တောင်ငူခရိုင်ပါတီမီဒီယာတာဝန်ခံများနှင့်တိုင်းဒေသကြီးပါတီတာဝန်ရှိသူများတွေ့ဆုံဆွေးနွေး

ပဲခူးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဗဟိုကော်မတီဝင် တိုင်းဒေသကြီးပါတီ ဥက္ကဌ ဦးရဲမြင့်ထွန်းနှင့် တိုင်းဒေသကြီးပါတီကော်မတီဝင် မီဒီယာတာဝန်ခံဒေါက်တာထူးခြားအောင်နှင့် တောင်ငူခရိုင်ပါတီမှမီဒီယာတာဝန်ခံများသည် ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းက ရွှေမောဓောဘုရား လမ်းရှိပါတီရုံးအစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။တွေ့ဆုံခဲ့ရာတွင်တိုင်းပါတီဥက္ကဌမှအဖွင့်အမှာ စကားပြောကြားခဲ့ရာတွင် ရက်ပေါင်း ၉၀ သုံးလတာ ကာလလုပ်ငန်းစီမံချက်အကြောင်းအား လုပ်ဆောင် နေမှုများအားဆွေးနွေးမေးမြန်းခဲ့ပြီး တိုင်းဒေသကြီးမီဒီယာတာဝန်ခံဒေါက်တာထူးခြားအောင်မှ မီဒီယာ ကဏ္ဍဖြင့်ပါတီ၏လှုပ်ရှားဆောင်ရွှက်နေမှုများ ၊ ပါတီဗဟိုမှညွန်ကြားထားသော မီဒီယာကဏ္ဍဆိုင် လုပ်ငန်း စဉ်များ ၊ ဆက်သွယ်မှုဆိုင်ရာနည်းစနစ်များ ၊ တိုင်း ၊ခရိုင် ၊မြို့နယ် ၊ရပ်ကွက် / ကျေးရွာအုပ်စုများအထိစု ဖွဲ့နေမှုများအားရှင်းလင်းဆွေးနွေးခဲ့သည်။ဆွေးနွေးချက်များအပေါ်မြို့နယ်အသီးသီးမှတက်ရောက်လာကြသော မြို့နယ်ပါတီဥက္ကဌများ ၊ မြို့နယ်အတွင်းရေးမှူးများ ၊မီဒီယာတာဝန်ခံများမှ ပြန်လည်တင်ပြဆွေးနွေး ခဲ့ကြပြီး တင်ပြချက်များအပေါ်ပါတီတာဝန်ရှိသူများမှ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွှက်ခဲ့ပြီး ပါတီ၏ ရှေ့လုပ်ငန်းစဥ်များအားချမှတ်ဆွေးနွေးနိုင်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရန်ကင်းမြို့နယ် လူငယ်၊ အမျိုးသမီး တွေ့ဆုံပွဲ ပြုလုပ်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီဲရန်ကင်းမြို့နယ်လူငယ်နှင့်အမျိုးသမီးရေးရာတွေ့ဆုံပွဲအခမ်းအနားကိုမြို့နယ်ပါတီရုံး၌ယနေ့ နံနက်(၁၀း၃၀) တွင်ကျင်းပပြုလုပ် ခဲ့ရာဗဟို ကော်မတီဝင်ဒေါ်စန်းစန်းဝင်း နှင့် ရန်ကုန်တိုင်းလူငယ်တွဲဖက်တာဝန်ခံ ဒေါ်ဇာ​​ခြည်လင်းတို့တတ်ရောက်ခဲ့ပြီး ရန်ကင်းမြို့နယ်ဥက္ကဌ အတွင်းရေးမှူးနှင့် ကော်မတီဝင်များတက်ရောက်ခဲ့ပြီးလူငယ်များအလုပ်အကိုင်ရရှိ​ရေး၊ အမျိုးသမီးများ အင်အားကျစ်လစ်ခိုင်မာစေရန်၊ လူငယ်များလမ်းမှားမရောက်ရေးတို့ကို ဆွေးနွေးခဲ့ကြရာ တက်ရောက်လာ သူများမှပြန်လည်ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါအခမ်းအနားသို့မြို့နယ်ပါတီဥက္ကဌ ဒေါ်ယဉ်ချောလှိုင်နှင့် ကော်မတီဝင်များစုစုပေါင်း အင်အား၆၃ ဦးတက်ရောက် ခဲ့ပါသည်။

