ပါတီမျက်နှာစုံညီစည်းဝေးပွဲ မြန်အောင်တွင်ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး မြန် အောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီ အစည်းအဝေးကို ယမန်နေ့တွင် မြန်အောင်မြို့ ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမ၌ကျင်းပသည်။
မျက်နှာစုံညီ အစည်းအဝေး ပထမပိုင်းတွင် သဘာပတိအဖြစ် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှု ဆောင် ဦးသန်းဌေးကဆောင်ရွက်ပြီး သဘာပတိအဖွဲ့ဝင်များအဖြစ်ပါတီ ဗဟိုကော်မတီဝင် ဦးခင်မောင်ရီနှင့် ခရိုင်ပါတီကော်မတီဝင်ဒေါက်တာ သန်းထွဋ်တို့က ဆောင်ရွက်ကြသည်။
အစည်းအဝေး ပထမပိုင်းတွင် သဘာပတိက အဖွင့်အမှာစကား ပြောကြားခြင်း၊ဧရာဝတီတိုင်းဒေသ ကြီးပါတီအတွင်းရေးမှူးဦးအောင် တင်မြင့်က အမှာစကားပြောကြား ခြင်း၊ မြို့နယ်ပါတီကော်မတီ ပြန် လည်ပြင်ဆင် ရွေးချယ်ရေးအဖွဲ့ ခေါင်းဆောင်ဦးခင်မောင်ရီက ရွေး ချယ်ခြင်းဆိုင်ရာများရှင်းလင်းပြော ကြားခြင်းနှင့်မြို့နယ်ပါတီကော်မတီ ဝင်များက စာတမ်းများဖတ်ကြား ကာ အခမ်းအနား ပထမပိုင်းကို ရပ်နားလိုက်သည်။ မျက်နှာစုံညီ အစည်းအဝေး ပထမပိုင်းအခမ်း အနားသို့မြို့မိမြို့ဖများ၊ မြန်အောင် မြို့ပေါ်ရှိ လူမှုရေးအသင်းအဖွဲ့များ၊ မြို့နယ်ပါတီကော်မတီဝင်များနှင့် ရပ်/ကျေးမှပါတီကိုယ်စားလှယ်များ တက်ရောက်ကြသည်။

တိုင်းဒေသကြီးပါတီဥက္ကဋ္ဌဦးသာအေးမုံရွာမြို့နယ်ပါတီ မျက်နှာစုံညီအစည်းအဝေးတက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသာအေးသည် ယခု လ ၂၆ရက် နံနက် ၉ နာရီတွင် တိုင်းဒေသကြီး ပါတီရုံးအစည်းအ ဝေးခန်းမတွင်ကျင်းပသည့် မုံရွာ မြို့နယ် ပါတီမျက်နှာစုံညီအစည်း အဝေးသို့တက်ရောက်၍ လမ်းညွှန် အမှာစကားပြောကြားသည်။

ဖရူဆိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီ အစည်းအဝေးကျင်းပ

ကယားပြည်နယ် ဖရူဆိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီ အစည်းအဝေးကို ဇွန်လ (၂၇) ရက် နံနက် (၁၀း၂၀) နာရီက မြို့နယ်ပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရှိရသည်။
ဦးစွာ အခမ်းအနားမှူးက တက်ရောက်ခွင့်ရှိသူ၏ ၉၅% တက်ရောက်သဖြင့် အစည်းအဝေး အထမြောက် ကြောင်းကြေညာပြီး အခမ်းအနားကိုစတင်ရာ ပြည်နယ်ပါတီဗဟိုကော်မတီဝင် ဦးလူရယ်ဘိုးလူမှ အမှာ စကား ပြောကြား သည်။

တံတားဦးတွင် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီ အစည်းအဝေး ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီ အစည်းအဝေးကို ဇွန်လ (၂၈) ရက် နံနက် (၉) နာရီက မြို့နယ်ပါတီရုံး အစည်းအဝေး ခန်းမတွင် ကျင်းပကြောင်းသိရသည်။

အခမ်းအနား၌ သဘာပတိအဖြစ် ကျောက်ဆည်ခရိုင်ပါတီကော်မတီဝင် ဦးစန်းမြင့် က အမှာစကား ပြောကြားရာတွင် ပါတီဖွဲ့စည်းပုံအခြေခံစည်းမျဉ်းနဲ့အညီ ကျစ်လျစ်ခိုင်မာပြီး အင်အားတောင့်တင်းရေး ဆောင်ရွက်စေလိုကြောင်း၊ ဒါ့အပြင် နိုင်ငံနဲ့ပြည်သူ့အကျိုး သယ်ပိုးဆောင်ရွက်နိုင်ရေးနှင့် ရေရှည်တည်တံ့ ခိုင်မြဲရေး၊ ဖွဲ့စည်းမှု ကျစ်လျစ် ခိုင်မာရေးတို့အတွက် ယခုလို ပြန်လည်ပြင်ဆင် ဖွဲ့စည်းခြင်းဖြစ်ကြောင်း ပြောကြားသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံအကြို ပြင်ဆင်ရေး ဆပ်ကော်မတီ (၁) ၏ နိုင်ငံရေး မူဘောင်ဆိုင်ရာ သုံးသပ်ခြင်း ဒုတိယအကြိမ် ဆွေးနွေးပွဲ နေပြည်တော်၌ သုံးရက်ကြာ ပြုလုပ်မည်

