အကူအညီလိုအပ်နေသောအိမ်ထောင်စု (၃၅)စုအား အခြေခံစားသောက်ကုန်များထောက်ပံ့

ရှမ်းပြည်နယ်၊မြောက်ပိုင်း ၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီပြည်နယ် ပါတီအတွင်းရေးမှူး ဒေါက်တာလဆိုင်းဦးဆောင်သောပြည်နယ်၊ခရိုင်မြို့နယ်၊ပါတီ ဝင်များသည် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၂၆)ရက်နေ့တွင် ရှမ်းပြည်နယ်မြောက် ပိုင်း၊လားရှိုးမြို့နယ်၊ဆုံကွယ်ကျေးရွာရှိ သဘာဝဘေးအန္တရာယ် ကြုံတွေ့ခဲ့ရသော အိမ်ထောင်မိသားစု(၃၅)စုတို့အားသွားရောက်၍ရင်းရင်းနှီးနှီးတွေ့ဆုံအားပေး စကားများ ပြောကြားပြီး၄င်းတို့အတွက်ဆန်၊ဆီနှင့်ဆားစသည့်အခြေခံစားသောက်ကုန် ပစ္စည်းများကို ထောက်ပံ့ပေးခဲ့

ပါသည်။

 


ရှမ်းပြည်နယ်(တောင်းပိုင်း)ပြည်နယ်ပါတီဥက္ကဋ္ဌ First -time voters လူငယ်များနှင့်တွေ့ဆုံ

၂၅.၁၂.၂၀၂၂ရက်​နေ့နံနက်(၁၀း၃၀)ချိန် လွိုင်လင်ခရိုင်ခန်းမတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ပါတီဥက္ကဌ ဦးစိုင်းလုံ​ကျော်သည် ပြည်နယ်ပါတီ ကော်မတီဝင်များနှင့်အတူလွိုင်လင်မြို့နယ်ရှိ First -time voters လူငယ်များနှင့် တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် ဥက္ကဌဦးစိုင်းလုံကျော်က ယ​နေ့လူငယ်များ၏ အရေးပါမှု လက်ရှိနိုင်ငံ​ရေးအ​ခြေအ​နေ၊​မဲတစ်မဲ၏တန်ဖိုးရှိမူ၊ရွှေး​ကောက်ပွဲအ​ကြောင်း ဆွေးနွေးခဲ့ပါသည်။ လူငယ်များ၏ဆွေးနွေးချက်တွင်အလုပ်အကိုင်ရှားပါးမှု၊ကုန်စျေးနှုန်းများကြီးမြင့်မှုများကြောင့်မိသားစုများစားဝတ်​နေ​ရေးခက်ခဲကြောင်း၊ ပညာသင်အရွယ်တွင်ကျောင်းထွက်၍ မိဘများနှင့်အတူကျဘမ်း အလုပ်များ လုပ်ကိုင်နေရကြောင်း၊မိမိ​ဒေသအတွက်လမ်းနှင့်ရေအခက်အခဲရှိပါကြောင်း၊ သက်မွေးပညာကိုလည်း သင်တန်း ဖွင့်ပေးစေလိုကြောင်း(စက်ချုပ် သင်တန်း)အားကစားပွဲများကို ကျင်းပပေးစေလိုကြောင်းနှင့် လာမည့်​ရွှေး​ကောက်ပွဲ​အောင်မြင်စွာ ကျင်းပနိုင်မူရှိနိုင်မည့်အ​ခြေအ​နေများကို​မေးမြန်းဆွေး​နွေးခဲ့ကြရာ ပြည်နယ်ဥက္ကဌနှင့်​ကော်မတီဝင််များကလူငယ်များ၏ဆွေးနွေးချက်များအပေါ် ပြန်လည်ရှင်းလင်း ဆွေးနွေး  ခဲ့ပါသည်။

ပြည်ခိုင်ဖြိုးပါတီမှဦးစီးကျင်းပပေးမည့် ပိုက်ကျော်ခြင်း ပြိုင်ပွဲဖြစ်မြောက်ရေးဆွေးနွေး

(၂၅.၁၂.၂၀၂၂)ရက်နေ့၊ နံနက် (၁၀း၃၀) နာရီ တွင် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမောင်မောင်လွင်၊ လူငယ် ရေးရာ တာဝန်ခံ ဒေါ်အိအိအောင်တို့မှ ရပ်စောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီမှ ကျင်းပသော ၇၅နှစ်​ေမြာက်စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အလွတ်တန်း ပိုက်ကျော်ခြင်း အားကစား ပြိုင်ပွဲကျင်းပပြုလုပ်နိူင်ရေးအတွက် အကြိုညှိနိူင်းအစည်းအဝေးကို မြို့နယ် ပါတီရုံး၌ ကျင်းပပြုလုပ်ရာ မြို့နယ်အတွင်းရှိ ပိုက်ကျော်ခြင်း အားကစားသမားဟောင်းများ ၊ ဝါသနာရှင် လူငယ်များ တက်ရောက် ခဲ့ကြပြီး ပြိုင် ပွဲကျင်းပ ပြုလုပ်နိုင်ရေးအတွက် ညှိနိူင်းဆွေးနွေးခဲ့ကြပါသည်။

