အောင်မြေသာစံမြို့နယ် ပြည်ခိုင်ဖြိုးပါတီက နှစ်ပေါင်း ၉ဝဝ ခန့် သက်တမ်းရှိ ရွှေရင့်မာစေတီတော်ပြုပြင်ရန် ဘိလပ်မြေအိတ်များ လှူဒါန်း

 

မန္တလေး စက်တင်ဘာ

အောင်မြေသာစံမြို့နယ် အမရဌာနီအနောက်ရပ်ကွက် အကွက် (၃၇) ရှိ ရွှေရင့်မာကျောင်းတိုက်အတွင်း တည်ထား ကိုးကွယ်ထားသော နှစ်ပေါင်း ၉ဝဝ ခန့် သက်တမ်းရှိ ရွှေရင့်မာစေတီတော်မြတ် ပြုပြင်မွမ်းမံရန် အတွက် ဘိလပ်မြေအိတ်များကို အောင်မြေသာစံမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ယမန်နေ့မွန်းတည့် ၁၂ နာရီက အဆိုပါ ကျောင်းတိုက်၌ သွားရောက်လှူဒါန်းခဲ့သည်။

တောင်ဥက္ကလာပမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ covid-19 ရောဂါကြိုတင်ကာကွယ်နိုင်ရေး Mask နှင့် လက်ဆေးဆပ်ပြာများ အခမဲ့ဖြန့်ဝေ

 

ရန်ကုန် စက်တင်ဘာ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တောင်ဥက္ကလာပမြို့နယ်မှ ဥက္ကဋ္ဌ ဦမျိုးမင်းအောင်၊ အတွင်းရေးမှူး ဒေါက်တာမျိုးအောင်၊ ဘဏ္ဍာရေးမှူး ဒေါ်မြင့်မြင့်ကြည်နှင့် ဦးတင်အောင် (အမျိုးသားလွှတ်တော် ကိုယ်စားလှယ်)၊ မြို့နယ်ပါတီကော်မတီဝင်များ အမှတ် (၁၄) ရပ်ကွက်ပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များသည် ယမန်နေ့ညနေ ၅နာရီတွင် စီမံကိန်း (၂) အတွင်းရှိ ရပ်ကွက်နေ မိဘပြည်သူများအား covid-19 ရောဂါကြိုတင်ကာကွယ်နိုင်ရေး အတွက် နှာခေါင်းစည်း (Mask) အခု ၅ဝဝ နှင့် လက်ဆေးဆပ်ပြာအတုံး ၁ဝဝ တို့ကို အိမ်ထောင်စု ၁ဝဝ အား အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။

မလှိုင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း

 

မလှိုင် စက်တင်ဘာ

မလှိုင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး၌ လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် မြို့နယ် ပါတီကော်မတီဝင်များက ယမန်နေ့ နံနက်တွင် မြို့ပေါ်နှင့် ထန်းတောဘုန်းတော်ကြီး ကျောင်းများမှ ဝါဆိုသင်္ကန်း ဆက်ကပ်ရန် ကျန်ရှိသောသံဃာတော်များထံ ဝါဆိုသင်္ကန်းနှင့် နေ့ဆွမ်းဆက်ကပ် လှူဒါန်းခြင်းများ ပြုလုပ် ခဲ့ကြောင်း သိရသည်။


ဒလမြို့နယ် ပြည်ခိုင်ဖြိုးပါတီ Mask Campaign ပြုလုပ်

 

ရန်ကုန် စက်တင်ဘာ

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ဒလမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမြို့နယ် အလုပ် အမှုဆောင်များမှ ဦးဆောင်၍ ယမန်နေ့ နံနက် ၈ နာရီက နှာခေါင်းစည်းများ တပ်ဆင်ရေးလှုပ်ရှားမှု Mask Campaign ပြုလုပ်ခဲ့သည်။

ကျိုက်ထိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီ COVID-19 ကာလအဆင်ပြေရေးအတွက်ပစ္စည်းများထောက်ပံ့လှူဒါန်း

 

