူးမြော်၍ ဝါဆိုသင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ရာ တန်ခိုးကြီးကျောင်း ဆရာတော်က ပရိတ်တရားများရွတ်ဖတ်၍ ရေစက်ချတရား ဟောကြားခဲ့သည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ရာသီတုပ်ကွေးကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်
ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ အမှတ် (၁၈)ရပ်ကွက် အပိုင်(E)ဘလောက် အတွင်းရှိလမ်းများအား မိုးရာသီ သွေးလွန်တုပ်ကွေးကာကွယ်ရေး ခြင်ဆေးဖျန်းခြင်းကို ယနေ့နံနက် ၈နာရီမှ စတင်ဆောင်ရွက်ခဲ့ရာ မြို့နယ်ပါတီနှင့် မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေ ပြည်သူ များက ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မိုးမောက်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ မြို့ဟောင်းကျေးရွာရှိ အိမ်ခြေ ၂၅ဝအား နှာခေါင်းစည်းနှင့်ဆပ်ပြာများ နေအိမ်အရောက် အခမဲ့ဖြန့်ဝေပေး
ကချင်ပြည်နယ်မိုးမောက်မြို့ နယ်ပြည်ခိုင်ဖြိုးပါတီမှ မိုးမောက်မြို့နယ် မြို့ဟောင်းကျေးရွာရှိ အိမ် ခြေ ၂၅ဝ တို့အား နှာခေါင်းစည်း နှင့် ကာဘော်လစ်ဆပ်ပြာများ နေအိမ်အရောက်အခမဲ့ ဖြန့်ဝေပေး ခြင်းလုပ်ငန်းကို ယမန်နေ့ နံနက် ၈ နာရီခွဲမှ ၁ဝ နာရီခွဲအထိ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကံမမြို့ ယွန်းကျောင်းပရိယတ္တိစာသင်တိုက်ဆရာတော်ထံသို့ အလှူငွေကျပ် ၁ဝ သိန်း လှူဒါန်း
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးနှင့်ဇနီး ဒေါ်ခင်မျိုးဌေး မိသားစုတို့သည် ယနေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး ကံမမြို့ယွန်းကျောင်းပရိယတ္တိစာသင်တိုက် အောင်တေဇမုနိကုန်းတော် ပေါ်ရှိ ဆုတောင်းပြည့်စေတီတော်ရင်ပြင် တိုးချဲ့ခြင်း၊ ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း၊ ဂြိုဟ်တိုင်ဘုရားများ ပြုပြင်ခြင်းများ အတွက် လှူဒါန်းငွေကျပ် ၁ဝ သိန်းကို ယွန်းကျောင်း ဆရာတော်ထံ လှူဒါန်းခဲ့သည်။ ယမန်နေ့ကလည်း ပါတီဗဟိုအတွင်းရေးမှူးသည် မြို့နယ်ပါတီဥက္ကဋ္ဌဦးတင်ဦး၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးမြင့်ရွှေနှင့် အဖွဲ့တို့ လိုက်ပါလျက် အင်ဘက်တော၊ ပုထိုး၊ ညောင်တန်း၊ ဂုန်းသောင်ပြည်တော်သာ၊ အင်းဘဲ၊ ထောက်ရှာခုံ ကျွန်းကလေးကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများနှင့် ယနေ့မွန်းလွဲပိုင်းတွင် မင်းတဲ အုတ်ပုံ၊ ပုဇင်းနိမ့်၊ တောင်တီးကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများမှ ဆရာတော်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ရေဖြူမြို့နယ်ပြည်ခိုင်ဖြိုးပါတီ အများပြည်သူသွားလာမှု အဆင်ပြေရန်လမ်းပြုပြင်
ရေဖြူမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ မြို့နယ်အရန်ပါတီ ကော်မတီဝင် လူငယ်တာဝန်ခံဦးဝင်းကျော်နှင့်အတူ နဘုလယ်ဒေသမှ ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် ရပ်ကွက်နေ လူငယ်များ ပူးပေါင်းလျက် ရေဖြူမြို့နယ် နဘုလယ်ဒေသမှ ထားဝယ်မြို့သို့သွားသော ရွာအထွက်လမ်း ဆိုးရွားစွာ ပျက်စီးနေသည့်အတွက် အများပြည်သူ သွားလာရေး အဆင်ပြေစေရန်ရည်ရွယ်လျက် ယနေ့နံနက်ပိုင်းက စတင် ပြုပြင်လျက်ရှိကြောင်း သိရသည်။
စလင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ Quarantine ဝင်နေရပ်ပြန်များကို လိုအပ်ပစ္စည်းများလှူဒါန်း
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် ပန်းပြင်စု ကျေးရွာ Quarantine ဝင်ရောက်နေသော နေရပ်ပြန်များကို ယမန်နေ့ နံနက်ပိုင်းက လိုအပ်သောပစ္စည်းများကို စလင်းမြို့နယ် ပြည်ခိုင်ဖြိုး ပါတီကော်မတီဝင်များက သွားရောက်လှူဒါန်းခဲ့ကြသည်။
စလင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးဝင်းမြိုင်၏ လမ်းညွန်မှုအရ အတွင်းရေးမှူး ဦးဇော်နိုင်၊ မြို့နယ် ပါတီကော်မတီဝင်ဦးဝင်းခိုင်၊ ဦးဌေးအောင်နှင့်ကျေးရွာ ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌဦးကျော်သောင်း တို့ပါဝင်ပြီး ရွှေကူကျေးရွာအုပ်စု ပန်းပြင်ကျေးရွာ၌ Quarantineဝင်ရောက်သေူများကို ရေသန့်ဘူးများ၊ ခေါက်ဆွဲခြောက်ထုပ်များ၊ နှာခေါင်းစည်းများကို လှူဒါန်းခဲ့ကြပြီး ပိုးသတ်ဆေးများ ပက်ဖျန်းပေးခဲ့ကြောင်း သိရသည်။