စဉ့်ကိုင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ခရိုင် မြို့နယ်ပါတီအဖွဲ့နှင့်ရပ်ကျေးပါတီကော်မတီများတွေ့ဆုံပွဲနှင့်ဆန် ဆီ ထောက်ပံ့ ပေးအပ့်ခြင်းအခမ်းအနား

(၁၉.၁၁.၂၀၂၂)ရက်နေ့ နံနက်(၉)နာရီအချိန်တွင် စဉ့်ကိုင်မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး‌ရေးပါတီရုံး၌ ခရိုင် မြို့နယ်ပါတီအဖွဲ့နှင့်ရပ်ကျေးပါတီကော်မတီများတွေ့ဆုံပွဲကျင်းပခဲ့ပါသည်။ တွေ့ဆုံပွဲတွင် ခရိုင်ပါတီဥက္ကဌ ဦးအောင်မြင့်သန်းမှအဖွင့်အမှာစကား ပြောကြားကာ ဆက်လက်ဆောင်ရွက်ရမည် ရှေ့လုပ်ငန်းစဉ်များအား ဆွေးနွေးပြီး မြို့နယ်ပါတီဥက္ကဌဦးထွန်းထွန်းနိုင်မှ ရက် ၉၀ စီမံချက်လုပ်ငန်းများရှင်းလင်းကာ တက်ရောက် လာကြသော ရပ့်ကျေးကော်မတီဝင်များကလိုအပ်သည်များကိုပြန်လည်ဆွေးနွေးတင်ပြကြသည်။ တက်ရောက်လာ ကြသောရပ့်ကျေးပါတီကော်မတီဝင် ၁၂၀ ဦးအား ဆန် ၂ပြီဆီ၅၀သားစီ ထောက်ပံပေးအပ့်ခဲ့ပါသည်။

ကျိုက်ထိုခရိုင်ပါတီအတွင်း ရက် ၉၀ စီမံကိန်းရှင်းလင်း

ကျိုက်ထိုခရိုင်ပါတီကော်မတီ ၃ လတာကာလရက် ၉၀ စီမံချက်အားရှင်းလင်းခြင်းနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပခြင်းအားယနေ့  ၁၉.၁၁.၂၀၂၂ ရက်နေ့နံနက် ၁၀း၀၀ မှ ၁၁း၃၀အချိန်ထိ ကျိုက်ထိုခရိုင်ပါတီရုံး၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ဗဟိုကော်မတီဝင်​ပြည်နယ် အလုပ်အမှု​​ဆောင်ဦးဌေးလွင်၊ ခရိုင်ပါတီဥက္ကဌ ဦးဇေယျာဦး၊ အတွင်းရေးမှုး ဦးစိုးမင်းစမ်းနှင့်ခရိုင်ကော်မတီဝင်များ၊ ဘီးလင်းမြို့နယ်ပါတီဥက္ကဌ ဦးကျော်ဇေယျာမင်း နှင့် ကျိုက်ထို မြို့နယ်ပါတီအတွင်းရေးမှုးဦးကြည်စိုးတို့တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် ဗဟိုကော်မတီ ဝင်​ပြည်နယ် အလုပ်အမှု​ဆောင်ဦးဌေးလွင်၊ ခရိုင်ပါတီဥက္ကဌနှင့်တက်ရောက်လာ သူများက တစ်ဦးချင်းခင်မင် ရင်းနှီးစွာ မိတ်ဆက် စကားပြောကြားခြင်းနှင့် ခရိုင်ပါတီဥက္ကဌက ၃ လတာရက်(၉၀)စီမံချက်အား ရှင်းလင်း ပြောကြားပြီး တက်ရောက်လာ သူများကဆောင်ရွက်ရမည့် အခြေအနေများအားပြန်လည် ဆွေးနွေးပြောကြား ခဲ့ကြသည်။  ထို့နောက် ခရိုင်ပါတီ ကော်မတီဝင်များအား ရေးရာအလိုက်တာဝန်များ ခွဲဝေအပ်နှင်းခြင်းတို့အား ပြုလုပ်ခဲ့ ကြကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ရပ်ကွက်၊ကျေးရွာပါတီကော်မတီဝင်များနှင့် တွေ့ဆုံ

ဧရာဝတီတိုင်းဒေသကြီး၊မော်လမြိုင်ကျွန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီရုံး အစည်းအဝေး ခန်းမတွင် ခရိုင်၊ မြို့နယ်ပါတီကော်မတီများ နှင့် မြို့နယ်အတွင်းရှိ ရပ်ကွက်၊ကျေးရွာပါတီ ကော်မတီ ဝင်တို့၏ လုပ်ငန်းညှိနှိုင်းဆွေးနွေးခြင်း၊ (၃) လတာ ကာလ ရက် (၉၀) စီမံချက်ပါ ပါတီလုပ်ငန်းစဉ်များအား တွေ့ဆုံ ဆွေးနွေးမှုများကို နံနက် ၉ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြပါသည်။

