တတိယအကြိမ်ပါတီညီလာခံအတွေ့အကြုံရှင်း လင်းပွဲနှင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ပင်လောင်း အောက်တိုဘာ ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ပင်လောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးအစည်းအဝေးခန်းမ၌ တတိယအကြိမ်ပါတီ ညီလာခံ အတွေ့ကြုံ ရှင်းလင်းပွဲနှင့်ရှေ့လုပ်ငန်းစဉ်များညှိနှိုင်းအစည်းအဝေးကို ပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးသို့၊ မြို့နယ်ဥက္ကဋ္ဌ၊အတွင်းရေးမှူး၊ ​မြို့နယ်ဘဏ္ဍာရေးမှူး၊မြို့နယ်ကော်မတီဝင်များနှင့် ရပ်ကျေး စည်းရုံးရေးမှူးများ တက်ရောက်ခဲ့ပါသည်။


အကြမ်းဖက်ဘေးရှောင်မြို့နယ်ကော်မတီဝင်များအား ဆန် ဆီ ဆား ထောက်ပံ့

မိုးမိတ် အောက်တိုဘာ ၁၈

မိုးမိတ်မြို့သို့ ရောက်ရှိနေသည့် အကြမ်းဖက်ဘေးရှောင်မဘိမ်းမြို့နယ်မှ မြို့နယ်ကော်မတီဝင်များအား ပြည်နယ်ပါတီမှ ထောက်ပံ့ ပေးသည့်ဆန်၊ ဆီ၊ ဆား၊ ကုလားပဲနှင့် ကြက်ဥများကို ယနေ့ နေ့လည် ၁နာရီက မိုးမိတ်ခရိုင်ဥက္ကဌဦးစိုးမြင့်နှင့် မြို့နယ်ပါတီဥက္ကဌဦးကျော်စိန်တို့မှ ၎င်းတို့ ခေတ္တနေထိုင်သည့် နေအိမ်များသို့ သွားရောက် ပေးအပ်ထောက်ပံ့ခဲ့ပါသည်။

ပန်းတနော်ပြည်ခိုင်ဖြိုးပါတီ တတိယအကြိမ်ပါတီညီလာခံအတွေ့အကြုံရှင်းလင်း

အောက်တိုဘာ – ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တတိယအကြိမ် ပါတီညီလာခံ(၂၀၂၂) အတွေ့အကြုံကို ရှင်းလင်းပွဲအား အောက်တိုဘာလ ၁၇ ရက်နေ့ မနက်ပိုင်းတွင် ပန်းတနော်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ရုံးခန်းမတွင်ကျင်းပခဲ့ကြောင်းသိရသည်။

ကြံခင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီက တတိယအကြိမ်ပါတီညီလာခံအတွေ့အကြုံရှင်းလင်းပွဲပြုလုပ်

အောက်တိုဘာ – ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တတိယအကြိမ်ပါတီ ညီလာခံ(၂၀၂၂) အတွေ့အကြုံကို ရှင်းလင်းပွဲအား အောက်တိုဘာလ ၁၇ ရက်နေ့ မနက်ပိုင်းတွင် ကြံခင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရုံးခန်းမတွင်ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ပါတီကော်မတီဝင်(မြန်အောင်ခရိုင် နယ်မြေတာဝန်ခံ) ဦးကျော်ဝင်းနိုင်၊ မြန်အောင်ခရိုင်ပါတီဥက္ကဋ္ဌ ဦးနေဝင်းဇော်နှင့် ခရိုင်ပါတီကော်မတီဝင်များ၊ ကြံခင်းမြို့နယ်ပါတီဥက္ကဋ္ဌ ဦးမျိုးမင်းထွဋ်နှင့် မြို့နယ်ကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်းသိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တတိယအကြိမ်ပါတီညီလာခံ (၂၀၂၂) အတွေ့အကြုံရှင်းလင်းပွဲ အခမ်းအနားကျင်းပ

ပြင်ဦးလွင် အောက်တိုဘာ ၁၈

ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ  ပြင်ဦးလွင်ခရိုင် / မြို့နယ်ရုံးတွင် တတိယအကြိမ်ပါတီညီလာခံ ( ၂၀၂၂ ) အတွေ့အကြုံရှင်းလင်းပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်တွင်  ပြင်ဦးလွင် ခရိုင်/မြို့နယ်ပါတီရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနား၌တိုင်းပါတီ ဥက္ကဌ ဦးအောင်ကျော်မိုးမှ အဖွင့်အမှာစကားပြောကြားခြင်းနှင့် တတိယအကြိမ် ပါတီညီလာခံ ( ၂၀၂၂ )အတွေ့အကြုံများ၊ ပါတီအကြီးအကဲများ၏ လမ်းညွှန်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များ၊ လူငယ်ကဏ္ဍ၊ အမျိုးသမီးကဏ္ဍရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့ပြီး အခမ်းအနားသို့ တိုင်းပါတီ ဥက္ကဌ၊

