
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရန်ကုန်တိုင်းဒေသကြီး ၊ ဗိုလ်တထောင် ခရိုင်ကော်မတီနှင့် မြို့နယ် ကော်မတီများ လုပ်ငန်းညှိနှိုငးအစည်းအဝေးကို နေ့လည် ( ၀၃:၃၀) က မဂ်လာတောင်ညွန့်မြို့နယ် ပါတီရုံးခန်းမ တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြည်ခိုင်ဖြိုးပါတီ ဗဟို အရန်ကော်မတီဝင် ဗိုလ်တထောင် ခရိုင်ပါတီဥက္ကဌ ဦးညဏ်ဝင်းထိုက်၊ အတွင်းရေးမှုး ဒေါ် လဲ့လဲ့အေး နှင့် ခရိုင် အလုပ်အမှုဆောင်များ ၊ ဗိုလ်တထောင်ခရိုင် အတွင်းရှိ မြို့နယ် (၅) မြို့နယ်မှ မြို့နယ်ပါတီ ကော်မတီဝင်များ တက်ရောက်ကြပါသည်။









