
မြန်မာနိုင်ငံ၏ ဟိုတယ်နှင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခမဲ့ပညာသင်ကြားပေးရန် Park Royal Hotel နှင့် စင်ကာပူ-မြန်မာ အသက်မွေးဝမ်း ပညာ သင်ကျောင်း (SMVTI) တို့ ပူးပေါင်းဆောင်ရွက်ရန် နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးခြင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ဟိုတယ်နှင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခမဲ့ပညာသင်ကြားပေးရန် Park Royal Hotel နှင့် စင်ကာပူ-မြန်မာ အသက်မွေးဝမ်း ပညာ သင်ကျောင်း (SMVTI) တို့ ပူးပေါင်းဆောင်ရွက်ရန် နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးခြင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယခင်ကျင်းပခဲ့သော လွှတ်တော်၌ လွှတ်တော်ဆိုင်ရာ အချက်အလက်များကို ဒီဂျစ်တယ်စနစ်ဖြင့် ရရှိခဲ့ သော်လည်း ယခုကျင်းပသည့် လွှတ်တော်တွင် လွှတ်တော်နှင့် သက်ဆိုင်သည့် အချက်အလက်များကို ဒီဂျစ်တယ်စနစ်ဖြင့် ပြင်ပသို့ပေးအပ်ခြင်း မရှိတော့သည့်အတွက် ဆွေးနွေးမှုများ ပြုလုပ်နေရကြောင်း သိရသည်။
(၂၀၁၆) ခုနှစ် ဇွန် (၂၆)ရက်တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့် တရားမ၀င် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ကွန်ပျူတာပိုစတာပြိုင်ပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
(၁၉)ကြိမ်မြောက်ပြုလုပ်သည့် အဆိုပါ ကွန်ပျူတာပိုစတာပြိုင်ပွဲအား ယခင်နှစ်များနှင့်မတူဘဲ နည်းပညာနှင့် ဖန်တီးမှု အရည်အသွေးများကိုကြည့်ပြီး ရွေးချယ်စိစစ်သွားမည်ဖြစ်ကြောင်း ရွေးချယ်ပုံနှင့်ပတ်သက်၍ MCF ဒိုင်အဖွဲ့ဝင်ဖြစ် သည့် ဦးရဲကျော်သိန်းက ပြောသည်။
တပ်မတော်က သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို နေပြည်တော် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ရှိ ဘုရင့်နောင်ရိပ်သာ ၌ မေလ (၁၃) ရက် မွန်းလွဲ (၂) နာရီတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့ ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးထံမှ သိရသည်။

အခြေခံပညာကျောင်းများရှိ မူလတန်းပြဆရာများ အလယ်တန်းပြလျှောက်ထားပါက ရာထူးတိုးစာမေးပွဲ ဖြေဆိုရန် မလိုတော့ကြောင်း နှုတ်ဖြင့်ဖြေကြားခဲ့သော်လည်း တရားဝင်ထုတ်ပြန်ပေးခြင်း မရှိသေးသည့် အတွက် ရာထူးတိုးလျှောက်မည့် ဆရာများအကြား အငြင်းပွားဖွယ် ဖြစ်ပေါ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ် အတွင်းရေးမှူး ဦးသုတက ပြောကြားသည်။

Chatriumဟိုတယ်မှ ရွှေပြည်သာမြို့နယ် န၀ရတ်လမ်းရှိ နဝရတ် ဘုန်ကြီးတော်ကြီးသင် ပရဟိကျောင်း ပညာရေးအတွက် စာသင်ကျောင်းဆောင်သစ်များ ထပ်မံ တည်ဆောက်ပေးရန် စီစဉ်ဆောင်ရွက် နေကြောင်း Chatrium ဟိုတယ်မှ Marketing Communication လက်ထောက် ဒါရိုက်တာဖြစ်သူ ဒေါ်သင်ဇာမြတ်မွန်က ပြောကြားသည်။