ညောင်လေးပင်မြို့နယ်ရှိ ပြည်ခိုင်ဖြိုးပါတီမှ လူငယ် အမျိုးသမီးတာဝန်ခံများနှင့် တိုင်းဒေသကြီး ပါတီနယ်မြေတာဝန်ခံတွေ့ဆုံဆွေးနွေး

ညောင်လေးပင်

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လူငယ် အမျိုးသမီးမြို့နယ်တာဝန်ခံများနှင့် တိုင်းဒေသကြီးပါတီနယ်မြေတာဝန်ခံ တွေ့ဆုံဆွေးနွေးပွဲအား အောက်တိုဘာလ ၁၅ ရက်နေ့ မွန်းလွဲပိုင်းက ညောင်လေးပင်မြို့နယ် ပါတီရုံး အစည်းအဝေးခန်းမတွင်တွေ့ဆုံဆွေးနွေးခဲ့ကြသည် ။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီနှင့် ရန်ကုန်အခြေစိုက် နိုင်ငံရေးပါတီ၊ တိုင်းရင်းသားပါတီအချို့ တွေ့ဆုံ

ရန်ကုန်၊ အောက်တိုဘာ ၁၅

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ နှင့် ရန်ကုန်တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးတို့သည် ရန်ကုန်မြို့အခြေစိုက် နိုင်ငံရေးပါတီ၊ တိုင်းရင်းသားပါတီ အချို့နှင့် ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့ ညနေ ၁၆:၀၀ နာရီအချိန်မှ ၁၈:၀၀ ချိန်ထိ ပါတီဌာနချုပ်(ရန်ကုန်ရုံးခွဲ)ရှိ ဧည့်ခန်းမတွင် တွေ့ဆုံခဲ့ပါသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီမှ ရန်ကုန်တိုင်းဒေသကြီးအတွင်း အကူအညီလိုအပ်နေသော ပါတီဝင် မိသားစုများအား တွေ့ဆုံ

ရန်ကုန်၊ အောက်တိုဘာ ၁၅

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ရန်ကုန်တိုင်းဒေသကြီးအတွင်း အကူအညီလိုအပ်နေသော ပါတီဝင်မိသားစု စုစုပေါင်း (၇၃)ဦးအား ၁၅-၁၀-၂၀၂၂ ရက်နေ့ နေ့လည် ၁၃:၃၀ အချိန်မှ ၁၅:၃၀ အချိန်ထိ ပါတီဌာနချုပ် ရန်ကုန်ရုံးခွဲ၌ တွေ့ဆုံခဲ့ပါသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ သဘောထားထုတ်ပြန်ကြေညာချက် အမှတ်စဉ် (၄/၂၀၂၂) ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၁၃)ရက် ၁၃၈၄ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် (၄)ရက်


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ တတိယအကြိမ် ပါတီညီလာခံ(၂၀၂၂) အတွေ့အကြုံရှင်းလင်းပွဲများ မန္တလေးတိုင်းဒေသကြီးအတွင်း ဆက်လက်ကျင်းပ

မန္တလေး-အောက်တိုဘာ ၁၂

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ တတိယအကြိမ် ပါတီညီလာခံ(၂၀၂၂) အတွေ့အကြုံရှင်းလင်းပွဲများကို မန္တလေးတိုင်းဒေသကြီးအတွင်း ဆက်လက်ကျင်းပလျှက်ရှိရာ (၁၂.၁၀.၂၀၂၂)ရက် နံနက် (၁၀း၃၀)နာရီအချိန်တွင် ကျောက်ဆည်ခရိုင်ပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားမစတင်မီ တတိယအကြိမ်ပါတီညီလာခံ(၂၀၂၂)တွင် ပြောကြားခဲ့သော ပါတီဥက္ကဌဦးခင်ရီ၏ အမှာစကား Video file နှင့် ညီလာခံကျင်းပမှုမှတ်တမ်းဓာတ်ပုံများကို တက်ရောက်လာသူများအားပြသခဲ့ပြီး နံနက်(၁၀:၃၀)နာရီ အချိန်တွင် အခမ်းအနားစတင်ကျင်းပခဲ့ပါသည်။