တတိယအကြိမ်ပါတီညီလာခံအတွေ့အကြုံရှင်းလင်းပွဲနှင့် ရှေ့လုပ်ငန်းစဉ်များဆွေးနွေး

ဆီဆိုင် အောက်တိုဘာ ၂၄

ဆီဆိုင်မြို့နယ်  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ရေးပါတီရုံး၌ တတိယအကြိမ် ပါတီညီလာခံ အတွေ့အကြုံ ရှင်းလင်းခြင်းနှင့် ပါတီရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးခြင်းတို့ ပြုလုပ်ခဲ့ပါသည်။ ထိုရှင်းလင်းဆွေးနွေးပွဲသို့ မြို့ပါတီဥက္ကဋ္ဌ၊ မြို့နယ်ကော်မတီများ၊ အရံကော်မတီ အဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရပါသည်။


နယ်မြေကွင်းဆင်း၍စည်းရုံးရေးကိစ္စများဆွေးနွေး

တပ်ကုန်း အောက်တိုဘာ ၂၄

တပ်ကုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ တွင်းနီကျေးရွာအုပ်စု  သို့.နယ်မြေ ကွင်းဆင်းပြီး တွင်းနီကျေးရွာအုပ်စု ရပ်ကျေးပါတီကော်မတီများ၊ သံပုရာကုန်းကျေးရွာ အုပ်စုပါတီကော်မတီများ၊ သဖန်းချောင်း ကျေးရွာအုပ်စု ပါတီကော်မတီများနှင့် စုပေါင်းတွေ့ဆုံပြီး ပါတီစည်းရုံးရေးဆိုင်ရာကိစ္စရပ်များ၊ နယ်မြေလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ ဆွေနွေးညှိနှိုင်းခဲ့ပါသည်။


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ မန္တလေးတိုင်းဒေသကြီးအခြေစိုက် စစ်မှုထမ်းဟောင်းများ၊ နိုင်ငံချစ်သော ပရဟိတအသင်းအဖွဲ့များနှင့်တွေ့ဆုံ

မန္တလေး၊ အောက်တိုဘာ ၂၃

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ သည် ပါတီဗဟိုအတိုင်ပင်ခံ ဦးရဲမြင့်၊ ဦးဝင်းမောင်၊ မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးတို့နှင့်အတူ မန္တလေးတိုင်းဒေသကြီးအခြေစိုက် စစ်မှုထမ်းဟောင်း အဖွဲ့မှ ပုဂ္ဂိုလ်အချို့၊ နိုင်ငံချစ်သော ပရဟိတအသင်းအဖွဲ့များမှ ပုဂ္ဂိုလ်အချို့တို့နှင့် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့ ညနေ ၁၆၃၀ အချိန်မှ ညနေ ၁၇၃၀ အချိန်ထိ  မန္တလေးတိုင်းဒေသကြီး ပါတီရုံး ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီနှင့် မန္တလေးတိုင်းဒေသကြီး တိုင်း/ ခရိုင်/ မြို့နယ် ပါတီတာဝန်ရှိသူများ၊ လူငယ်၊ အမျိုးသမီးတာဝန်ခံများ၊ ရပ်/ကျေးစည်းရုံးရေးမှူးများနှင့် တွေ့ဆုံ

အောက်တိုဘာ ၂၃၊ မန္တလေး

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့ နေ့လည် ၁၃:၀၀ နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး အစည်းအဝေးခန်းမ၌ မန္တလေးတိုင်းဒေသကြီး တိုင်း၊ ခရိုင်၊ မြို့နယ် ပါတီတာဝန်ရှိသူများ၊ လူငယ်/အမျိုးသမီး တာဝန်ခံများ၊ ရပ်ကွက်/ကျေးရွာအုပ်စုမှ ပါတီစည်းရုံးရေးမှူးများနှင့် တွေ့ဆုံပွဲအခမ်းအနား ပြုလုပ်ခဲ့ပါသည်။

လှည်းကူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ပါတီညီလာခံအတွေ့အကြုံရှင်းလင်းပွဲပြုလုပ်

လှည်းကူး အောက်တိုဘာ ၂၀

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တတိယအကြိမ် ပါတီညီလာခံ အတွေ့အကြုံရှင်းလင်းပွဲကို လှည်းကူးခရိုင် ပါတီရုံးအစည်းအဝေးခန်းမတွင် (20-10-2022) ရက်နေ့ နံနက်(9:30)နာရီအချိန်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ ပါတီဗဟိုအရံကော်မတီဝင်ဦးမင်းသူထွန်း၊  ခရိုင်ပါတီဥက္ကဌ ဦးအောင်မျိုးနိုင်၊ ခရိုင်ကော်မတီဝင်များ၊ မြို့နယ်ကော်မတီဝင်များ၊ ရပ်ကျေးပါတီဥက္ကဌများ စုစုပေါင်း ၇၅ ဦး တက်ရောက်ကြပါသည်။

မင်္ဂလာတောင်ညွန့် မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အရှေခြမ်း ရပ်ကွက်များနှင့် တွေ့ဆုံ၍ အစည်းအဝေးပြုလုပ်

ရန်ကုန်။ ။အောက်တိုဘာ (၂၀)