ကျိုက်ထို၊ စက်တင်ဘာ ၃

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကျိုက်ထိုမြို့နယ် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဇေယျာဦး၊ အတွင်ရေးမှူး ဦးကြည်စိုး၊ လူငယ်ရေးရာ တာ၀န်ခံ ဦးဖြိုးဝေစံနှင့် လူငယ်အဖွဲ့များသည် ယမန်နေ့က ကျိုက်ထိုမြို့နယ် တောင်ပိုင်းရပ်ကွက် တိုးချဲ့တွင် ယနေ့နံနက်ပိုင်း အိမ်ထောင်စု ၅၅စု အတွက် COVID-19 ကာလ မိသားစုများ အဆင်ပြေနိုင်စေရေး အတွက် ဆန်၊ ဆီ တို့ကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ရေကြည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကွန်ကရစ်လမ်းခင်းရန် အလှူငွေများ လှူဒါန်း

 

ရေကြည် စက်တင်ဘာ

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ တောင်လယ် သုသာန်လမ်းကွန်က ရစ်ခင်းရန် ယမန်နေ့ နံနက် ၁၁ နာရီက ကရုဏာ လူမှုကူညီရေး အသင်းရုံးသို့ သွားရောက်ကာ အလှူငွေများ ထည့်ဝင်လှူဒါန်းခဲ့ကြောင်း သိရသည်။

မိုးနဲမြို့ပြည်ခိုင်ဖြိုးပါတီမှ နမ့်မော်ဆွမ့် အလကကျောင်းသို့ လက်ဆေးဘေစင်နှင့် နှာခေါင်းစည်းများ လှူဒါန်း

 

မိုးနဲ စက်တင်ဘာ

ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက အမှတ် (၂) အခြေခံပညာ အလယ်တန်းကျောင်း နမ့်မော်ဆွမ့်ကျေးရွာရှိ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများ အသုံးပြုနိုင်ရန်အတွက် လက်ဆေးဘေစင်နှင့် နှာခေါင်းစည်းများကို ယမန်နေ့ မွန်းလွဲပိုင်းက သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကျေးရွာတွင် ပါတီဆိုင်းဘုတ်တင်

 

မြစ်သား စက်တင်ဘာ

မြစ်သားမြို့နယ် ကျွဲတပ်ကျေးရွာအုပ်စု ရွှေကုန်းကျေးရွာ ပါတီကော်မတီဝင် ဦးဝင်းဇော်နေအိမ်၌ ယမန်နေ့ နံနက် ၈ နာရီက မြို့နယ်ပါတီဥက္ကဋ္ဌ ဦးအောင်ကြည်၊ ရပ်ကျေးပါတီဥက္ကဋ္ဌ ဦးမြင့်ဇော်တို့က အမွှေးနံ့သာရည်ပက်ဖျန်း၍ ပါတီဆိုင်းဘုတ် တင်ခြင်းကို အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရသည်။

အောင်မြေသာစံမြို့နယ် ပြည်ခိုင်ဖြိုးပါတီက မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် သက်ကြီးဘိုးဘွားများအား ကူညီထောက်ပံ့

 

မန္တလေး စက်တင်ဘာ

အောင်မြေသာစံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်အတွင်းရှိ အမရဌာနီ အရှေ့အမရ ဌာနီအနောက်နှင့် ညောင်ကွဲရပ်ကွက်များအတွင်း နေထိုင်သော အသက် (၈၅နှစ်) အထက် သက်ကြီး ဘိုးဘွားများကို ယမန်နေ့ နံနက် ၁ဝ နာရီမှ မွန်းတည့် ၁၂ နာရီအထိ မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ အိမ်တိုင်ရာရောက် လှည့်လည် ပူဇော်ကန်တော့၍ အလှူငွေနှင့်စား သောက်ဖွယ်ရာပစ္စည်းများကို ထောက်ပံ့ကူညီလျက်ရှိသည်။

အောင်မြေသာစံမြို့နယ် ပြည်ခိုင်ဖြိုးပါတီက COVID-19 ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ဈေးနှင့်ရပ်ကွက်အတွင်း Mask များအခမဲ့ဖြန့်ဝေ

 

မန္တလေး စက်တင်ဘာ

အောင်မြေသာစံမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ COVID-19 ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် မြို့နယ်အတွင်းရှိ အမရဌာနီ အနောက်ရပ်ကွက် သူရဲဈေးနှင့် ရပ်ကွက်အတွင်း သွားလာနေထိုင် လျက်ရှိသော ဈေးသည်များ၊ ဈေး ဝယ်များနှင့် ရပ်ကွက်နေပြည်သူ များအား ယမန်နေ့ နံနက် ၉ နာရီမှ မွန်းတည့် ၁၂နာရီအထိ Mask များအခမဲ့ ဖြန့်ဝေလှူဒါန်းခဲ့သည်။