


ပျဉ်းမနားခရိုင်/ပျဉ်းမနားမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ငကောင်းကံအုပ်စု ဇီးကုန်းကျေးရွာရှိ တောင်သူများနှင့်တွေ့ဆုံပြီး တောင်သူပညာပေး သဘာဝရွှက်ဖြန်းအားဆေး မို့သတ်ဆေး ထုတ်လုပ်ပုံများအား ကျေးရွာအရောက်ပညာပေးလုပ်ငန်းများဆောင်ရွတ်ခြင်း ယနေ့တောင်သူများ၏ အခက်အခဲများ လိုအပ်ချက်များကို ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ကြပါသည်။ အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုနယ်မြေနာယက ဗဟိုကော်မတီဝင် ဦးခင်မောင်ဌေး ကော်မတီဝင် ဦးအောင်မြင့်ကြိုင် ပျဥ်မနားခရိုင်အတွင်းရေးမှူး ဒေါ်ဖြူဖြူကျော် မြို့နယ်ဥက္ကဌ ဦးဇော်တူးအောင်တို့မှ တက်ရောက်ခဲ့ကြပြီး ကျေးရွာရှိတောင်သူများ ပြည်ခိုင်ဖြိုးပါတီဝင်များနှင် ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ကြကြောင်းသတင်းရရှိခဲ့ပါသည်။

ပြည်ခရိုင်၊ ပြည်မြို့နယ်၊ ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီသို့ပါတီဝင်အသစ်များ ဝင်ရောက်သည့် အဆိုပြုလွှာ ပုံစံများဖြည့်ခြင်းကို ၃၀၊ ၁၁၊ ၂၀၂၂ ရက်နေ့ နံနက် ၉:၀၀ နာရီ က နဝင်းရပ်ကွက် ဖိုးခေါင်နယ်မြေတွင် ဆောင်ရွက်ရာ မြို့နယ်အတွင်းရေးမှူး ဒေါ်မိုးမိုးစံ နှင့် မြို့နယ်ကော်မတီဝင် ဦးစိုးမြင့် တို့ဦးဆောင်ပြီး ပါတီဝင်အသစ်များ ပုံစံဖြည့်ခြင်းနှင့်ဓါတ်ပုံရိုက်ကူးခြင်းများဆောင်ရွက်ကြောင်းသိရှိရပါသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ်တင်ပွဲကို ၂၀၂၂ ခုနှစ်၊နိုဝင်ဘာလ(၃၀)ရက်နေ့မ နက်(၁၁) နာရီ(၄၅)မိနစ်တွင် ကျင်းပပြုလုပ် ခဲ့ပြီးမွန်းလွဲပိုင်း (၂) နာရီအချိန်တွင် တအာင်းဘောလုံးအဖွဲ့ချုပ်သို့ အလှူငွေများသွားရောက် လှူဒါန်း ခဲ့ကြောင်းသိရှိရပါသည်။

၃၀-၁၁-၂၂ ရက် နံနက်(၈)နာရီအချိန်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်ခရိုင် မိုးမိတ် မြို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ခရိုင်ပါတီဥက္ကဋ္ဌဦးဆောင်သောအဖွဲ့သည် မိုးမိတ်မြို့ စည်ပင်လမ်းမှ ပလောင်ကုန်း ရပ်ကွက် အတွင်းရှိ သန္တိသုခဓမ္မာရုံလမ်းအရှည် ပေ(၁၅၀ဝပေ)အား ကျောက်ချောလမ်းခင်းရန်အတွက် လမ်းတိုင်း ခြင်း လုပ်ငန်းများကို ပြုလုပ်ခဲ့ကြကြောင်းသိရှိရပါသည်။

(၃၀-၁၁-၂၀၂၂)ရက်နေ့ နေ့လည်(၂)နာရီအချိန်တွင် ပျော်ဘွယ်မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံး၌ မန္တလေးတိုင်း ဒေသကြီး ပါတီနှင့်ပျော်ဘွယ်မြို့နယ်/ရပ်ကျေးပါတီ ကော်မတီဝင်များလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ် ခဲ့ပါသည်။ အစည်းအဝေးတွင် တိုင်းဒေသကြီးပါတီအတွင်းရေးမှုး ဦးညွန့်ဆောင်နှင့် တိုင်းဒေသကြီး ပါတီကော်မတီ ဝင် ဒေါ်သန်းသန်းအေးတို့ကလာမည့် ရွေးကောက်ပွဲတွင်ကျင့်သုံးမည့် PR စနစ်အကြောင်းအား လည်းကောင်း၊ ပထမ(၃)လပတ်၊ ရက်(၉၀)စီမံချက်ပါလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ ပါတီဝင်အင်အား စိစစ်ရေး၊ပါတီဝင်အသစ်နှင့်ပါတီဝန်းရံသူများ တိုးချဲ့စည်းရုံးရေး၊လူငယ်/ အမျိုးသမီးကဏ္ဍစကားဝိုင်း ဆွေးနွေးပွဲ များစဉ်ဆက်မပြတ်ကျင်းပရေး လုပ်ငန်းစဉ်များအားလည်းကောင်း၊ ပြည်သူလူထုနှင့်ထိတွေ့ဆက်ဆံရာတွင် အသွင်သစ်ဖြင့် ထိတွေ့ဆက်ဆံရေး လုပ်ငန်းစဉ်များအားလည်းကောင်း ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာ သူများမှ သိရှိလိုသည်များ မေးမြန်းမှုအပေါ် တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးညွန့်ဆောင် ကပြန်လည်ရှင်းလင်း ပြောကြားခဲ့ပါသည်။

