ပြည်ခိုင်ဖြိုးပါတီ စစ်ကိုင်းတိုင်းဒေသကြီးဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်း ရွေးကောက်ပွဲအောင်နိုင်ရေး အလံတင်ပွဲနှင့် ဆိုင်းဘုတ်တင် အခမ်းအနား တက်ရောက်

 

ချောင်းဦး စက်တင်ဘာ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် စစ်ကိုင်းတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဒေါက်တာ မြင့်သိန်းသည် ယမန်နေ့ နံနက် ၆ နာရီက မုံရွာခရိုင် ချောင်းဦးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရုံး၌ ကျင်းပသည့် ၂ဝ၂ဝ အထွေထွေရွေးကောက်ပွဲ အောင်နိုင်ရေးအလံတင်ပွဲနှင့် မြို့နယ်ပါတီ အောင်နိုင်ရေး ဆိုင်းဘုတ်တင်အခမ်း အနားသို့ တက်ရောက်ခဲ့သည်။

ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီ ပါတီအောင်နိုင်ရေးဆိုင်းဘုတ်နှင့် အောင်နိုင်ရေးအလံတင် အခမ်းအနား ကျင်းပ

 

နေပြည်တော် စက်တင်ဘာ

ပြည်ထောင်စုနယ်မြေ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး၌ ယမန်နေ့ နံနက် ၈နာရီက ပါတီအောင်နိုင်ရေး ဆိုင်းဘုတ်နှင့် အောင်နိုင်ရေးအလံတင် အခမ်းအနား ကျင်းပခဲ့သည်။ အခမ်းအနားကို ရှေးဦးစွာ နိုင်ငံတော် အလံအလေးပြုပြီးနောက် ပါတီအောင်နိုင်ရေး အလံလွှင့်ထူ အလေးပြုခဲ့ကြသည်။ ယင်းနောက် ပါတီဥက္ကဋ္ဌနှင့် ဗဟို အလုပ်အမှုဆောင်အဖွဲ့ပါ အောင်နိုင်ရေးဆိုင်းဘုတ်အား စိုက်ထူ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ကျောက်ပန်းတောင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ပါတီအောင်နိုင်ရေး အလံစိုက်ထူ

 

ကျောက်ပန်းတောင်း စက်တင်ဘာ ၉

မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးတွင် ယမန်နေ့ နံနက် (၈) နာရီတွင် ပါတီအောင်နိုင်ရေး အလံစိုက်ထူခြင်း ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်းသည် ပြည်ခိုင်ဖြိုးပါတီ အောင်နိုင်ရေး အလံကိုစိုက်ထူခဲ့ပြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးတင်ဦးလွင်၊ တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ်လောင်း (၂) ဦးဝင်းမြင့်၊ တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ်လောင်း (၁) ဦးသန့်ဇော် လတ်တို့ တက်ရောက်ခဲ့ကြပြီး အခမ်းအနားကို အောင်မြင်စွာကျင်းပပြုလုပ်ခဲ့သည်။

အောင်လံမြို့နယ်တွင် ရွေးကောက်ပွဲအတွက် ကြေငြာဆိုင်းဘုတ်များအား မင်္ဂလာရှိစွာ ဆိုက်ထူ

 

၉.၉.၂၀၂၀ ရက်နေ့ နံနက် ၈ နာရီ ၁၀ မိနစ်မှ စ၍ ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲ၌ ဝင်ရောက် ယှဉ်ပြိုင်မည့် အောင်လံပြည်သူ့လွှတ်တော် မဲဆန္ဒနယ်အတွက် ကျွန်တော်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဗဟိုအတွင်းရေးမှူး ဇေယျကျော်ထင် ဦးတင်အောင်ချစ်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ဦးတင်ဝင်း၊ အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော် ဦးခင်ဆွေ၊ အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော် ဦးစန်းလွင် တို့ ဦးစီးကာ EC အဖွဲ့များနှင့်အတူ နိုင်ငံတော်အလံနှင့် ပါတီအလံများကိုလွှင့်တင်ကာ အလေးအမြတ်ထား ဂါရဝပြုခဲ့ပါတယ်။

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင် ဖျာပုံခရိုင် ရွေးကောက်ပွဲ အောင်နိုင်ရေး အလံလွှင့်တင်

 

