
ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်ခရိုင် သာကေတ၊ဒေါပုံ၊ ဗိုလ်တထောင် မြို့နယ်များ ၏ လူငယ် တွေ့ဆုံပွဲ အခမ်းအနား ကို ယနေ့ (၁၁.၁၂.၂၀၂၂) တနင်္ဂနွေနေ့ နေ့လည် (၁)နာရီက သာကေတမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရုံးခန်းမတွင် ကျင်းပခဲ့ပါသည်။ ရှေးဦးစွာ အခမ်းအနားကိုနိုင်ငံတော်သီချင်းသံပြိုင်သီဆို၍ နိုင်ငံတော်အလံကိုအလေးပြုခြင်းဖြင့်စတင်ပြီး သာကေတ မြို့နယ်ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှုးမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။