ပြည်နယ်ဥက္ကဋ္ဌနှင့်နမ့်စန်မြို့နယ်ကော်မတီဝင်များ၊ ရပ်/ ကျေးများနှင့် တွေ့ဆုံဆွေးနွေး

(၂၅.၁၂.၂၀၂၂)ရပ်​နေ့ (၁၄း၀၀)နာရီချိန် နမ်စန်ခရိုင် နမ်စန်မြို့နယ်ပါတီရုံးတွင်ရှမ်းပြည်နယ်(တောင်ပိုင်း) ပါတီဥက္ကဌ ဦးစိုင်းလုံကျော်နှင့်ပြည်နယ် ပါတီကော်မတီဝင်များ ဖြစ်ကြ​သော ​ဒေါ်နန်း​ဝါဝါ​ထွေး(ဘဏ္ဍ) ၊ဦးစိုင်းစံဝင်း(စည်းကမ်း)​၊ဒေါ်ခင်​ထွေး​အောင်(စည်းရုံး)  ဦးစောထွန်းခိုင်(လူငယ်)တို့နှင့် အတူနမ့်စန်ခရိုင် ပါတီဥက္ကဌ ဦး​ဌေးလွင်နှင့်​ကော်မတီဝင်များ၊ ကွန်ဟိန်းပါတီဥက္ကဌ ဦးစိုင်းနုနှင့်​ကော်မတီဝင်များ၊ မိုးနဲပါတီ ဥက္ကဌ ဦးဝင်း​ဇော်မိုးနှင့်​ကော်မတီဝင်များ၊နမ်စန်ပါတီဥက္ကဌ ဦးစိုင်းဝင်းထွန်း၊မြို့နယ်​ကော်မတီဝင်များနှင့် ရပ်ကွက်​ကျေးရွာပါတီဥက္ကဌများနှင့်တွေ့ဆုံခဲ့ပါသည်၊ ရှေ့ဦးစွာပြည်နယ်ပါတီဥက္ကဌက ရက်၉၀ စီမံချက် ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့်တွေ့ကြုံရသည့် နယ်မြေအခြေအနေများတင်ပြကြရန်ဆွေးနွေးခဲ့ပါသည်။ မြို့နယ်များမှလည်းဆောင်ရွက်ပြီးစီးမှုများကို ပြန်လည်ဆွေးနွေးတင်ပြကြပါသည်။

ပြင်ဦးလွင်ခရိုင်/မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှဒေသခံပြည်သူများနှင့်တွေ့ဆုံ

၂၆-၁၂-၂၀၂၂ ရက်နေ့ ၁၄:၃၀ အချိန်တွင် ပြင်ဦးလွင်မြို့၊ရပ်ကွက်ကြီး(၁၀)၊သီရိပဒေသာဓမ္မာရုံတွင် ပြင်ဦးလွင် ခရိုင်/မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲကျင်းပပြုလုပ်ခဲ့ရာ မန္တလေးတိုင်း ဒေသကြီးပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှုးဦးညွန့်ဆောင်၊ ပြင်ဦးလွင်ခရိုင်ဥက္ကဌ ဦးဟိန်းမင်း ဦးနှင့်ကော်မတီဝင်များ၊ပြင်ဦးလွင်မြို့နယ်ဥက္ကဌဦးဝင်းဇော်၊အတွင်းရေးမှုးဦးသိန်းဆွေနှင့်ကော်မတီဝင်များ၊ ပါတီဝင်များ၊ ဒေသခံပြည်သူများတက်ရောက်ခဲ့ကြပြီး နိူင်ငံတော်တွင် ဖြစ်ပေါ်လျက်ရှိသော နိူင်ငံရေး အခြေအနေများ၊ပြည်ခိုင်ဖြိုးပါတီမ ှဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်များ နှင့်ဆက်လက် ဆောင်ရွက် သွားမည့်လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။တွေ့ဆုံပွဲအပြီးတွင် ခရိုင်/မြို့နယ် ကော်မတီဝင် များက ပါတီဝင်အင်အားစိစစ်ခြင်းဆက်လက်ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

ဒိုက်ဦးမြို့နယ်တွင်လူငယ်ရေးရာ စကားဝိုင်းပြလုပ်

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ဒိုက်ဦးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမတွင် ဒီဇင်ဘာလ ၂၄ ရက်နေ့မွန်းလွဲပိုင်းက ပထမဆုံးမဲဆန္ဒပေးနိုင်မည့် လူငယ်ပါတီဝင် များနှင့် တိုင်းဒေသကြီးပါတီတာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးစကားဝိုင်း အားကျင်းပပြုလုပ်ခဲ့သည် ။

ပျော်ဘွယ်မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှပါတီဝင်များ၊First Time Voters များနှင့်တွေ့ဆုံ

