
ပဲခူး နိုဝင်ဘာ ၁၇
ပဲခူးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးပါတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲနှင့် သုံးလတာ ရက် ၉၀ စီမံကိန်း ရာနှုန်းပြည့်အောင်နိုင်ရေးအစည်းအဝေးပွဲအား နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းက ရွှေမော်ဓောဘုရားရှိ တိုင်းပါတီရုံးအစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။ အစည်းအဝေးသို့ ပါတီဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဌဦးရဲမြင့်ထွန်း၊ တိုင်းပါတီအတွင်းရေးမှူးဦးအောင်နိုင်နှင့် တိုင်းကော်မတီဝင်များ၊ ခရိုင်ဥက္ကဌများ၊ မြို့နယ်ဥက္ကဌများတက်ရောက်ခဲ့ပါသည်။












