

လားရှိုး နိုဝင်ဘာ ၁၅
ယနေ့ (၁၅.၁၁.၂၀၂၂)နံနက်(၉)နာရီအချိန်၌ ရှမ်းပြည်နယ် (မြောက်ပိုင်း) ပြည်ခိုင်ဖြိုးပါတီရုံး၌ ကျင်းပပြုလုပ်သည့် လူငယ်နှင့်အမျိုးသမီးရေးရာအဖွဲ့တွေ့ဆုံပွဲအခမ်အနားတွင် ပြည်နယ်ပါတီ ဥက္ကဋ္ဌ ဒေါက်တာမျိုးထွန်းမှ အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်အတွင်းရေမှူး ဒေါက်တာလဆိုင်းမှ ပါတီစုဖွဲ့မှုအခြေအနေများ၊ ပြည်နယ်လူငယ်ရေးရာ တာဝန်ခံ ဦးစိုင်းခမ်းကော် မှ လူငယ်နှင့်အမျိုးသမီးရေးရာအဖွဲ့တွေ့ဆုံပွဲ ကျင်းပရသည့် ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များ ရှင်းလင်းခြင်း၊ ပြည်နယ်ကော်မတီဝင် ဦးခင်မောင်ချို က ပါတီစည်းကမ်း ထိန်းသိမ်းရေးနှင့် လုပ်ငန်းစိစစ်ရေးအကြောင်းများ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။