(၂၅-၁၂-၂၀၂၂)ရက်နေ့ နံနက် (၁၀:၃၀)အချိန်တွင် ပျော်ဘွယ်မြို့၊သဖန်းချောင်းအုပ်စု၊  ထိန်အင်းကျေးရွာ တွင် ပါတီဝင်များ၊First Time Voters များနှင့်တွေ့ဆုံပွဲပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီးပါတီ ကော်မတီဝင် ဒေါ်သန်းသန်းအေး၊ပျော်ဘွယ်မြို့နယ်ဥက္ကဌ ဦးအောင်နိူင်ညွန့်နှင့်ကော်မတီဝင်များ၊ ပါတီဝင် များ ၊First Time Voters လူငယ်များတက်ရောက်ခဲ့ကြပြီးလာမည့်ရွေးကောက်ပွဲတွင်ကျင့်သုံးမည့် PR စနစ်အကြောင်း၊လက်ရှိနိူင်ငံရေးအခြေအနေနှင့်ပြည်ခိုင်ဖြိုးပါတီမှဆောင်ရွက်လျက်ရှိသောလုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။


ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌမှ အင်းစိန်(ရွာမ)ဆရာတော်ဘုရားကြီးအား ဝတ္ထုငွေနှင့် လှူဘွယ်ပစ္စည်းများ ဆပ်ကပ် လှူဒါန်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့ နေ့လည် ၁၄၀၀ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ ရွာမပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယကဆရာတော် နိုင်ငံတော်သြဝါဒစရိယ၊ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း  ဂေါပက အဖွဲ့သြဝါဒစရိယ၊ အဂ္ဂမဟာပဏ္ဍိတ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တတိလောကာဘိဝံသ ထံသို့သွားရောက်ပြီး ဝတ္ထုငွေနှင့် လှူဘွယ်ပစ္စည်းများအား ဆပ်ကပ်လှူဒါန်းကာ သြဝါဒခံယူခဲ့ပါသည်။ အဆိုပါလှူဒါန်းရာသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌနှင့် အတူ ပါတီဗဟို အလုပ်အမှုဆောင် ရန်ကုန်တိုင်း ဒေသကြီး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုး၊ တိုင်း/ခရိုင်/မြို့နယ် ပါတီတာဝန်ရှိ သူများ မှလည်း ဆရာတော်အား ဖူးမျှော်ပြီး သြဝါဒခံယူခဲ့ကြပါသည်။

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) သာယာတီမြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီ ကွင်းဆင်းဆောင်ရွက်

၂၀၂၂ဒီဇင်ဘာ ၁၉၊သာယာဝတီ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) သာယာဝတီခရိုင် သာယာဝတီမြို့နယ် သပြေကုန်းကျေးရွာအုပ်စု၊ မဒေါ့ကျေးရွာ၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဝင်များနှင့် တိုင်းပါတီ ကော်မတီဝင် ဦးတင်စိုး သာယာဝတီခရိုင်ဥက္ကဌ ဦးသိန်းဇော် မြို့နယ်ဥက္ကဌ ဦးကျော်စိုး၊ မြို့နယ်ပါတီ အတွင်းရေးမှူး ဦးကျော်ဇေယျ မြို့နယ်ကော်မတီဝင် ဦးထွန်းထွန်းအောင်၊ ဦးတင်မောင်ဝင်း၊ ဒေါ်ခင်လေးနွယ်တို့တက်တို့ တက်ရောက်ပြီး၊ အခန်းအနားတွင် ရက်(၉၀)စီမံချက်ရှင်းလင်းခြင်း၊ ရွေးကောက်ပွဲ တွင်ကျင့်သုံးမည့်PR စနစ်ရှင်းလင်းခြင်း၊ပါတီဝင်အင်အားအတိုး၊ အလျော့စာရင်းများ ပြုလုပ်ခြင်း၊ ပါတီဝင်အသစ်များစုဆောင်းခြင်းလုပ်ငန်းများဆောင်ရွက်ကြောင်းသိရှိရပါသည်။

နယ်မြေကွင်းဆင်း၍ရပ်/ ကျေးများနှင့်တွေ့ဆုံဆွေးနွေး

ယနေ့ ညနေ (၅)နာရီတွင် မိုးမိတ်မြို့နယ် ပါတီ  ဘဏ္ဍာ ရေးမှူး ဒေါ်ခင်မြင့်ဌေး ၊ အမျိုးသမီးရေးရာ တာဝန်ခံ ဒေါ်နှင်းဆီ နှင့် မြို့နယ် အရံကော်မတီဝင် ဦးဌေးဝင်း တို့သည် တောင်ပိုင်းရပ်ကွက်ရှိရပ်/‌ကျေး ပါတီဝင်များ နှင့် တွေ့ဆုံ၍ ရက်(၉၀)စီမံချက် လုပ်ငန်းစဉ်များ၊လာမည့်ရွေးကောက်ပွဲတွင် ပြုလုပ်မည့် PR စံနစ် နှင့် ပါတီ၏ ရှေ့လုပ်ငန်းစဉ်များ ရှင်းလင်းခဲ့ပါသည်။ ယင်းတွေ့ဆုံပွဲသို့ တောင်ပိုင်းရပ်ကွက်ဥက္ကဌ ဦးမိုးနိုင် နှင့် ကော်မတီဝင်များ တက်ရောက်၍ အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။