ရန်ကုန် နိုဝင်ဘာ ၁၃
ယနေ့ ၁၃. ၁၁.၂၀၂၂ ရက် တနင်္ဂနွေနေ့ နေ့လည် ၂:ဝဝနာရီအချိန်၌ ဒဂုံမြို့သစ်ခရိုင် ဒဂုံအရှေ့မြို့နယ် ပါတီရုံးဝင်း၌ ရပ်ကွက်ကော်မတီအဖွဲ့များ၊ ပါတီအမာခံများ နှင့် တွေ့ဆုံပွဲဆောင်ရွက်ရာ ဗဟိုကော်မတီဝင် ရန်ကုန်တိုင်းဒေသကြီး တိုင်းကော်မတီဝင် ခရိုင်နယ်မြေတာဝန်ခံ ဒေါ်အေးအေးမြင့်၊ ဒဂုံမြို့သစ်ခရိုင် ပါတီဥက္ကဌ ဒေါ်ဇာခြည်လင်း၊ ခရိုင်ကော်မတီဝင် ဒဂုံအရှေ့ မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးမြင့်ခိုင်၊ မြို့နယ် ပါတီအတွင်းရေးမှုး ဦးလှမျိုးနှင့် မြို့နယ်ပါတီကော်မတီများ ဒဂုံအရှေ့မြို့နယ် ရပ်ကွက်များမှ ရပ်ကွက်ကော်မတီအဖွဲ့များ၊ အမာခံပါတီဝင်များ စုစုပေါင်း အင်အား ၂၀၀ ဦးခန့် တက်ရောက်ခဲ့ကြသည်။