နတ်တလင်းခရိုင် ၊ပေါင်းတည်မြို့နယ် ကော်မတီအဖွဲ့လပတ်ပုံမှန်အစည်းအဝေးကို ပေါင်းတည်မြို့နယ်ပါတီရုံးတွင် ကျင်းပရာ မြို့နယ် ဥက္ကဌဒေါ်ဝင်းဝင်းမော်နှင့်အတူ မြို့နယ်ကော်မတီဝင်များတက်ရောက်ခဲ့ကြပြီး ပါတီဝင်အင်အား ကျစ်လစ် ခိုင်မာရေး၊ဌာနချုပ် လမ်းညွှန်ချက်များ အကောင်အထည်ဖော်ဆောက်ရွက်နိုင်ရေး တို့ကိုအပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။

(၃၀.၁၁.၂၀၂၂)ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်တွင်အမရပူရမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အမျိုးသမီးတွေ့ဆုံပွဲကျင်းပခဲ့ပါသည်။ တွေ့ဆုံပွဲတွင် အမရပူရခရိုင်/မြို့နယ်ပါတီဥက္ကဌ ဒေါ်စောမြိုင်မှ အမျိုးသမီး ကဏ္ဍမှ ဆက်လက်ဆောင်ရွက်ရမည့်ရှေ့လုပ်ငန်းစဉ်များအားရှင်းလင်းပြောကြားခဲ့ပြီး ဆပ်ပြာဆီပြုလုပ်နည်းအား လက်တွေ့သရုပ်ပြရှင်းလင်းကာ တက်ရောက်လာကြသူများအား ဆပ်ပြာဆီဗူးများလက်ဆောင်ပေးအပ်ခဲ့ကြပါသည်။
အဆိုပါအမျိုးသမီးစကားဝိုင်းဆွေးနွေးပွဲနှင့်ဆပ်ပြာဆီပြုလုပ်နည်းသင်တန်းသို့ အမရပူရခရိုင်/မြို့နယ်ပါတီဥက္ကဌ ဒေါ်စောမြိုင်၊ ခရိုင်/မြို့နယ်ပါတီကော်မတီဝင်များ၊ မြို့နယ်အမျိုးသမီးတာဝန်ခံ ဒေါ်မြမြသက်နှင့် အမျိုးသမီး ပါတီဝင်များ တက်ရောက်ခဲ့ကြပါသည်။

(၃၀-၁၁-၂၀၂၂)ရက်နေ့ နံနက် (၁၀)နာရီအချိန်တွင် ရမည်းသင်းခရိုင်/မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံး၌ မန္တလေးတိုင်း ဒေသကြီးပါတီနှင့် ရမည်းသင်းခရိုင်/ရမည်းသင်းမြို့နယ်/ရပ်ကျေး ပါတီကော်မတီဝင်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ပါတီဗဟိုအလုပ်အမှုဆောင်၊ မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဌ ဦးအောင်ကျော်မိုး၊တိုင်းဒေသကြီးပါတီအတွင်းရေးမှုး ဦးညွန့်ဆောင်တို့ကလာမည့် ရွေးကောက်ပွဲတွင် ကျင့်သုံးမည့် PR စနစ်အကြောင်းအားလည်းကောင်း၊ ပထမ(၃)လပတ်၊ရက်(၉၀)စီမံချက်ပါ လုပ်ငန်းစဉ်များ အကောင်အထည် ဖော်ဆောင်ရွက်ရေး၊ ပါတီဝင်အင်အားစိစစ်ရေး၊ ပါတီဝင်အသစ်နှင့်ပါတီဝန်းရံသူများ တိုးချဲ့ စည်းရုံးရေး၊ လူငယ်/ အမျိုးသမီးကဏ္ဍစကားဝိုင်းဆွေးနွေးပွဲများ စဉ်ဆက်မပြတ်ကျင်းပရေး လုပ်ငန်းစဉ်များအား လည်းကောင်း၊ပြည်သူလူထုနှင့်ထိတွေ့ဆက်ဆံရာတွင် အသွင်သစ်ဖြင့်ထိတွေ့ဆက်ဆံရေး လုပ်ငန်းစဉ်များအား လည်းကောင်း ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသူများမှ သိရှိလိုသည်များ မေးမြန်းမှုအပေါ် ပါတီဗဟို အလုပ်အမှုဆောင်၊တိုင်းဒေသကြီးပါတီဥက္ကဌဦးအောင်ကျော်မိုးကပြန်လည်ရှင်းလင်းပြောကြားခဲ့ပါသည်။