ရန်ကုန်၊ အောက်တိုဘာ ၃၁
ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကျင်းပပြုလုပ်သော လူငယ်စကားဝိုင်းအား ယနေ့ နေ့လည် (၁၃:၀၀)အချိန်က ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကျင်းပပြုလုပ်ခဲ့ကြသည် အဆိုပါစကားဝိုင်းတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟိုအလုပ်အမှုဆောင်လူငယ်ရေးရာတာဝန်ခံ ဒေါက်တာအောင်မြတ်ဦးက ယနေ့လူငယ်အများစုအတွက် ဝင်ငွေရရှိရေး၊ အလုပ်အကိုင်ရရှိရေးနှင့် ပညာရပ်များဆည်းပူးသင်ယူရေးတို့မှာ ဆက်နွယ်လျှက်ရှိကြောင်း၊ အလုပ်လုပ်ရင်း ပညာရှာမှီးသင်ယူနိုင်ရေး၊ နည်းလမ်းများရှာဖွေရန် လိုအပ်နေပြီ ဖြစ်ကြောင်း၊ လူငယ်များကိုယ်စီ အမျိုးသားရေးကိုယ်ခံအားကောင်းရန် လိုအပ်နေပြီဖြစ်ကြောင်း၊ အိမ်တွင်းစက်ချုပ် လုပ်ငန်းမှသည် အသေးစား စက်ချုပ်လုပ်ငန်းများ လုပ်ဆောင်နိုင်ရေးနှင့် ကွန်ပျူတာ အင်္ဂလိပ်စာ စက်ချုပ်ပညာ ဝပ်ရှော့ပညာ စသည်ကဲ့သို့ အသက်မွေးဝမ်းကြောင်း အထောက်အကူပြု သင်တန်းများ ဖွင့်လှစ်နိုင်ရေး၊ အလုပ်အကိုင်ရှာဖွေနိုင်ရေး ဆုံရပ်တစ်ခု ထူထောင်သွားမည်ဖြစ်၍ လူငယ်များ ပါဝင်ချိတ်ဆက် ဆက်သွယ်ဝိုင်းဝန်း လုပ်ဆောင်ပေးကြရန် ဆွေးနွေးခဲ့ကြပါသည်။