လှိုင်းဘွဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရေကြီးနစ်မြုပ်နေသော ပြည်သူများအား ဆန်နှင့်ခေါက်ဆွဲခြောက်များ ဝေငှပေး

 

လှိုင်းဘွဲ သြဂုတ် ၂၇

လှိုင်းဘွဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးမြတ်စိမ်း၊ အရွေးချယ်ခံကိုယ်စားလှယ်များ၊ ပါတီကော်မတီဝင်များ၊ လူငယ်ပါတီဝင်များသည် ယမန်နေ့ နံနက်ပိုင်းက လှိုင်းဘွဲမြို့နယ် ရွှေဂွန်းကျေးရွာ၌ ရေကြီးနစ်မြုပ်နေသော အိမ်ခြေ ၈၅ဝ အတွက် ဆန်နှင့် ခေါက်ဆွဲခြောက်များ စုစုပေါင်းတန်ဖိုး ငွေကျပ် ၃၂ သိန်း ဖိုးခန့် လက်ဝယ် အရောက် လိုက်လံဝေငှ ပေးခဲ့ကြောင်း သိရသည်။

ကျောက်ဖြူမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှMask နှင့် Face Shield များလှူဒါန်း

 

ကျောက်ဖြူ သြဂုတ်

ရခိုင်ပြည်နယ်ကျောက်ဖြူမြို့နယ် ပြည်ခိုင်ဖြိုးပါတီက ပြည်နယ်ပါတီကော်မတီဝင် ဦးသိန်းနု၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးမြလင်း၊ ခရိုင်ဘဏ္ဍာရေးမှူး ဦးခင်မောင်ကြီး၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာထင်လင်းဦး၊ မြို့နယ်ပါတီ အတွင်းရေးမှူး ဦးတင်ထွန်းနှင့် ပါတီကော်မတီဝင်များ၊ ရုံးဝန်ထမ်းများသည် ယမန်နေ့နံနက် ၈ နာရီ က စနဲမြို့နှင့် ဇင်ချောင်းအုပ်စုတို့မှ ဈေးရောင်းဈေးဝယ် သူများအား COVID-19 ရောဂါကူးစက်မှု ကာကွယ်နိုင်ရန်အတွက်Mask နှင့်Face Shield များကို သွားရောက် လှူဒါန်းခဲ့ရာ သက်ဆိုင်ရာ တာဝန်ရှိသူများက လက်ခံရ ယူခဲ့ကြကြောင်း သိရသည်။ သိန်းဖေ(မာန်အောင်)

မိုင်းယောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ (၁၃) ကြိမ်မြောက် အခြေခံစားကုန်များ ထောက်ပံ့

မိုင်းယောင်း သြဂုတ် ၂၆

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းယောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ခရိုင်ပါတီကော်မတီ ဝင်များ၊ မြို့နယ်ပါတီကော်မတီဝင်များသည် ယမန်နေ့တွင် အဖွဲ့သုံးဖွဲ့ခွဲ၍ သက်ဆိုင်ရာ ရပ်ကွက်ပါတီ ကော်မတီဝင်များနှင့် ပူးပေါင်းကာ မြို့ပေါ်ကိုးရပ်ကွက်၌ COVID ကာလအတွင်း ပြည် သူများ၏ စားဝတ်နေရေး အခက်အခဲကို အထောက်အပံ့ဖြစ်စေရန် အခြေခံမီးဖိုဆောင်သုံး စားကုန်ဖြစ်သည့် ဆီ၊ ဆား၊ အချိုမှုန့်၊ ကြက်သွန်နီများအား အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ခဲ့သည်။

ပါတီဗဟိုအလုပ်အမှုဆောင် ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌ နန်းတော်ရာတပ်ဦးကျောင်း ဆရာတော်အား ဝါဆို သင်္ကန်းဆက်ကပ်

 

နေပြည်တော် သြဂုတ် ၂၆

နေပြည်တော် ပြည်ထောင်စုနယ်မြေ ဥတ္တရခရိုင် ပုဗ္ဗသီရိမြို့နယ် ရွာတော်အုပ်စု နန်းတော်ရာတပ်ဦးကျောင်း ဆရာတော် ဦးပညာစက္က အရှင်သူမြတ်အား ယမန်နေ့ မွန်းတည့် ၁၂ နာရီတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ပြည်ထောင်စုနယ်မြေ ပါတီဥက္ကဋ္ဌ ဦးဝေလွင်သည် ဝါဆိုသင်္ကန်းနှင့် အန္တရာယ်ကင်း ကမ္မဝါစာများ ဆက်ကပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။

ပြည်ခိုင်ဖြိုးပါတီဌာနချုပ် အဋ္ဌမအကြိမ် ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

