ရန်ကုန်အရှေ့ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီကော်မတီအဖွဲ့နှင့် မြို့နယ် ၁၄ မြို့နယ်မှ ဥက္ကဌများ တွေ့ဆုံ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန်။   ။ စက်တင်ဘာ (၂၁)

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ပြည်ထောင်စု ကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကော်မတီအဖွဲ့နှင့် အရှေ့ပိုင်းခရိုင် အတွင်းရှိမြို့နယ် ၁၄ မြို့နယ်မှ ဥက္ကဌများတွေ့ဆုံလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ (၂၁.၉.၂၀၂၂) နေ့လည်ပိုင်းက အရှေ့ပိုင်းခရိုင်ပြည်ခိုင်ဖြိုးပါတီရုံး၌ ကျင်းပခဲ့ပါသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

တောင်ကြီး စက်တင်ဘာ ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်၊ ပြည်နယ်အတွင်းရေးမှူး၊ ပြည်နယ်ကော်မတီဝင်များ၊ ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ၊ ခရိုင်၊ မြို့နယ်ဥက္ကဋ္ဌများနှင့် Zoom Meeting ဖြင့် လပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ကျင်းပပြီး ပါတီဌာနချုပ် လမ်းညွှန်ချက်များနှင့်ရှေ့လုပ်ငန်းစဉ်များအား ဆွေးနွေးခဲ့ပါသည်။


မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင် ပါတီကော်မတီ ရွေးချယ်ဖွဲ့စည်းခြင်းအခမ်းအနားကျင်းပ

မန္တလေး-စက်တင်ဘာ ၂၀

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ သပိတ်ကျင်းခရိုင်ပါတီကော်မတီ ရွေးချယ်ဖွဲ့စည်းခြင်းအခမ်းအနားအား ယနေ့နံနက်(၁၀)နာရီအချိနိတွင် မန္တလေးတိုင်းဒေသကြီး ပါတီရုံးခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။ အခမ်းအနားအား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဌ ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးညွန့်ဆောင်၊ တိုင်းဒေသကြီး ပါတီကော်မတီဝင်များဖြစ်ကြသော ဦးတင့်လွင်ဦး၊ ဦးမြတ်သူ၊ ဒေါ်ဝါဝါလှိုင်တို့မှ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ကြပါသည်။

ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင်အစည်းအဝေး (၅/၂၀၂၂) အတွေ့အကြုံရှင်းလင်းပွဲ ပြည်ထောင်စုနယ်မြေ ပါတီပြုလုပ်

စက်တင်ဘာ ၂၀၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့ထိ ပြုလုပ်ခဲ့သော ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေး (၅/၂၀၂၂) အတွေ့အကြုံရှင်းလင်းပွဲကို ၂၀-၉-၂၀၂၂ ရက်နေ့ နံနက် ၀၉:၀၀ နာရီအချိန်တွင် ပြည်ထောင်စုနယ်မြေ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပါတီရုံးရှိ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ပါသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

အုတ်တွင်း စက်တင်ဘာ ၁၉

၁၉-၉-၂၀၂၂ နေ့တွင် အုတ်တွင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ကော်မတီ အဖွဲ့ဝင်များလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ပါသည်။


မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင် ပါတီကော်မတီ ရွေးချယ်ဖွဲ့စည်းခြင်းအခမ်းအနားကျင်းပ

မန္တလေး-စက်တင်ဘာ ၁၉

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမရပူရခရိုင်ပါတီကော်မတီ ရွေးချယ်ဖွဲ့စည်းခြင်းအခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပါတီရုံးခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားအား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဌ ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးညွန့်ဆောင်၊ တိုင်းဒေသကြီး ပါတီကော်မတီဝင်များဖြစ်ကြသော ဦးမျိုးမြင့်၊ ဦးသိန်းထွန်းဦး၊ ဒေါ်ဝါဝါလှိုင်တို့မှ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ကြပါသည်။

မိုးညှင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ အဝတ်စားများထောက်ပံ့လှူဒါန်း

မိုးညှင်း စက်တင်ဘာ ၁၈

ယနေ့နံနက်(၁၀)နာရီအချိန် ကာဒူကျေးရွာအုပ်ချုပ်ရေးမှူးအိမ်၌  မိုးညှင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ခရိုင်အတွင်းရေးမှူး ဦးခိုင်ဇော်ထွန်း မြို့နယ်အတွင်းရေးမှူး ဦးဇော်ဝင်းမြို့နယ်ကော်မတီဝင် မစန်းစန်းဝင်း ရပ်ကျေးပါတီအဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးမှူးတို့မှ  ကာဒူကျေးရွာရှိ အဆင်မပြေဖြစ်နေသည့် အိမ်ထောင်စု (၂၄)စုအတွက် အဝတ်အစားများ ထောက်ပံ့လှူဒါန်းခဲ့ကြပါသည်။


အလှူငွေ(၃)သိန်းလှူဒါန်း

လားရှိုး စက်တင်ဘာ ၁၇

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ပြည်ခိုင်ဖြိုးပါတီရုံး၌ ပန်းဟုန်ကျေးရွာအုပ်စု ကျေးခွမ်ကျေးရွာ ဘုရားကျောင်းခန်းမ ပြုလုပ်ရာတွင် အောက်အခင်းခင်းရန်အတွက် အလှူငွေကျပ်(၃)သိန်းအား ပြည်နယ် ဥက္ကဋ္ဌဒေါက်တာမျိုးထွန်းမှ သက်ဆိုင်ရာတာဝန်ရှိသူထံ ပေးအပ်လှူဒါန်းခဲ့ပါသည်။


အလှူငွေသိန်း(၃၀)မတည်လှူဒါန်း

မိုးမိတ် စက်တင်ဘာ ၁၇

မိုးမိတ်မြို့နယ် လက်ခုတ်တန်းရပ်ကွက်ရှိ ဂူတော်သစ်မြတ်စွာဘုရားဝန်းအတွင်း သုဓမ္မာဇရပ် ဆောက်လုပ်ရန် အတွက် မိုးမိတ်ခရိုင်ပါတီဥက္ကဋ္ဌဦးစိုးမြင့် မိသားစုမှ မတည်အ​လှူငွေ ၃၀၀၀၀၀၀ိ(သိန်းသုံးဆယ်တိတိ) လှူဒါန်းခဲ့ပါသည်။


ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီမိသားစုမှ ဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်း

ညောင်လေးပင် စက်တင်ဘာ ၁၇

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့နယ်ပါတီမိသားစုမှ ဝါဆိုသင်္ကန်းဆပ်ကပ်ပူဇော်ပွဲအား  စက်တင်ဘာ ၁၇ရက်နေ့နံနက်ပိုင်းက မြို့နယ်ပါတီအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ ပင့်လှောက်ထားသော ဆရာတော်သံင်္ဃာတော်များအား မြို့နယ်ပါတီဥက္ကငှ ဦးမြင့်စိုး ၏ ပါတီကော်မတီ၀င်များ မြို့မိမြို့ဖများ ပရဟိတလူမူရေးအသင်းအဖွဲ့များ ရပ်ကျေးကော်မတီ၀င်များ တက်ရောက်ခဲ့ပါသည်။ ရှေ့ဦးစွာဆရာတော်ထံမှ ငါးပါးသီလကတော့ချိုးဖြင့် ငါးပါးသီလဆောက်တည် ကန်တော့ခဲ့ ပြီးနောက် ဝါဆိုသင်္ကန်း နှင့်လှူဖွယ်၀တ္တူများ နေဆွမ်းများ ဆပ်ကပ်လှူဒါန်းခဲ့ကြပါသည်။