ဖျာပုံ စက်တင်ဘာ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဖျာပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်လောင်း ဦးစိုးနိုင်သည် ဖျာပုံမြို့နယ် အထွေထွေရွေးကောက်ပွဲ အောင်နိုင်ရေး အလံအား ဖျာပုံခရိုင်ရုံးတွင် ယမန်နေ့ နံနက်ပိုင်းက လွှင့်တင်ခဲ့သည်။

ရွေးကောက်ပွဲအောင်နိုင်ရေး အလံလွှင့်တင်မှု အခမ်းအနားအား နံနက် ၈ နာရီတွင် စတင်ခဲ့ပြီး နိုင်ငံတော် သီချင်းသီဆိုပြီးနောက် ရွေးကောက်ပွဲအောင်နိုင်ရေး အလံအား ဦးစိုးနိုင်က လွှင့်တင်ခဲ့သည်။

ကောလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်ပုံပါ ဗီနိုင်းပိုစတာများ စိုက်ထူ

 

စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့ ပြည်ခိုင်ဖြိုးပါတီရုံးရှေ့ နှင့် မြို့တွင်းအရေးကြီး နေရာများတွင် စက်တင်ဘာ ၈ ရက် နံနက် ၈ နာရီမှစတင်၍ ကိုယ်စားလှယ်လောင်းများ၏ ပုံများပါ ဗီနိုင်း ပိုစတာများစိုက်ထူခဲ့သည်။

ကျော်လွင်ဦး(ကောလင်း)


နတ်မောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့မဈေးတွင် COVID – 19 ကာလ Mask များ အခမဲ့ဝေငှ

 

နတ်မောက် စက်တင်ဘာ ၉

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီက ယမန်နေ့ နံနက်ပိုင်း၌ နတ်မောက်မြို့၏ မြို့မဈေးတွင် မိဘပြည်သူများ အားCOVID–19 ကာလကာကွယ် စောင့်ရှောက်မှုအနေဖြင့်Mask များအား အခမဲ့ လိုက်လံ၍ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဇော်လတ်မိုး၏ လမ်းညွှန် ချက်များအရ မြို့နယ်ပါတီအတွင်းရေးမှူး ဒေါ်အေးမာကြူက ဦးဆောင်လျက် မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်/ကျေးပါတီဥက္ကဋ္ဌများ ပါတီဝင်များ ပူးပေါင်းကာဝေငှ ခဲ့ကြောင်း သိရသည်။ထွန်းးမှီ(နတ်မောက်)

နတ်မောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပါတီအောင်နိုင်ရေး အလံပေးအပ်

 

နတ်မောက် စက်တင်ဘာ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ၂ဝ၂ဝ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်နိုင်ရေးအလံပေးအပ်ပွဲ ယမန်နေ့ နံနက် ၈ နာရီ ၁ဝ မိနစ်က မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင်ကျင်းပခဲ့ကြောင်း သိရသည်။

ခြင်္သေ့၏ အားမာန်ဖြင့် တိုင်းပြည်ကို ပြန်လည်တည်ဆောက်ကြရန် ပြည်ခိုင်ဖြိုးပါတီ ဒုဥက္ကဋ္ဌတိုက်တွန်း

 

ကျောက်ပန်းတောင်း စက်တင်ဘာ ၈

ခြင်္သေ့၏အားမာန်ဖြင့် တိုင်းပြည်ကိုပြန်လည် တည်ဆောက်ပြီး “ပိုမိုတောက်ပသော အနာဂတ်ဆီသို့” ရောက်ရှိအောင် ကြိုးစားကြရမည်ဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်းက တိုက်တွန်းပြောကြား လိုက်သည်။

ယနေ့ ကျောက်ပန်းတောင်းမြို့နယ် ညောင်ချိုင်းတောင်ရွာတွင် ကျေးရွာပြည်သူလူထုနှင့်တွ့ဆုံရာ၌ ပြည်ခိုင်ဖြိုး ပါတီဒုတိယဥက္ကဋ္ဌ ဦးလှထွန်းကပြောကြား လိုက်ခြင်းဖြစ်သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်နိုင်ရေး အောင်လံတင်ပွဲ အခမ်းအနား ကျင်းပ

 

စက်တင်ဘာ ၉၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအောင်နိုင်ရေး အောင်လံ တင်ပွဲ အခမ်းအနားကို ၉-၉-၂၀၂၀ ရက်နေ့ နံနက် (၈)နာရီတွင် နေပြည်တော်ရှိ ပါတီဌာနချုပ်တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။