နေပြည်တော်၊ သြဂုတ် ၂၆
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်၏ အဋ္ဌမအကြိမ် ၀ါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းနှင့် နေ့ဆွမ်းဆက်ကပ်ခြင်း အလှူမင်္ဂလာအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက ပါတီဌာနချုပ်ရုံးတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြုလုပ်ခဲ့ကြသည်။
အဆိုပါအခမ်းအနားကို နမောတဿ သုံးကြိမ် ရွတ်ဆိုဖွင့်လှစ်ခဲ့ပြီး ကြွရောက်တော်မူကြသော ဆရာတော်သံဃာတော်များထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ ဆရာတော်များမှ ပရိတ်တရားတော်များ ရွတ်ဖတ်ချီြး့မှင့်ခြင်း၊ ပါတီဥက္ကဋ္ဌကြီးနှင့် ပါတီတာဝန်ရှိသူများက ၀ါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုအစုစုတို့အား ဆက်ကပ်လှူဒါန်းခြင်း၊ နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခြင်း၊ ပြုပြုသမျှသော ကောင်းမှုတို့အား ရေစက်ချ အမျှဝေခြင်းများ ဆောင်ရွက်ခဲ့ပြီးနောက် ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ဇနီး၊ ဒုတိယဥက္ကဋ္ဌဦးခင်ရီ၏ ဇနီး၊ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ဗဟိုအတွင်းရေးမှူးများဖြစ်သည့် ဒေါက်တာကျော်ကျော်ဌေး၊ ဒေါက်တာဒေါ်စန်းစန်းနွယ်၊ ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသည့် ဦးဝေလွင်နှင့်ဇနီး၊ ဦးသောင်းအေးနှင့်ဇနီး၊ ဦးသူရိန်ဇော်၊ ဦးအောင်တင်မြင့်၊ ပြောရေးဆိုခွင့်ရှိသူများနှင့် ဦးစီးရုံးအဖွဲ့ဝင်များက ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။

ကိုဗစ်ရောဂါကာကွယ်ရေးအတွက် ပြည်ခိုင်ဖြိုးမှ ငွေများလှူဒါန်း

 

၂၀၂၀ ခုနှစ်၊ သြဂုတ်လ(၂၅)ရက်နေ့တွင် ရခိုင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ Covid -19 ရောဂါကာကွယ်ရေးအတွက် အလှူငွေများ သွားရောက်လှူဒါန်းခဲ့ကြသည်။

အဆိုပါလှူဒါန်းမှုသို့ ရခိုင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက်္ကဋ္ဌ ဒေါက်တာစန်းရွှေ(ဗဟိုအလုပ်အမှုဆောင်)၊ ပြည်နယ် အတွင်းရေးမှူး ဦးသန်းဝေ (ဗဟိုကော်မတီ၀င်)နှင့် စစ်တွေမြို့နယ် ပါတီဥက်္ကဋ္ဌ ဒေါ်အေးမာခင်တို့မှ စစ်တွ ေပြည်သူ့ဆေးရုံကြီးသို့သွားရောက်ပြီး ဃဥဠှီု-၁၉ ရောဂါကာကွယ်ရေးအတွက် အလှူငွေသိန်း (၃၀)ကျပ် အား ပေးအပ်ခဲ့ရာ စစ်တွေပြည်သူ့ဆေးရုံအုပ်ကြီ ဒေါက်တာဇော်လွင်မှ လက်ခံရယူခဲ့ပြီး ပြည်နယ်ပါတီသို့ ကျေးဇူးတင် ဂုဏ်ပြုလွှာပေးအပ်ခဲ့သည်။

တပ်မတော်၊ရဲ ၊ နိုင်ငံရေးပါတီတချို့ အပါအဝင် အစိုးရ အားနည်းချက် ဝေဖန်သည့် Facebook Account များ ပိတ်သိမ်းမှု သမ္မတရုံး၏ SMMT အဖွဲ့ နှင့် Facebook ကို ကြံ့ခိုင်ရေးပါတီက အဆိုတင် မေးခွန်းထုတ်

 

ရန်ကုန်၊ ဩဂုတ် ၂၅

တပ်မတော်၊ ပြည်သူရဲတပ်ဖွဲ့၊ နိုင်ငံရေးပါတီတချို့၏ Facebook Account များ ၊ အစိုးရအားနည်းချက်ကို ဝေဖန်သည့် ပြည်သူများ၏ Facebook Account များ ပိတ်သိမ်းခံရမှုနှင့် ပတ်သက်ပြီး ကြံ့ခိုင်ရေးပါတီမှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အဆိုတစ်ရပ် တင်သွင်း၍ မေးခွန်းထုတ်လိုက်သည်။

ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဝါဆိုသင်္ကန်းဆက်ကပ် တပ်မတော်အခမဲ့ ဆေးကုသရာသို့ သွားရောက် ကြည့်ရှု့အားပေး

 

ရန်ကုန် သြဂုတ်လ

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ သီရိပျံချီဦးခင်မောင်စိုးနှင့် ဇနီး ဒေါ်နီနီ မိသားစုက ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် ဖောင်ကြီးအနောက်ကျေးရွာ သာသနာ့ရိပ်သာ ကျောင်းတိုက် (မဟာစည်ဌာနခွဲ) တွင် ယမန်နေ့ နံနက် ၁ဝနာရီက ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခဲ့သည်။

ကျိုက်ထိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မှ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း

 

ကျိုက်ထို၊ သြဂုတ် ၂၅

ကျိုက်ထိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ယမန်နေ့ညနေ ၃ နာရီတွင် ဘိုရားကြီးကျေးရွာ အင်းခွပ် ကျောင်းဆရာတော် အားဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲသို့ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဇေယျာဦး၊၊ မြို့နယ်ပါတီကော်မတီဝင် ဦးဖြိုးဝေစံ၊ ဘိုရားကြီးကျေးရွာ ရပ်ကျေးပါတီဥက္ကဌ ဦးကျော်အောင်တို့သည် အင်းခွပ်ကျောင်း ဆရာတော်အား ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းခဲ့ကြ​ပါသည်။