သနပ်ပင်မြို့နယ်ပါတီဥက္ကဌ နယ်မြေကွင်းဆင်းဆွေးနွေး

ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌဦးတင်မျိုးဝင်းနှင့်အဖွဲ့သည် နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက်ပိုင်းက အပိုင်ကျေးရွာနှင့်လှဇင်းဘောင်ကျေးရွာ သို့သွားရောက်၍ ပါတီဝင်များ ရပ်မိ ရပ်ဖများနှင့်တွေ့ဆုံဆွေးနွေးခဲ့သည်

တွေ့ဆုံပွဲတွင်မြို့နယ်ပါတီ၏လုပ်ငန်းဆောင်ရွှက်နေမှု PRစနစ် ပါတီ၏ပြုပြင်ပြောင်းလဲနေမှု တိုင်းပါတီဥက္ကဌ၏ လုပ်ငန်းလမ်းညွန် မှာကြားမှု ရက် ၉၀ လုပ်ငန်းစီမံချက်များ ပါတီဝင်မြေပြင် အမှန်စာရင်းရရှိရန် လုပ်ဆောင် ရမည့်ကိစ္စရပ်များ အမျိုးသမီးရေးရာ လူငယ်ရေးရာကိစ္စရပ်များအားတွေ့ဆုံချပြရှင်းလင်းခဲ့သည်။ ရှင်းလင်း ဆွေးနွေးချက် များအပေါ်တက်ရောက်လာသူများမှ ပြန်လည်မေးမြန်းဆွေးနွေးခဲ့ပြီး အကြံပြုချက် လိုအပ်ချက်များ အားတင်ပြခဲ့ပြီး တင်ပြချက်များအပေါ်ပါတီတာဝန်ရှိသူများမှပြန်လည်ညှိနှိုင်းပေါင်းစပ်ဆောင်ရွှက်ခဲ့သည် ။

ဒိုက်ဦးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးပါတီဝင်အမာခံများနှင့်တွေ့ဆုံ

ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌဦးမင်းအောင် နှင့်မြို့နယ် ပါတီတာဝန်ရှိသူများသည် နိုဝင်ဘာလ ၂၀ ရက်နေ့နံနက်ပိုင်း မြို့နယ်အတွင်းရှိ အုတ်ရှစ်ကုန်းကျေးရွာ အုပ်စု တာဂွကျေးရွာရှိ ပါတီတာဝန်ရှိသူများ အမာခံပါတီဝင်များနှင့်ကွင်းဆင်းတွေ့ဆုံဆွေးနွေးခဲ့သည် ။ တွေ့ဆုံခဲ့ရာတွင် ပါတီ၏ပြုပြင်ပြောင်းလဲနေမှု တိုင်းပါတီဥက္ကဌ၏လမ်းညွန်မှာကြားမှု PRစနစ် ဗဟိုညီလာခံအတွေ့အကြုံ ပါတီဗဟို ၊ တိုင်း ၊ ခရိုင် ၊ မြို့နယ်ပါတီ၏လုပ်ငန်းဆေယင်ရွှက်နေမှု ရက် ၉၀ လုပ်ငန်းစီမံချက်အောင်မြင်စွာဆောင်ရွှက်နိုင်ရေး ပါတီ၏ရပ်တည်ချက် နိုင်ငံရေးသဘောထားများအား ချပြရှင်းလင်းခဲ့သည် ။

ရန်ကုန်တိုင်းဒေသကြီး ၊ လှည်းကူးခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ခရိုင်ကော်မတီ / မြို့နယ် ကော်မတီ ဝင်များ အမျိုးသမီးရေးရာ ၊ လူငယ်ရေးရာ အဖွဲ့များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

တောင်ငူမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပါတီဝင်များနှင့်တွေ့ဆုံ