#YKCL

မင်္ဂလာဒုံမြို့နယ်ပြည်ခိုင်ဖြိုးပါတီနယ်မြေတာဝန်ခံများ ကွင်းဆင်း၍ပါတီဝင်အင်အားများစီစစ်ခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊မင်္ဂလာဒုံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးမျိုးမင်းနိုင်၏ လမ်းညွှန်မှုဖြင့် ယနေ့မွန်းလဲ ၁၂:၃၀ နာရီအချိန်တွင် မြို့နယ်အတွင်းရေးမှုးဦးမြင့်ကျော်နှင့် မြို့နယ်(နယ်မြေတာဝန်ခံ)ဦးဝင်းသန်းတို့ဦးဆောင်ကာ မင်္ဂလာဒုံစျေးရပ်ကွက် ပါတီရုံးတွင် ရပ်ကွက်ပါတီ ဥက္ကဌဦးခင်မောင်မျိုးလွင် ၊ရပ်ကွက်ကော်မတီဝင်များနှင့်တွေ့ဆုံပြီး ပါတီဝင်အားစာရင်းများတိုက်ဆိုင် စစ်ဆေးခြင်း/လူငယ်ထု/အမျိုးသမီးရေးရာ/အလုပ်သမားထုဦးဆောင်အဖွဲ့အချို့နှင့်ပါတီမူဝါဒ ပါတီရှေ့ လုပ်ငန်းစဉ် ရက်(၉၀)စီမံချက်များအားရှင်းလင်းဆွေးနွေးခဲ့ကြပြီး ညနေ ၅:၃၀ နာရီအချိန်တွင်ရုတ်သိမ်းခဲ့ ပါသည်။  မင်္ဂလာဒုံမြို့နယ် USDP မီဒီယာ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟိုအလုပ်အမှုရှမ်းပြည်နယ်(အရှေ့ပိုင်း)ပါတီဥက္ကဌဒေါက်တာလင်းဇော်ထွန်းနှင့်ကျိုင်းတုံမြို့နယ်ပါတီကော်မတီအဖွဲ့ တွေ့ဆုံပွဲပြုလုပ်

(၁၁-၁၂-၂ဝ၂၂)ရက်နေ့ (၃)နာရီအချိန်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ် အမှုဆောင်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ပါတီဥက္ကဋ္ဌ ဒေါက်တာလင်းဇော်ထွန်းသည် ကျိုင်းတုံမြို့နယ် ပြည်ခိုင်ဖြိုး ပါတီ ရုံးခန်းမ၌ ၊မြို့နယ်ပါတီ ဥက္ကဌ ဦးအောင်ကျော်မြင့် ရှမ်းပြည်နယ်အရှေ့ပိုင်း အမျိုးသမီး ရေးရာ တွဲဖက်တာဝန်ခံမြို့နယ်ပါတီ အတွင်းရေးမှူးနှင့်မြို့နယ်ကော်မတီဝင်များ ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များနှင့်တွေ့ဆုံပွဲပြုလုပ်ခဲ့ပြီးတွေ့ဆုံပွဲတွင် ရက်(၉၀)စီမံချက်အားအကောင်ကွင်းဆင်းဆောင်ရွက် မှူ့အခြေအနေများ၊ ပါတီစည်းရုံးရေးကိစ္စများရှင်းလင်းတင်ပြခဲ့ပြီး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်ခိုင်ဖြိုး  ပါတီဥက္ကဌ ဒေါက်တာလင်းဇော်ထွန်းမှ ပါတီ၏ အသွင်သစ်စည်းရုံးရေး  ကိစ္စရပ်များ၊ ပါတီရှေ့ လုပ်ငန်းစဉ် များ၊ (PR)စနစ်နှင့်ပတ်သက်၍ အကျယ်တဝင့်ရှင်းလင်းပြောကြားကာ ညနေ(၅)နာရီတွင်တွေ့ဆုံပွဲကို ရုတ်သိမ်း ခဲ့ပါသည်။

တာမွေမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မှ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း ကျောင်းတွင်း/ပြင် သန့်ရှင်းရေး ပါဝင်ကူညီလုပ်အားပေး

နမ့်ဆန်ပြည်ခိုင်ဖြိုးပါတီလုပ်ငန်းညှိနှိုင်းအစည်း အဝေးပြုလုပ်

ရှမ်းပြည်နယ် မြောက်ပိုင်း၊  ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်၊ပြည်ခိုင်ဖြိုးပါတီရုံး၌ မြို့နယ်ပါတီ ကော်မတီဝင်များတွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ပြီး ရက်(၉၀) စီမံချက် အကောင်အထည်ဖော်နိုင်ရေးကို  နယ်မြေဒေသအခြေအနေ အပေါ် မူတည်၍ လုပ်ကိုင်ဆောင်ရွက် ကြရန် ဆွေးနွေးညှိနိုင်းခဲ့ကြ ပါသည်။

 


ဒက္ခိဏသီရိမြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီမှ ကျေးရွာများတွင် ဆိုင်းဘုတ်တင်ပွဲများပြုလုပ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ် ကျောက်ခဲအင်းကျေးရွာ၌ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၅ ရက်၊ နံနက် ၉ နာရီအချိန်၌လည်းကောင်း ၊ ကျွဲတဲကျေးရွာတွင် နံနက် ၁၀ နာရီအချိန်နှင့် ရွှေခဲအင်းကျေးရွာ၌ နံနက် ၁၁ နာရီအချိန်တို့တွင်လည်းကောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ ဆိုင်းဘုတ်များ အသီးသီးတင်ခဲ့ခြင်းကို ပြည်ထောင်စုနယ်မြေမှ ဦးလှဆွေ၊ တိုင်းအတွင်းရေးမှူး ဦးဝင်းဌေး ၊ ဒက္ခိဏသီရိခရိုင်မြို့နယ်ပါတီဥကဌများ သက်ဆိုင်ရာရပ်ကျေးအုပ်ချုပ်ရေးမှုးများနှင့် စည်းရုံးရေးမှုးများ တက်ရောက် စိုက်ထူခဲ့ကြပါသည်။ အဆိုပါ ဆိုင်းပုဒ်တင်ပွဲများပြုလုပ်စဉ် ဒေသခံ ရပ်မိရပ်ဖပြည်သူများနှင့်လည်း ရေနွေးကြမ်းစကားဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

ပန်းတောင်းမြို့နယ် လူငယ်နှင့်အမျိုးသမီးရေးရာအဖွဲ့ဝင်များတွေ့ဆုံ

ပြည်ခရိုင် ၊ပန်းတောင်းမြို့နယ် လူငယ်နှင့်အမျိုးသမီးရေးရာအဖွဲ့ဝင်များသည် ၅-၁၂-၂၀၂၂ ရက်နေ့တွင် ရွှေဘုံသာမုနိရင်ပြင်တော်တွင် သန့်ရှင်းရေးဆောင်ရွက်ပြီးနောက် တွေ့ဆုံပွဲ ဆက်လက်ပြုလုပ်ခဲ့ပါသည်။ အဆိုပါတွေ့ဆုံပွဲသို့ တိုင်းပါတီကော်မတီဝင် ဦးလှမင်း၊ ပြည်ခရိုင်ပါတီဥက္ကဌ ဒေါ်ဆွေဆွေသင်းနှင့် ခရိုင်အတွင်းရေးမှူး ဦးအောင်ဇော်အေး ၊ ပန်းတောင်းမြို့နယ်ပါတီ ဥက္ကဌ ဦးသန်းဇော်နှင့် ကော်မတီဝင် များတက်ရောက်ပြီး ပါတီရှေ့လုပ်ငန်း စဉ်များညှိ့နှိုင်းဆွေးနွေးကြောင်းသိရှိရပါသည်။