
မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများတွင် ဆက်သွယ်ရေးကွန်ရက် တိုးချဲ့နိုင်ခဲ့ခြင်းကြောင့် ၂၀၁၆ ပထမ သုံးလပတ်၌ နော်ဝေးအခြေစိုက်တယ်လီနောအုပ်စုသည် စံချိန်တင် ၀င်ငွေရရှိခဲ့ကြောင်း ကုမ္ပဏီက သတင်းထုတ်ပြန်သည်။ တယ်လီနောမြန်မာကုမ္ပဏီသည် မြန်မာနိုင်ငံ၌ ၂၀၁၄ အောက်တိုဘာတွင် ဆက်သွယ်ရေး ကွန်ရက်စတင်ခဲ့ပြီး ဒုတိယဈေးကွက်ဝေစု အများဆုံးပိုင်ဆိုင်ထားကာ ၀င်ငွေရရှိမှု တိုးတက်ရှိနေကြောင်း၎င်းတို့၏ အစီရင်ခံစာ၌ ဖော်ပြထားသည်။






