
ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မင်္ဂလာဒုံခရိုင်မှဦးစီး၍ ခရိုင်အတွင်းရှိ လူငယ် တာဝန်ခံများ၊ ပါတီဝင်လူငယ်များပါဝင်သည့် လူငယ်တွေ့ဆုံပွဲနှင့် လူငယ်စကားဝိုင်းကို မဂ်လာဒုံခရိုင် မင်္ဂလာဒုံ မြို့နယ် ပါတီရုံးတွင် မွန်းလွဲ (၁၄:၀၀ မှ၁၆:၃၀) နာရီအချိန်အထိ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ အဆိုပါ တွေ့ဆုံပွဲတွင် လူငယ်များ၏ အမြင်သဘောထားများ၊ အခြားသော လိုအပ်ချက်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြကြောင်း သိရှိရသည်။












