
Net Neutrality ပတ်သက်၍ အင်တာနက် အသုံးပြုသူများအကြား နားလည်မှု နည်းပါးနေကြပြီး Zero Rating အဖြစ် အခကြေးငွေ ပေးစရာမလိုအပ်သော ဝက်ဘ်ဆိုက်များမှာလည်း စွန့်ဦးတီထွင်လိုသူများ အတွက် ဈေးကွက်ဝင်ရောက် ရန် အခက်အခဲ ဖြစ်ပွားစေသည်ဟု MIDO မှ မရတနာက ပြောသည်။ “ဥပမာ Facebook ကို အလကားသုံးလို့ရမယ်။ မြန်မာနိုင်ငံက Developer တစ်ယောက်က Facebook လို ဟာမျိုးတစ်ခု ထွင်မယ်။ ပိုကောင်းမယ်။ ဒါပေမဲ့ အလကားမရတဲ့ အတွက် လူတွေက အလကားရတာကိုပဲ သုံးကြမယ်။ ဒီဘက်က တီထွင်ရေးသားသူက ဆုံးရှုံးမှုတွေ ဖြစ်သွားရော။ ဈေးကွက်ထဲဝင်တိုးလို့ မရတော့ ဘူး” ဟု မရတနာက ဆိုသည်။







