ပျော်ဘွယ်၊ သြဂုတ် ၃၁
COVID-19 ရောဂါဖြစ်ပွားစဉ်ကာလအတွင်း ပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များကို လိုက်နာကြရန် ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက တိုက်တွန်းပြောကြား လိုက်သည်။ “ကျွန်တော်တို့ ပြည်သူတွေအနေနဲ့ ယခုလို ရောဂါဖြစ်ပွားတဲ့ကာလမှာ ကျန်းမာရေးအထူး ဂရုစိုက် ကြဖို့လိုတယ်။ မိမိကိုယ်ကိုယ်မိမိ ဂရုစိုက်ရမှာဖြစ်တယ်။ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်တွေကိုလည်း လိုက်နာကြဖို့ လိုတယ်”ဟု ဦးသောင်းအေးက ပြောသည်။