
ကျောက်ဆည် ၊ နိုဝင်ဘာ ၁၄ ရက်
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွ့ဖြိုးရေးပါတီမှ ကျင်းပပြုလုပ်သော အမျိုးသမီးရေးရာစကားဝိုင်းနှင့် ဘက်စုံသုံးဆပ်ပြာဆီသင်တန်းအား ယနေ့နံနက် (၉:၃၀)အချိန်က ကျောက်ဆည် မြို့နယ်၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုပါတီကော်မတီဝင် ဒေါ်လှလှအေး၊ မန္တလေးတိုင်းဒေသကြီး တိုင်းပါတီကော်မတီဝင် ဘဏ္ဍာရေးမှုး ဒေါ်သီဂီအောင်၊ အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်သန်းသန်းအေး၊ ဒေါ်ဝါဝါလှိုင် တို့မှ မျက်မှောက်မြန်မာ့နိုင်ငံရေး အခြေအနေများအား ဦးဆောင် ဆွေးနွေးခဲ့ကြသည်။















