
၁၉-၁၂-၂၀၂၂ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် ပြည်ကြီးတံခွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံ၌ တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့ရာ ပါတီဗဟိုအလုပ်အမှုဆောင်၊ မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီးပါတီအတွင်းရေးမှုးဦးညွန့်ဆောင်၊တိုင်းဒေသကြီးပါတီကော်မတီဝင်ဦးအောင်နိူင်ဦး၊ဦးကျော်စန်း၊ဦးမျိုးမြင့်၊ဒေါ်ဝါဝါလှိုင်၊ ပထမအကြိမ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းလှ၊ ဦးသိန်းလွင်၊ မဟာအောင်မြေခရိုင်ဥက္ကဌ ဦးမြင့်သန်း၊ အတွင်းရေးမှုးဦးဝင်းလှိုင်ငြိမ်းနှင့် ကော်မတီဝင်များ၊ ပြည်ကြီးတံခွန်မြို့နယ်ဥက္ကဌဦးစိုးအေး၊အတွင်းရေးမှုးဦးအောင်မျိုးခိုင်နှင့်ကော်မတီဝင်များ၊မြို့မိ/မြို့ဖများ၊ရပ်ကွက်ပါတီဥက္ကဌများ၊ပါတီဝန်းရံသူများတက်ရောက်ခဲ့ကြပါသည်။











