တိုင်း/ခရိုင်/မဟာအောငမြေမြို့နယ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

(၂၀-၁၁-၂၀၂၂)ရက်နေ့ နေ့လည်(၁)နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီးပါတီရုံးအစည်းအဝေးခန်းမ၌ တိုင်း/ ခရိုင်/ မဟာအောင်မြေမြို့နယ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီး ပါတီ ကော်မတီဝင် ဦးမျိုးမြင့်၊ ဦးကျော်စန်း၊ ဒေါ်ဝါဝါလှိုင်၊ မဟာအောင်မြေခရိုင်ပါတီဥက္ကဌ ဦမြင့်သန်း၊ အတွင်းရေးမှူး ဦးဝင်းလှိုင်ငြိမ်း၊ ဘဏ္ဍာရေးမှူး ဦးသန်းစိုး၊ မဟာအောင်မြေမြို့နယ်ပါတီဥက္ကဌ ဦးယဉ်မောင်ဟိန်းနှင့်ကော်မတီဝင်များ၊ ရပ်/ကျေး ပါတီ ဥက္ကဌများ တက်ရောက်ခဲ့ကြပြီး ရက်(၉၀)စီမံချက်ပါ လုပ်ငန်းစဉ်များအကောင်အထည်ဖော် ဆောင်ရွက်ရေး၊ ပါတီဝင်အင်အားစီစစ်ရေး၊ပါတီဝင်အသစ်နှင့်ပါတီဝန်းရံအင်အားတိုးချဲ့စည်းရုံးရေး၊လူငယ်/အမျိုးသမီးကဏ္ဍစကားဝိုင်းဆွေးနွေးပွဲများစဉ်ဆက်မပြတ်ပြုလုပ်ရေးလုပ်ငန်းစဉ်များဆွေးနွေးခဲ့ကြောင်းသိရှိရသည်။

ဗိုလ်တထောင်ခရိုင် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရန်ကုန်တိုင်းဒေသကြီး ၊ ဗိုလ်တထောင် ခရိုင်ကော်မတီနှင့် မြို့နယ် ကော်မတီများ လုပ်ငန်းညှိနှိုငးအစည်းအဝေးကို နေ့လည် ( ၀၃:၃၀) က မဂ်လာတောင်ညွန့်မြို့နယ် ပါတီရုံးခန်းမ တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြည်ခိုင်ဖြိုးပါတီ ဗဟို အရန်ကော်မတီဝင် ဗိုလ်တထောင် ခရိုင်ပါတီဥက္ကဌ ဦးညဏ်ဝင်းထိုက်၊ အတွင်းရေးမှုး ဒေါ် လဲ့လဲ့အေး နှင့် ခရိုင် အလုပ်အမှုဆောင်များ ၊ ဗိုလ်တထောင်ခရိုင် အတွင်းရှိ မြို့နယ် (၅) မြို့နယ်မှ မြို့နယ်ပါတီ ကော်မတီဝင်များ တက်ရောက်ကြပါသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗိုလ်တထောင် ခရိုင် ပါတီ အဆင့်ဆင့်တွေ့ဆုံပွဲပြုလုပ်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရန်ကုန်တိုင်းဒေသကြီး ၊ ဗိုလ်တထောင် ခရိုင်ကော်မတီဝင်များနှင့်  မြို့နယ် ကော်မတီဝင်များ၊ ရပ်ကျေးကော်မတီဝင်များ အဆင့်ဆင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နေ့လည် ( ၀၁:၀၀ ) အချိန်တွင် မဂ်လာတောင်ညွန့်မြို့နယ် ပါတီရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

“ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အမျိုးသမီးတွေ့ဆုံပွဲအခမ်းအနားသို့ ဗဟိုကော်မတီဝင်တက်ရောက်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီး ၊ဒဂုံမြို့သစ်(ခရိုင်) မှ အမျိုးသမီးပါတီဝင်များနှင့် တွေ့ဆုံဆွေးနွေးခြင်းကို စဉ်ဆက်မပြတ်ပြုလုပ်နေလျှက်ရှိရာ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အတွင်းရှိ ရပ်ကွက် အသီးသီးမှ တာဝန်ရှိသူအမျိုးသမီးများနှင့် တွေ့ဆုံဆွေးနွေးခြင်း အခမ်းအနားကို ယနေ့နေ့လည်(၀၁ :၀၀) ခန့် အချိန်မှစတင်၍ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါဆွေးနွေးပွဲသို့ ဗဟိုကော်မတီဝင် (ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီး ရေးရာ တာဝန်ခံ) ဒေါ်စန်းစန်းဝင်း တက်ရောက်၍ အမှာစကားပြောကြားပေးခဲ့သည်။

နေပြည်တော် ဇေယျာသီရိမြို့နယ် သာစည်အုပ်စု သာစည်ကျေးရွာ ပါတီဆိုင်းဘုတ်တင်ပွဲနှင့်လူထုတွေ့ဆုံပွဲကျင်းပ

