ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ စတုတ္ထအကြိမ်မြောက် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့ ပါတီဒုတိယဥက္ကဋ္ဌ ဦးလှထွန်းတက်ရောက်


ဇူလိုင် ၂၁၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးအတွက် နှစ်စဉ်သစ်ပင် စိုက်ပျိုးပွဲများအား ကျင်းပပြုလုပ်ခဲ့ပြီး စတုတ္ထအကြိမ်မြောက်ဖြစ်သည့် ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ဇူလိုင်လ ၂၁ ရက်နေ့ နံနက် ၈ နာရီအချိန်တွင် ပြည်ထောင်စုနယ်မြေ(နေပြည်တော်)ရှိ ပြည်ခိုင်ဖြိုးပါတီ ဌာနချုပ်ဝန်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ပြည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ဇူလိုင် ၁၇၊  ပြည်

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ပြည်ခရိုင်၊ ပြည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ကော်မတီအဖွဲ့ အစည်းအဝေးကို ၁၇-၇-၂၀၂၂ ရက်နေ့တွင် တိုင်းပါတီရုံး၌ ကျင်းပရာ တိုင်းပါတီ အတွင်းရေးမှူး ဦးကျော်ကျော်လင်း၊ ပြည်ခရိုင် ပါတီဥက္ကဌ ဒေါ်ဆွေဆွေသင်း တို့တက်ရောက်ပြီး တင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

 

(၇၅)နှစ်မြောက် အာဇာနည်နေ့ အားဂုဏ်ပြုသော အားဖြင့် ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုး ပါတီဝင်များ စုပေါင်းသွေးလှူ ဒါန်းပွဲ ကျင်းပ

ရန်ကုန် ။ ။ဇူလှိုင် (၁၉)

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဦးဆောင်ကြီးမှူး၍ မြောက်ပိုင်းခရိုင် ပါတီဝင်များမှ  (၇၅)နှစ်မြောက် အာဇာနည်နေ့ အားဂုဏ်ပြုသော အားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲအား ယနေ့နံနက် ( ၈ )နာရီက ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ် ဆရက(၁)(၁၀၀၀)တပ်မတော် ဆေးရုံရှိ သွေးလှူဘဏ်တွင်ကျင်းပ ခဲ့ကြောင်း သိရသည်။

ပြည်နယ်အမျိုးသမီးရေးရာတာဝန်ခံနှင့်ခရိုင်၊ မြို့နယ်အမျိုးသမီးရေးရာတာဝန်ခံများ video conferenceing စနစ်ဖြင့် တွေ့ဆုံဆွေးနွေး

တောင်ကြီး ဇူလိုင် ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပြည်ခိုင်ဖြိုးပါတီ ပြည်နယ် အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်ဆိုင်နွမ်းနှင့် ရှမ်းပြည်နယ် တောင်ပိုင်းရှိ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာ တာ၀န်ခံများ video conferenceing စနစ်ဖြင့် ပါတီ၏ ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးခဲ့ကြောင်းသိရပါသည်။

 


တပ်ကုန်းမြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီ မြို့နယ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

တပ်ကုန်း ဇူလိုင် ၂၀

ယနေ့နံနက် (၁၀)နာရီအချိန်က တပ်ကုန်းမြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီရုံးအစည်းအဝေးခန်းမ၌ မြို့နယ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးပြုလုပ်ကျင်းပခဲ့ပါသည်။

ယင်းအစည်းအဝေးကိုဗဟိုကော်မတီဝင်တပ်ကုန်းမြို့နယ်တာဝန်ခံ ဦးကျော်ကျော်လတ်၊ ခရိုင်ပါတီ အတွင်းရေးမှူး နှင့် ကော်မတီဝင်များ၊ မြို့နယ်ပါတီ ဥက္ကဌ နှင့် ကော်မတီဝင် များစုံညီစွာတက်ရောက်ခဲ့ကြကြောင်းသိရပါသည်။

 


ပေါက်ခေါင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဇူလိုင် ၂၀၊ ပေါက်ခေါင်း

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ကော်မတီဝင်များ အစည်းအဝေးကို ၂၀-၇-၂၀၂၂ ရက်နေ့ နံနက်ပိုင်းတွင် မြို့နယ်ပါတီရုံး၌ ကျင်းပခ​ဲ့ရာ တိုင်းပါတီကော်မတီဝင် ဦးမျိုးအောင်၊ ပြည်ခရိုင်ပါတီဥက္ကဌ ဒေါ်ဆွေဆွေသင်း တို့တက်ရောက်ပြီး တင်ပြချက်များ အပေါ် ညှိနှိုင်းဆောင်ရွက်ပေးခ​ဲ့ကြောင်း သတင်းရရှိပါသည်။


ဝါဆိုသင်္ကန်းနှင့်နေ့ဆွမ်းဆက်ကပ်လှူဒါန်း

ဗန်းမော် ဇူလိုင် ၂၀

ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့ ပြည်ခိုင်ဖြိုးပါတီရုံး၌ ပါတီနာယက၊ ပြည်နယ်အရံ ကော်မတီဝင်(ဗန်းမော်မြို့)တာဝန်ခံ၊ ခရိုင်၊မြို့နယ်ဥက္ကဌ၊အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ ရုံးအဖွဲ့များပါဝင်၍ ဝါဆိုသင်္ကန်းနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပါသည်။

 


ဝါဆိုသင်္ကန်းနှင့်နေ့ဆွမ်းဆက်ကပ်လှူဒါန်း

ရန်ကင်း ဇူလိုင် ၂၀

ရန်ကင်းမြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးနှင့်ကော်မတီဝင်များမှ ဆရာတော် သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့်နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။


ပြင်ဦးလွင်ပြည်ခိုင်ဖြိုးက (ဆဌမ)အကြိမ်ဗဟိုကော်မတီအစည်းဝေးအတွေ့အကြုံရှင်းလင်း

ပြင်ဦးလွင် ဇူလိုင် ၁၈

ပြင်ဦးလွင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ဆဌမ)အကြိမ်ဗဟိုကော်မတီအစည်းဝေး၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ် ထပ်ဆင့်ရှင်းလင်းပွဲနှင့် မြို့နယ်ကော်မတီဝင်များလပတ်ညှိနိုင်းတွေ့ဆုံပွဲကို ဇူလိုင်လ ၁၇ ရက်က ကျင်းပပြုလုပ်ခဲ့သည်။


လေးမျက်နှာ ပြည်ခိုင်ဖြိုးက အာဇာနည်နေ့အထိမ်းအမှတ် ဝါဆို သင်္ကန်းကပ်လှူ

လေးမျက်နှာ ဇူလိုင်၊၁၉

၇၅ နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ဗိုလ်ချုပ်အောင်ဆန်းနှင့်အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူးကာ လေးမျက်နှာမြို့နယ် ပြည်ခိုင်ဖြိုးပါတီက ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများ လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။