စီးပွားရေးဇုံ အများပိုင်ကုမ္ပဏီ (MTSH) ၏ အစုရှယ်ယာများကို မေ ၂၀ရက် ဈေးကွက်စဖွင့် သည့် အချိန်မှ စ၍ ရန်ကုန်စတော့အိတ်ချိန်းတွင် စတင်ရောင်းဝယ် နိုင်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ မြန်မာသီလ၀ါ အထူးစီးပွားရေးဇုံ ကုမ္ပဏီသည် ၂၀၁၃ ခုနှစ်၊ မတ်လတွင် စတင်တည်ထောင်ခဲ့သည့် အများပိုင် ကုမ္ပဏီ တစ်ခုဖြစ်ပြီး မတူညီသည့်စီးပွာရေး ကဏ္ဍအသီးသီးမှ အများပိုင်ကုမ္ပဏီကြီး (၉) ခုမှကနဦး မတည်တည် ထောင်သူများ အဖြစ် ပါဝင်တည်ထောင်ထားသော ကုမ္ပဏီ အစုအဖွဲ့ တစ်ခုဖြစ်သည်။

မြန်မာ-ဘင်္ဂလား ဒေ့ရှ်နှစ်နိုင်ငံ ကုန်သွယ်မှုလုပ်ငန်းများ မြှင့်တင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်သံအမတ်က ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့်လာရောက် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလား ဒေ့ရှ်သံအမတ် Moham Sufiur Rahman နှင့် အဖွဲ့သည် မေလ ၇ရက်တွင် ရခိုင်ပြည်နယ် အစိုးရ အဖွဲ့နှင့်တွေ့ဆုံ၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၌ဈေးကွက် ရရှိနေပြီဖြစ်သော ရခိုင်ပြည်နယ် ထွက်ကုန် ပစ္စည်းများ ကို တိုးမြှင့်ပို့ဆောင်ပေးရန်နှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍတိုးမြှင့် ဆောင်ရွက်ရေးတို့အတွက် ဆွေးနွေး ခဲ့ကြောင်း ပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။

ဇာတ်ညွှန်းရေးနည်းသင်တန်းကို PEN Myanmar နှင့် အကယ်ဒမီဒေါ်ဆွေဇင်ထိုက်တို့က ပူးတွဲဖွင့်လှစ် ခြင်းဖြစ်ပြီး ပထမဆုံးအကြိမ်ဖွင့်လှစ်ခြင်းဖြစ်ကာ သင်တန်း ကာလ ၃လ ကြာမြင့်မည်ဖြစ်သည်။ သင်တန်း တက်ရောက်သူသင်တန်းသား၊ သင်တန်းသူများထံမှ အပြည်ပြည်ဆိုင်ရာ ပြိုင်ပွဲများတွင် ၀င်ရောက် ယှဉ်ပြိုင် နိုင်မည့် ဇာတ်ညွှန်းကောင်းအနည်းဆုံး ၃ခု ရရှိနိုင်ရန်နှင့် ၂၀၂၀ခုနှစ်တွင် ကျင်းပမည့် မြန်မာ့ရုပ်ရှင် နှစ် ၁၀၀ ပြည့်ပွဲတော်၌ မြန်မာနိုင်ငံမှ ရေးသားသည့် ဇာတ်ညွှန်းကို နိုင်ငံတကာနှင့် ပူးပေါင်းရိုက်ကူးထားသည့် ရုပ်ရှင် ဇာတ်ကားကို တင်ဆက်ပြသသည့်အတွက် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း အကယ်ဒမီဒေါ်ဆွေဇင်ထိုက်က ပြောသည်။

မြန်မာနိုင်ငံအလယ်ပိုင်းဒေသ ကမ္ဘာလှည့်ခရီးသည် လာရောက်မှုများပြားရာ ပုဂံဒေသသို့ တိုက်ရိုက် လေယာဉ် ပျံသန်း ပြေးဆွဲနိုင်ရေးကို ထိုင်းနိုင်ငံအနေဖြင့် ကြိုးစားလျက်ရှိကြောင်း အစိုးရတာဝန်ရှိသူ တစ်ဦးက မေ ၄ ရက်တွင် ပြောသည်။
မန္တလေးတိုင်းဒေသကြီးရှိ ရှေးဟောင်း ဘုရားစေတီဂူပုထိုးများ ၂၂၀၀ နီးပါး တည်ရှိသည့် ပုဂံဒေသသို့ တိုက်ရိုက် လေကြောင်းလမ်းကြောင်းသစ် ပြေးဆွဲနိုင်ရေးကို မကြာမီက ကျင်းပခဲ့သည့် ကက်ဘိနက် အစည်းအဝေး၌ ခရီးသွား လုပ်ငန်းနှင့် အားကစားဝန်ကြီး ကော့ကန်းဝတ်တာနာ့ရန်ဂကူက အဆိုပြုခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကပြောသည်။