
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ဗဟိုအလုပ်အမှုဆောင် ဦးမြင့်စိုးနှင့်အတူ ၂၁ ရက်နေ့အစည်းအဝေးတွင် လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် လူကိုယ်တိုင်မတက်ရောက် နိုင်သည့် ကျန်ရှိသော စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင် (၅)ခရိုင်၊ မြို့နယ် (၁၁)မြို့နယ်မှ ပါတီတာဝန် ရှိသူများအား Zoom Meeting ဖြင့် တွေ့ဆုံဆွေးနွေးမှုကို ၂၂-၁၁-၂၀၂၂ ရက်နေ့ ညနေ ၁၅၄၅ အချိန်မှ ၁၇၀၀ အချိန်ထိ တိုင်းဒေသကြီးပါတီရုံးခန်းမ၌ ထပ်မံပြုလုပ်ခဲ့ပါသည်။