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေပါတီ နှင့် ကေတုမတီမြို့သစ် မြို့ ၊ မင်းကြီးဆွေရပ်ကွက်ရှိပါတီဥက္ကဌ ၊ပါတီဝင်များနှင့်တွေ့ဆုံဆွေးနွေးပွဲအား နိုဝင်ဘာလ ၂၀ရက်နေ့ နံနက်ပိုင်းက ကွင်းဆင်းတွေ့ဆုံခဲ့သည် ။ နယ်မြေကွင်းဆင်းတွေ့ဆုံရာသို့ ဗဟိုကော်မတီဝင် တိုင်းဒေသကြီးပါတီကော်မတီဝင် ဒေါ်နီနီမာ ၊ တောင်ငူမြို့နယ်ပါတီဥက္ကဌဦးသန်းစိုး နှင့်မြို့နယ်ပါတီတာဝန်ရှိသူများလိုက်ပါပြီး ဆွေးနွေးပွဲသို့ ရပ်ကွက်အတွင်းရှိပါတီဝင်များ စစ်မှူ့ထမ်းဟောင်းများတက်ရောက်ခဲ့ကြပြီး ပါတီတာဝန်ရှိသူများမှ ပါတီ ဗဟို ညီလာခံအတွေ့အကြုံကိစ္စရပ်များ ပါတီ၏ပြုပြင်ပြောင်းလဲမှု ပါတီ၏နိုင်ငံရေးသဘောထားရပ်တည်ချက်များ တိုင်းပါတီဥက္ကဌ၏လမ်းညွန်မှာကြားမှု ရက်ပေါင်း ၉၀ လုပ်ငန်းကာလစီမံချက်များ PRစနစ်အကြောင်း ၊အမျိုးသမီး ရေးရာ ၊ လူငယ်ရေးရာကော်မတီစသည့်ကော်မတီများဖွဲ့စည်းနေမှု ဗဟို ၊ တိုင်း၊ ခရိုင် ၊ မြို့နယ်ပါတီ၏ လှုပ်ရှားဆောင်ရွှက်နေမှုများအားဆွေးနွေးတင်ပြခဲ့သည် ။

ရွှေကျင်မြို့နယ် ပြည်ခိုင်ဖြိုးမြို့နယ်ကော်မတီဝင်များအစည်းအဝေးပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ မြို့နယ်ပါတီကော်မတီဝင်များ တွေ့ဆုံဆွေးနွေးပွဲအား နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည် ။ ရှေးဦးစွာမြို့နယ်ပါတီဥက္ကဌ ဦးဇော်ဝင်းမှ တိုင်းပါတီဥက္ကဌ၏ ရက်ပေါင်း ၉၀ လုပ်ငန်းစီမံချက်၏လုပ်ငန်းကိစ္စရပ်များဆောင်ရွှက်နေမှု နယ်မြေတာဝန်ခံများအလိုက်ဆောင်ရွှက်ရမည့်လုပ်ငန်းများ တွေ့ဆုံဆွေးနွေးဆွေးနွေးခဲ့ပြီး တက်ရောက်လာ ကြသော မြို့နယ်ပါတီကော်မတီဝင်များမှ မိမိတို့နယ်မြေအလိုက် ဆောင်ရွှက်ထားရှိမှုများ အားပြန်လည် ဆွေးနွေး တင်ပြ ခဲ့သည် ။ တင်ပြဆွေးနွေးချက်များအပေါ်ပေါင်းစပ်ညှိနှိုင်းခဲ့ပြီး ရှေ့လုပ်ငန်းစဉ်များ အားချမှတ်နိုင်ခဲ့သည် ။

အမရပူရခရိုင်ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲအခမ်းအနားကျင်းပပြုလုပ်

(၂၀-၁၁-၂၀၂၂)ရက်နေ့ နံနက်(၉)နာရီအချိန်တွင် အမရပူရခရိုင်ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တင်ပွဲအခမ်းအနားအား အမရပူရခရိုင်ပါတီရုံးတွင်ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးမျိုးမြင့်၊ ဦးကျော်စန်း၊ ဦးသိန်းထွန်းဦး၊ အမရပူရခရိုင်/မြို့နယ်ပါတီဥက္ကဌ ဒေါ်စောမြိုင်၊ ခရိုင်ပါတီအတွင်းရေးမှူး ဦးဇော်အောင်ထက် နှင့်ခရိုင်ပါတီကော်မတီဝင်များ၊ အမရပူရမြို့နယ်ပါတီအတွင်းရေးမှူး ဦးအောင်ခိုင်စိုးနှင့်မြို့နယ် ပါတီ ကော်မတီဝင် များ၊ ရပ်/ကျေးပါတီဥက္ကဌများတက်ရောက်ခဲ့ကြပြီး မင်္ဂလာအချိန်တွင် ခရိုင်ပါတီရုံးဆိုင်းဘုတ်အား တာဝန်ရှိသူများမှ အမွှေးနံ့သာရည်များပက်ဖျန်းကာ ရုံးရှေ့မျက်နှာစာတွင်တင်ခဲ့ကြောင်းသိရှိရပါသည်။