စဉ့်ကူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ကျေးရွာ ရပ်မိ/ဖများနှင့် တွေ့ဆုံခြင်း

(၁၂.၁.၂၀၂၃)ရက်နေ့ နေ့လည်(၁၂)နာရီမှ (၁း၃၀)နာရီအချိန်ထိ စဉ့်ကူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ မြို့နယ် ပါတီဥက္ကဌ ဦးဝင်းဆွေနှင့်မြို့နယ်ပါတီကော်မတီဝင် ဦးမောင်ကျော်တို့သည် ထုံးကြီးကျေးရွာအုပ်စု စားကျက်ကလေး ကျေးရွာသို့ သွားရောက်ခဲ့ပြီး ဒေသခံပါတီဝင်များ ရပ်မိ/ဖများ ပါတီဝန်းရံသူများနှင့်တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံပွဲတွင် မြို့နယ်ပါတီဥက္ကဌ ဦးဝင်းဆွေမှ တက်ရောက်လာသူများအား ၂၀၂၃ရွေးကောက်ပွဲတွင် ကျင့်သုံးမည့် PRစနစ် အကြောင်း ရှင်းလင်းခြင်း။ ယခု ပြည်ခိုင်ဖြိုးပါတီမှ လုပ်ဆောင်နေသည့် လုပ်ငန်းစဉ်များ ရှင်းလင်းခြင်း။ ပါတီဝင်အသစ်များတိုးပွားရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ပေးကြပါရန် ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်ထောင်စုနယ်မြေ ခရိုင်သစ်ဖွင့်ပွဲနှင့် ခရိုင်ပါတီဆိုင်းဘုတ် တင်ပွဲ ကျင်းပ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ  ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ခရိုင်သစ်ဖွင့်ပွဲနှင့် ခရိုင် ဆိုင်းဘုတ် တင်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။  အဆိုပါ ခရိုင်သစ်ဖွင့်ပွဲနှင့် ဆိုင်းဘုတ် တင်ပွဲကို ယနေ့ မနက် ၉ နာရီအချိန်၌ ပုဗ္ဗသီရိမြို့နယ် ပါတီရုံးတွင်လည်းကောင်း၊ နံနက် ၁၀:၃၀ အချိန်တွင် ဥတ္တရသီရိမြို့နယ်ပါတီရုံး၌ လည်းကောင်း ဖွင့်လှစ်ခဲ့သည်။ ဆက်လက်၍ ပြည်ထောင်စုနယ်မြေဥက္ကဌဦးလှဆွေနှင့်အတူ မြို့နယ်အလုပ် အမှု့ဆောင် ကော်မတီဝင်များ၊ ခရိုင်း/တိုင်း ကော်မတီဝင်များ လုပ်ငန်းညှိနိုင်းအစည်းအဝေး ကျင်းပခဲ့ကြသည်။ ၄င်းခရိုင်သစ်ဖွင့်ပွဲနှင့် ဆိုင်းဘုတ်တင်ပွဲသို့ ပြည်ထောင်စုနယ်မြေဥက္ကဌဦးလှဆွေ နှင့်အတူတိုင်းပါတီ နာယကများ ၊ တိုင်းအတွင်းရေးမှုးနှင့် တိုင်းခရိုင်မြို့နယ်ကော်မတီဝင်များ အင်အား ၅၅ ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။

ပဲခူးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ အုတ်တွင်းမြို့နယ်တွင် စကားဝိုင်းဆွေးနွေးပွဲကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ တောင်ငူခရိုင် အုတ်တွင်းမြို့နယ်အတွင်းရှိ ပါတီ တာဝန်ရှိသူများနှင့် ဇန်နဝါရီလ ၁၁ ရက်နေ့ မွန်းလွဲပိုင်းက စကားဝိုင်းဆွေးနွေးပွဲအားကျင်းပပြုလုပ်ခဲ့သည် ။ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲစကားဝိုင်းသို့ ပါတီ၏ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဌ ဦးရဲမြင့်ထွန်းနှင့် တိုင်းပါတီကော်မတီဝင်များ ၊ တောင်ငူခရိုင်ပါတီဥက္ကဌနှင့်ခရိုင်ပါတီတာဝန်ရှိသူများ ၊ အုတ်တွင်းမြို့နယ်ပါတီ ဥက္ကဌနှင့် မြို့နယ်ကော်မတီဝင်များ ၊ ရပ်ကွက်/ ကျေးရွာအုပ်စုများရှိပါတီဝင်များ အမျိုးသမီးများ ၊ လူငယ်များမှ တက်ရောက်ဆွေးနွေးခဲ့သည် ။

ပြည်ထောင်စုနယ်မြေပြည်ခိုင်ဖြိုးပါတီမှ ဒဏ္ခိဏသီရိမြို့နယ်အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ရန်အောင်မြင် ကျေးရွာ ပညာရေးစုံညီပွဲတော် အခမ်းအနားသို့ တတ်ရောက်ဆုချီးမြှင့်

ပြည်ထောင်စုနယ်မြေ နေပြည်တော်  ဒဏ္ခိဏသီရိမြို့နယ် ရန်အောင်မြင်ကျေးရွာ အခြေခံပညာအထက်တန်း ကျောင်းခွဲ ပညာရေးစုံညီပွဲတော် အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါအခမ်းအနားသို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်ထောင်စုနယ်မြေပါတီဥက္ကဌ ဦးလှဆွေ ဒဏ္ခိဏသီရိ မြို့နယ်ပါတီ ဥက္ကဌ ဦးဂျိုးဇတ်၊ မြို့နယ်အမျိုးသမီးတာဝန်ခံ နှင့်အတူ မြို့နယ်ကော်မတီဝင်များ တက်ရောက်၍ ဆုများအသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြကြောင်း သိရပါသည်။

ပြည်နယ်ဥက္ကဋ္ဌနှင့်လင်းခေးခရိုင်အတွင်းရှိ မြို့နယ်ပါတီဥက္ကဋ္ဌများ၊ကော်မတီဝင်များနှင့်

ရှမ်းပြည်နယ်(​တောင်ပိုင်း)ပါတီဥက္ကဌ ဦးစိုင်းလုံကျော်နှင့်အတူပြည်နယ်ကော်မတီဝင်များဖြစ်ကြသည့် ဒေါ်ဝါဝါထွေး၊ ဒေါ်နန်းဆိုင်နွမ်း၊ ဦးစိုင်းစံဝင်း တို့သည် လင်း​ခေးခရိုင်ပါတီရုံးတွင်လင်း​ခေးခရိုင်ဥက္ကဌနှင့်​ကော်မတီဝင်များ၊လင်း​ခေးမြို့နယ်၊မိုင်းပန်မြို့နယ်​၊မောက်မယ်မြို့နယ်များမှဥက္ကဌနှင့်​ကော်မတီဝင်များ အား​တွေ့ဆုံခဲ့ပါသည်။ ရှေးဦးစွာ ပြည်နယ်ပါတီဥက္ကဌဦးစိုင်းလုံကျော်​ကဗဟိုပါတီဥက္ကဌ၏ လုပ်ငန်းလမ်းညွှန်ချက် များအား ဆွေးနွေးခြင်း ရက် ၉၀ စီမံချက်နှင့်စပ်လျဥ်း၍ မြို့နယ်များမှ​အချက်(၁၇)ချက်အ​ပေါ်ဆောင်ရွက်ပြီးစီးမှုအ​ခြေအ​နေများကိုညှိနှိုင်း​ဆွေး​နွေးခြင်း၊အသွင်သစ်ဆက်ဆံ​ရေး၊ပါတီဟောင်းများနှင့်မိသားစုဝင်များ​တွေ့ဆုံ​ရေး၊mediaကဏ္ဍမှ​ဆောင်ရွက်ရမည် ကိစ္စများ​ဆွေး​နွေးခြင်း၊မြို့နယ်အလိုက် viber group များချိတ်ဆက်နိုင်ရေး ဆောင်ရွက်​ပေးခြင်း ၊လာမည့် ရွှေးကောက်ပွဲတွင်PR အချိုးကျကိုယ်စားပြုစနစ်ကျင့်သုံးမည့် ကိစ္စ၊၂၀၂၃ခုနှစ်​ရွှေး​ကောက်ပွဲကျင်းပနိုင်မည်အ​ခြေအ​နေတို့အား ဆွေးနွေးခဲ့ပါသည်။