နေပြည်တော် ဇေယျာသီရိမြို့နယ် သာစည်အုပ်စု  သာစည်ကျေးရွာ ပါတီဆိုင်းဘုတ်တင်ပွဲနှင့်လူထုတွေ့ဆုံပွဲကို ယနေ့နေ့လည်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးပါတီ ပြည်ထောင်စုနယ်မြေ ခေတ္တပါတီ ဥက္ကဌ ဦးလှဆွေ၊ ပြည်ထောင်နယ်မြေပါတီကော်မတီဝင်ဦးဖိုးသိန်းနှင့် မြို့နယ် ဥက္ကဌ၊ မြို့နယ်ကော်မတီဝင်များ၊ ပါတီစည်းရုံးရေးတာဝန်ခံများနှင့် ပါတီသို့ အသစ်ဝင် ရောက်လာသော ပါတီဝင်အသစ် (၈၅)ဦးအား ပါတီဝင်ကဒ်များ ပေးအပ်ခြင်းအခမ်းအနားအား အင်အား (၁၅၀)ခန့်ဖြင့်အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကမာရွတ်ခရိုင် လူငယ်တွေ့ဆုံပွဲနှင့် လူငယ် စကားဝိုင်း ကျင်းပပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကမာရွတ်ခရိုင်မှဦးစီး၍ ခရိုင်အတွင်းရှိ လူငယ် တာဝန်ခံများ၊ ပါတီဝင်လူငယ်များပါဝင်သည့် လူငယ်တွေ့ဆုံပွဲနှင့် လူငယ်စကားဝိုင်းကို ကမာရွတ်ခရိုင် ဗဟန်း မြို့နယ် ပါတီရုံးတွင် ယနေ့ နေ့လည် (၁) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

မန္တလေးမြို့၊ မဟာအောင်မြေခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌….. ” (၁၀၂)ကြိမ်မြောက် အမျိုးသားနေ့ ဂုဏ်ပြုပွဲ အခမ်းအနားနှင့် ဇာတိသွေး၊ ဇာတိမာန် တက်ကြွရေး ဆွေးနွေးပွဲ စကားဝိုင်း ” ကျင်းပပြုလုပ်

17.11.2022. နံနက် ၉ နာရီအချိန်တွင် ပြည်ကြီးတံခွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ (၁၀၂) နှစ်မြောက် အမျိုးသားနေ့ ဂုဏ်ပြုပွဲ အခမ်းအနား နှင့် ဇာတိသွေး ၊ ဇာတိမာန် တက်ကြွရေး ဆွေးနွေးပွဲ စကားဝိုင်းကျင်းပခဲ့ပါသည်။

ပဲခူးတိုင်းဒေသကြီးပါတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲကျင်းပ

ပဲခူး နိုဝင်ဘာ ၁၇

ပဲခူးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးပါတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲနှင့် သုံးလတာ ရက် ၉၀ စီမံကိန်း ရာနှုန်းပြည့်အောင်နိုင်ရေးအစည်းအဝေးပွဲအား နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းက ရွှေမော်ဓောဘုရားရှိ တိုင်းပါတီရုံးအစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။ အစည်းအဝေးသို့ ပါတီဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဌဦးရဲမြင့်ထွန်း၊ တိုင်းပါတီအတွင်းရေးမှူးဦးအောင်နိုင်နှင့် တိုင်းကော်မတီဝင်များ၊ ခရိုင်ဥက္ကဌများ၊ မြို့နယ်ဥက္ကဌများတက်ရောက်ခဲ့ပါသည်။

လှည်းကူးခရိုင်၊ အင်းတိုင်ဒေသ အောင်နိုင်ရေးနယ်မြေ စည်းရုံးရေးကွင်းဆင်း ခြင်း

ရန်ကုန်၊ နိုဝင်ဘာ၊ ၁၇

လှည်းကူးခရိုင်ပါတီ ဥက္ကဌ ဦးအောင်မျိုးနိုင်မှ ဦးဆောင်ကာ ခရိုင်လူငယ်နှင့်အမျိုးသမီးရေးရာတို့မှ လူငယ်ကဏ္ဍအသွင်သစ်နှင့်စည်းရုံးရေး ခေါင်းစဉ်ဖြင့်အပြန်အလှန် ဆွေးနွေးခဲ့ကြပြီး၊ တွေဆုံပွဲကို အင်းတိုင်ဒေသ ပြည်ခိုင်ဖြိုးပါတီမှ ရပ်ကျေးများ၊အမျိုးသမီး/ လူငယ် ရေးရာအဖွဲ့များ ဒေသခံများတက်ရောက်ကာ ဆွေးနွေးပွဲကို နံနက်(၉:၀၀) မှစတင်ကာ နေ့လည် (၁၂:၀၀) နာရီ အချိန်တွင် အောင်မြင်အေးချမ်းစွာ ရုတ်သိမ်းခဲ့ပါသည်။