
အောက်တိုဘာ ၃၁
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တတိယအကြိမ် ပါတီညီလာခံ အတွေ့အကြုံရှင်းလင်းပွဲကို ယနေ့နံနက် ၁၀ နာရီ အချိန်က တွံတေးခရိုင် ဆိပ်ကြီးခနောင်တိုမြို့နယ် ရပ်ကွက်စည်းရုံးရေးမှူးအိမ်၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် ပြည်ခိုင်ဖြိုးပါတီ တွံတေးခရိုင်ဥက္ကဌ ဦးကျော်ဇင်ဟိန်းမှ အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ဥက္ကဌ ဒေါ်အေးအေးမြင့်မှ တတိယအကြိမ်ပါတီညီလာခံ အတွေ့အကြုံအား ရှင်းလင်းပြောကြားခဲ့သည် ၄င်းရှင်းလင်းပွဲအခမ်းအနားအား နံနက် ၁၁နာရီခွဲအချိန်၌ ပြီးဆုံးခဲ့ကြောင်း သိရသည်။