စတုတ္ထသုံးလပတ်အစည်းအဝေး ဒုတိယနေ့ အဖြစ်ဆက်လက်ပြုလုပ်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ၂၀၂၂ ခုနှစ်၊ စတုတ္ထ(၃)လပါတ်အစည်းအဝေးဒုတိယနေ့ကို ၂၀၂၃ ခုနှစ်၊ဇန္နဝါရီလ(၁၀)ရက်နေ့နံနက် (၉) နာရီတွင် ကျင်းပခဲ့ရာ၊  ကိုယ်ပိုင်ဒေသအုပ်ချုပ်ခွင့်ရဒေသ၊ ခရိုင်နှင့်မြို့နယ် များမှ ပါတီတာဝန်ရှိသူများမှအစီ ရင်ခံစာတင်သွင်းခြင်းနှင့်ရွေးကောက်ပွဲအောင်နိုင်ရေး သုံးသပ်ဆွေးနွေးခြင်း၊  ပြည်နယ် ကော်မတီဝင်များမှစည်းကမ်းထိမ်းသိမ်းရေး၊လုပ်ငန်းစိစစ်ရေး၊မီဒီယာ၊ လူငယ်၊အမျိုးသမီး၊တောင်သူ လယ်သမားရေး ၊စည်းရုံးရေးနှင့်ဘဏ္ဍာရေးကဏ္ဍများအလိုက် ဆွေးနွေးခြင်း၊ ပြည်နယ်ဥက္ကဋ္ဌမှ သုံးသပ်ဆွေးနွေးခြင်း နှင့် အစည်းဝေးဆုံးဖြတ်ချက်များကို ချမှတ်ပြီး အစည်းအဝေးအား အောင်မြင်စွာရုတ် သိမ်းခဲ့ ပါသည်။

တန့်ယန်းတပ်နယ်ကုသိုလ်ဖြစ်ဆေးခန်းသို့ အလှူငွေသွားရောက်လှူဒါန်း

ရှမ်းပြည်နယ်၊ မြောက်ပိုင်း၊ တန့်ယန်းမြို့နယ်၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးပါတီမှ မြို့နယ်အတွင်းရေးမှူး ဦးကျော်လှိုင် ခေါင်းဆောင်သော ပါတီဝင်များသည် ရှမ်းပြည်နယ် မြောက်ပိုင်း၊စစ်ဗျူဟာ(အခြေချ)တန့်ယန်း တပ်နယ်ကုသိုလ်ဖြစ်အခမဲ့ ဆေးကုသခန်းသို့ (၂၀၂၂)ခုနှစ်၊နိုဝင်ဘာလနှင့်ဒီဇင်ဘာလများအတွက် လှူဒါန်းငွေကို ယနေ့(၂၀၂၃)ခုနှစ်၊ ဇန်ဝါရီလ(၁၀)ရက်နေ့တွင်သွားရောက်ထောက်ပံ့ လှူဒါန်းခဲ့ရာ စစ်ဗျူဟာ(အခြေချ) တန့်ယန်း တပ်နယ် ကုသိုလ်ဖြစ်ဆေးခန်းမှ တာဝန်ရှိသူက လက်ခံရယူခဲ့ကြောင်း သိရပါသည်။