
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရခိုင်ပြည်နယ်အတွင်းရေးမှူး ဦးသန်းဝေ (ဗဟိုကော်မတီဝင်) သည် မာန်အောင်မြို့နယ်ပါတီကော်မတီဝင်များနှင့် ပါတီလုပ်ငန်းစဉ်များ ဆွေးနွေးမှု တွေ့ဆုံပွဲကို ပြုလုပ် ခဲ့ကြသည်။ ယနေ့ ဒီဇင်ဘာလ ၁၂ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်တွင် တောင်ကုတ်ခရိုင်၊ မာန်အောင် မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။အဆိုပါတွေ့ဆုံပွဲတွင် ပြည်နယ်ပါတီအတွင်းရေးမှူး ဦးသန်းဝေက ပါတီလုပ်ငန်းစဥ်များဖြစ်သည့် ရက် (၉၀) စီမံချက်ပါ လုပ်ငန်းစဥ်များ အကောင်အထည်ဖော်၊ ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရေးကိစ္စရပ် များအား အကျယ်တဝင့် ရှင်းလင်း ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသူများက သိရှိလိုသည်များအား မေးမြန်းခဲ့သည်များကို ပြန်လည်ရှင်းလင်းညှိနှိုင်းဆွေးနွေးခဲ့သည်။









