
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အောက်ရှိ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၏ ၂၀၁၆-၂၀၁၇ ပညာ သင်နှစ်အတွက် ပထမနှစ် ဝင်ခွင့်လျှောက်လွှာ များ ခေါ်ယူလျက်ရှိကြောင်း သိရသည်။ အမျိုးသားဦးရေ ၂၀၀ နှင့် အမျိုးသမီးဦးရေ ၂၀၀၊ စုစုပေါင်း ၄၀၀ ဦး လက်ခံမည်ဖြစ်ပြီး တက္ကသိုလ်ဝင် စာမေးပွဲတွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ ဇီဝဘာသာတွဲဖြင့် အောင်မြင်ပြီး ရမှတ်စုစုပေါင်း ၃၆၀ နှင့်အထက် ရရှိသူများ လျှောက်ထားနိုင်မည်ဖြစ်သည်။









