မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မိတ္ထီလာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီမှ ယနေ့နံနက်ပိုင်းတွင် ဆန် နှင့်ဆီများကို ကယ်ရီလုပ်သား ၄ဝဝ တို့အား ကူညီလှူဒါန်းပေးခဲ့ကြောင်း သိရ သည်။
အဆိုပါလှူဒါန်းရာတွင် ပြည်ခိုင်ဖြိုး ပါတီမဲဆန္ဒနယ်မြေ(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် မန္တလေးတိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုး၊ မဲဆန္ဒနယ်မြေ(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိုးသန်း၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဖိုးဉာဏ်၊ ပါတီအတွင်းရေးမှူး ဦးချစ်ထွေး၊ မြို့နယ်ပါတီ ကော်မတီဝင်များက သွားရောက်လှူဒါန်း ပေးကြောင်း သိရသည်။