Boot Camp သို့တက်ရောက်ရန် MyanZen နှင့် GoP အဖွဲ့ကို ရွေးချယ်

13055498_1301478023201056_6074499030859199089_n

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပမည့် Boot Camp သို့ တက်ရောက်ရန် မြန်မာနိုင်ငံမှ MyanZen နှင့် GoP အဖွဲ့နှစ်ဖွဲ့ကို ရွေးချယ်ထားသည်ဟု Telenor Myanmar မှ သိရသည်။ အဆိုပါ အဖွဲ့နှစ်ဖွဲ့သည် ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့ မှ အလားတူရွေးချယ်ထားသော အဖွဲ့များနှင့်အတူ Boot Camp သို့ တက်ရောက်ရမည်ဖြစ်ပြီး Telenor ၏ Accelerate အစီအစဉ်အရ Boot Camp သို့တက်ရောက်ကြ ခြင်းလည်း ဖြစ်သည်။ Boot Camp သည် အချိန်လေးလကြာမြင့်မည့် Camp တစ်ခုဖြစ်ပြီး Camp အတွင်း Silicon Valley မှ ကျွမ်းကျင်ပညာရှင်များ၏ အလုပ်ရုံဆွေးနွေးပွဲများကို တက်ရောက်ကြရမည် ဖြစ်သည်။ အလားတူ Camp အတွင်း စွန့်ဦးတီထွင် လုပ်ငန်းရှင်များနှင့် တွေ့ ဆုံဆွေးနွေးခွင့်များ၊ အကျိုးတူ ရင်းနှီးမြှုပ်နှံလို သူများနှင့် တွေ့ဆုံ ဆွေးနွေးခွင့်များကိုလည်း ရရှိမည်ဖြစ်သည်။  (more…)


ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးမိသားစု ကိုယ်စား ကြံခင်းပြည်ခိုင်ဖြိုးပါတီ ရွှေသင်္ကန်း ဆက်ကပ်လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့ ချမ်းသာကြီးစေတီတော် မြောက်ဘက် လိုဏ်မုခ်အတွင်း သီတင်းသုံး ကိန်းဝပ်လျက်ရှိသော ဆင်းတုတော်မြတ်အား ရောင်တော်ဖွင့် ရွှေသင်္ကန်း ဆက်ကပ် လှူဒါန်းရန်အတွက် အလှူငွေကျပ် နှစ်သိန်း ရှစ်သောင်းကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦးနှင့် ဇနီး ဒေါ်နီနီဝင်း မိသားစုတို့က လှူဒါန်းခဲ့ကြသည်။

တာချီလိတ် မီးဘေးသင့်ပြည်သူများ အတွက် အလှူငွေများ လှူဒါန်း

TCLLL

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်တွင် ဧပြီလ (၉) ရက်နေ့က မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးလောင်မှုကြောင့် လူနေအိမ်(၂၉)လုံး မီးလောင် ဆုံးရှုံးခဲ့ရပြီး အိမ်ထောင်စု (၁၆၉)စု အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့သည့်အတွက် မဟာမြတ်မုနိဘုန်းကြီးကျောင်းတွင် ယာယီ ကယ်ဆယ် ရေးစခန်း ဖွင့်လှစ်ပြီး မြို့နယ်အစီအစဉ်ဖြင့် စားသောက်ရေးကိစ္စရပ်များ ဆောင်ရွက်ပေးလျှက် ရှိသည်။

TCLL1

ဆက်သွယ်ရေးအော်ပရေတာလုပ်ငန်းလိုင်စင် ပဏာမစာရင်းဝင် ပြည်ပမိတ်ဖက်ကုမ္ပဏီ Viettel က မြန်မာနိုင်ငံတွင် ကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်ဟုဆို

ပြည်တွင်း၌ စတုတ္ထမြောက်ဆက်သွယ်ရေး အော်ပရေတာလုပ်ငန်းလိုင်စင်အတွက် ပဏာမ ရွေးချယ်စာရင်းတွင် ပါဝင်သော ပြည်ပမိတ်ဖက် ကုမ္ပဏီအဖြစ် ရွေးချယ်ခံထားရသည့် ဗီယက်နမ် ဆက်သွယ်ရေး Viettel ကုမ္ပဏီက မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း နိုင်ငံတကာ သတင်းဌာနတစ်ခုဖြစ်သည့် www. capacitymedia. com တွင် ဧပြီ ၁၉ ရက်ဖော်ပြချက်အရ သိရသည်။

ကျောင်းကြီးအိုးတန်းရပ်တွင် မီးမတော်တဆမှုဖြစ်ပွား

ပဲခူးတိုင်းဒေသကြီး ပြည်မြို့ ကျောင်းကြီးအိုးတန်းရပ်ကွက် ကုန်သည်လမ်းရှိ ဦးခင်မောင်ဝင်း၏နေအိမ် ပေ ၄ဝx၁၅ပေ သွပ်မိုး၊ ထရံကာမြေစိုက်နေအိမ်တွင် ယမန်နေ့ နံနက် ၃ နာရီ ၃၅မိနစ်ခန့်တွင် လျှပ်စစ်ဝိုင်ယာကြိုးများ အပူလွန်ကဲ၍ မီးစတင်လောင်ကျွမ်းခဲ့ရာ သန္ဓေနှင့်အရန်မီးသတ်စခန်းများမှ မီးငြှိမ်းသတ်ယာဉ် ၁၁ စီး၊ သန္ဓေ ၂ဝ ဦး၊ အရန် ၄၅ ဦးတို့သွားရောက်ငြှိမ်းသတ်ရာ နံနက် ၃ နာရီ ၄၂ မိနစ်တွင် မီးငြှိမ်းနိုင်ခဲ့သည်။
အဆိုပါမီးလောင်ကျွမ်းမှုကြောင့် ဝါးထရံတစ်ချပ် မီးလောင်ကျွမ်း ခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ် ၅ဝဝဝခန့်ရှိကြောင်း ပြည်ခရိုင်မီးသတ် ဦးစီးမှူးရုံးမှ သိရသည်။