
ရခိုင်ပြည်နယ်ရှိ မြို့နယ် အများအပြားတွင် ရေကြီးနစ်မြုပ် မှုရင်ဆိုင်နေရပြီး ဒေသခံများအား ရေဘေးလွတ်ရာသို့ အရေးပေါ် နေရာပြောင်းရွှေ့ပေးနေရကြောင်း ရခိုင်လူမှုကယ်ဆယ်ရေး အဖွဲ့များထံမှ သတင်းရရှိသည်။ ရခိုင်ပြည်နယ် တွင် ဇူလိုင် ၃ ရက်မှ စတင်ကာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ဘူးသီးတောင်၊ မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ ပေါက်တော၊ ပုဏ္ဏားကျွန်းနှင့် အမ်းမြို့နယ်များ၌ ဇူလိုင် ၅ ရက်နေ့လယ်မှ စတင်၍ ရေကြီးနစ် မြုပ်မှုများရင်ဆိုင် နေရကြောင်း သတင်းရရှိ သည်။