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့် မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီကော်မတီနှင့် အရှေ့ခြမ်းရှိရပ်ကွက် ပါတီကော်မတီဝင်များ တွေ့ဆုံ၍ အစည်းအဝေးကို ယနေ့ (၂၀.၀.၂၀၂၂) နေ့လည် (၂:၃၀) က မြို့နယ် ပါတီ ရုံးခန်းမတွင် ကျင်းပခဲ့ပါသည်။

ဝိုင်းမော်ပြည်ခိုင်ဖြိုးတတိယအကြိမ်ပါတီညီလာခံ(၂၀၂၂)အတွေ့အကြုံရှင်းလင်းဆွေးနွေး

ဝိုင်းမော် အောက်တိုဘာ ၁၉

ဝိုင်းမော်မြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမ၌ တတိယအကြိမ်ပြည်ခိုင်ဖြိုး ပါတီညီလာခံ( ၂၀၂၂) အတွေ့အကြုံရှင်းလင်းပွဲ နှင့် ရှေ့လုပ်ငန်းစဉ်များညှိနှိုင်းအစည်းအဝေးကို ပြုလုပ်ခဲ့ပါသည်။

 


မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အလယ်ခြမ်း ရပ်ကွက်များ နှင့် တွေ့ဆုံ၍ အစည်းအဝေးပြုလုပ်

ရန်ကုန်။ ။အောက်တိုဘာ (၁၉)

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီပါတီရုံး ခန်းမတွင် မြို့နယ်ပါတီကော်မတီနှင့် အလယ်ခြမ်းရှိ ရပ်ကွက်ပါတီကော်မတီဝင်များ တွေ့ဆုံ၍ အစည်းအဝေးကို၂၀၂၂ ခုနှစ်၊  အောက်တိုဘာလ (၁၉) ရက်နေ့လည်(၂:၃၀) က ကျင်းပပြုလုပ်ခဲ့ပါသည်။

လေးမျက်နှာမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ပါတီညီလာခံအတွေ့အကြုံရှင်းလင်းပွဲပြုလုပ်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တတိယအကြိမ်ပါတီညီလာခံ အတွေ့အကြုံရှင်းလင်းပွဲကို လေးမျက်နှာ မြို့နယ်ပါတီရုံးအစည်းအဝေးခန်းမတွင် (18-10-2022) ရက်နေ့ နံနက်(9:30)နာရီအချိန်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ ပါတီဗဟိုကော်မတီဝင် တိုင်းပါတီဘဏ္ဍာရေးမှူး ဦးလှခိုင်၊ ပါတီဗဟိုကော်မတီဝင် ဦးကျော်ဝင်းနိုင်၊ ပါတီဗဟိုကော်မတီဝင် ဟင်္သာတခရိုင်ပါတီဥက္ကဌ ဒေါက်တာဌေးဝင်း၊  ခရိုင်ပါတီအတွင်းရေးမှူးဦးမျိုးသန့်နှင့် ခရိုင်ကော်မတီဝင် မြို့နယ်ပါတီဥက္ကဌနှင့် ပါတီကော်မတီဝင်များ၊ ရပ်ကျေးပါတီဥက္ကဌများ စုစုပေါင်း ၇၅ ဦး တက်ရောက်ကြပါသည်။

ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ မြို့နယ်နှင့်ရပ်ကွက်ကော်မတီဝင်များအား ပါတီညီလာခံ အတွေ့အကြုံရှင်းလင်းခြင်းနှင့် ပါတီ၏ သန္နိဌာန်ရွတ်ဆိုပြုခြင်းအခမ်းအနားဆောင်ရွက်ခြင်း

ဒဂုံမြို့သစ်(မြောက်ပိုင်း) အောက်တိုဘာ ၁၈

ဒဂုံမြို့သစ်မြောက်ပိုင်းမြိုနယ် ပြည်ခိုင်ဖြိုးပါတီ၏ မြို့နယ်နှင့်ရပ်ကွက်ပါတီကော်မတီဝင်များအား ပါတီညီလာခံ အတွေ့အကြုံရှင်းလင်းခြင်းနှင့်ပါတီ၏ သန္နိဌာန်ရွတ်ဆိုပြုခြင်းအခမ်းအနားအား ၁၈.၁၀.၂၂ရက်နေ့ နံနက်၁၀:၃၀ နာရီက မြို့နယ်ပါတီရုံးခန်မတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားကို မြို့နယ်ပါတီဥက္ကဌဦးသန်းစိုး၊ အတွင်းရေးမှူးဦးကျော်ထင်နှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်ကွက် ပါတီဥက္ကဌနှင့်ကော်မတီဝင်များ တတ်ရောက်ခဲ့ကြပြီး ရှေးဦးစွာ ပါတီညီလာခံအတွေ့အကြုံနှင့်ပါတီ၏ ရှေ့လုပ်ငန်းစဉ်များ ရှင်းလင်းခြင်း၊ ပါတီဗဟိုဥက္ကဌဦးခင်ရီ၏ လုပ်ငန်းလမ်းညွှန်ချက်များအား ရှင်းလင်း ဆွေးနွေခဲ့ကြပြီး ပါတီ၏သန္နိဌာန်အား ရွတ်ဆိုပြုခါအခမ်းအနားကို နေ့လည်(၁၂း၃၀)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။