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံအကြို ပြင်ဆင်ရေး ဆပ်ကော်မတီ (၁) ၏ နိုင်ငံရေး မူဘောင်ဆိုင်ရာ သုံးသပ်ခြင်း ဒုတိယအကြိမ် ဆွေးနွေးပွဲကို ဇူလိုင် ၄ ရက်မှ ၆ ရက်အထိ နေပြည်တော်၌ သုံးရက်ကြာ ပြုလုပ်မည်ဖြစ်ကြောင်း အဆိုပါ ဆပ်ကော်မတီ (၁) အဖွဲ့ဝင်များထံမှ သိရသည်။ (more…)


မြန်မာ-နယ်သာလန် လေကြောင်း တိုက်ရိုက် ပြေးဆွဲရန် သဘောတူစာချုပ် ချုပ်ဆို

မြန်မာ – နယ်သာလန် လေကြောင်းခရီးစဉ် တိုက်ရိုက်ပျံသန်း ပြေးဆွဲနိုင်ရန် နှစ်နိုင်ငံကြား သဘောတူ စာချုပ်ကို ဇွန်လ (၂၇) ရက်က လက်မှတ် ရေးထိုးခဲ့ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။ (more…)


နိုင်ငံ့ဝန်ထမ်းဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေကြမ်းတို့အား လေ့လာအကြံပြုနိုင်ရန် လွှတ်တော်ထုတ်ပြန်

နိုင်ငံ့ဝန်ထမ်း ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေကြမ်းတို့အား အများပြည်သူ လေ့လာအကြံပြုနိုင်ရန်အတွက် ပြည်ထောင်စုလွှတ်တော်က ဇွန် (၂၇) ရက်တွင် ထုတ်ပြန်ထားသည်။ (more…)


မြန်မာနိုင်ငံတစ်ဝန်း မြေငလျင် တိုင်းတာစက် အလုံး ၃ဝ တပ်ဆင်မည်

အင်အားပြင်း မြေငလျင်များလှုပ်ခတ်မည့်အခြေအနေကို လေ့လာသုတေသနပြုနိုင်ရန်အတွက် မြန်မာနိုင်ငံတစ်ဝန်း မြေငလျင် တိုင်းတာစက် အလုံး ၃ဝ တပ်ဆင် မည်ဖြစ်ကြောင်း မြေငလျင်ဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာယဉ်မျိုးမင်းထွေးက ပြောကြားသည်။ (more…)


မန္တလေး-ကောလင်း ရထားခရီးစဉ်အသစ် ဇူလိုင် ၁ ရက် စတင်ပြေးဆွဲမည်

မန္တလေးမှ ကောလင်းဘူတာသို့ RBE ရထားအသစ်ဖြင့် ဇူလိုင် (၁) ရက်မှစ၍ ရထား ခရီးစဉ်အသစ် တိုးချဲ့ပြေးဆွဲမည်ဖြစ်ကြောင်း မြန်မာ့မီးရထား  မန္တလေးဘူတာကြီးမှ သတင်းရရှိသည်။ (more…)


ဟင်္သာတပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီစည်းဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ မြို့နယ်ပါတီ မျက်နှာ စုံညီ အစည်းအဝေးနှင့် ပါတီပြန်လည် ရွေးချယ်ဖွဲ့စည်းရေး အခမ်းအနားကို ယနေ့ ( ဇွန်လ ၂၈ ရက်) နံနက် (၉) နာရီ(၃၀)မိနစ်အချိန်ကစတင်၍ မြို့နယ်ပါတီရုံး၌ ကျင်းပပြုလုပ်ရာ ပါတီ ဗဟိုကော်မတီဝင် (တိုင်း ဒေသကြီး ရွေးချယ်ရေးကြီးကြပ်မှုအဖွဲ့ နာယက အဖွဲ့ဝင်) ဦးခင်မောင်ရီနှင့် ခရိုင်ရွေးချယ်ကြီးကြပ်ရေး အဖွဲ့ဝင်များ၊ မြို့မိမြိုဖများ၊ သဘာပတိအဖွဲ့ဝင်များ၊ ဟင်္သာတခရိုင်/မြို့နယ် ပါတီ ကော်မတီဝင်များ၊ ရပ်ကွက်/ ကျေးရွာ ပါတီကော်မတီဝင်များ၊ စုစုပေါင်း အင်အား (၂၃၀) ဦး တက်ရောက်ကြောင်း သိရသည်။