ဗန်ကောက်(ဒွန်မောင်း) – ရန်ကုန် ခရီးစဉ်သစ် ဇူလိုင်လတွင် စတင်ပျံသန်းမည်

မြန်မာ-ထိုင်း နှစ်နိုင်ငံတို့မှ နေ့စဉ်နှင့်အမျှ ခရီးသွားများပြားလာမှုအပေါ် အခြေခံကာ ထိုင်းနိုင်ငံ ဗန်ကောက် မြို့အခြေစိုက် Thai Lion Air လေကြောင်း လိုင်းမှ ဗန်ကောက် (ဒွန်မောင်း)- ရန်ကုန်ခရီးစဉ်သစ် ကို နေ့စဉ် တစ်ရက်နှစ်ကြိမ်နှုန်းဖြင့် ဇူလိုင်လတွင် စတင်ပျံသန်းတော့မည်ဖြစ်သည်။ (more…)


ထိုင်းကာကွယ်ရေးဝန်ကြီး မြန်မာနိုင်ငံသို့လာမည်

ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ပရာဝတ်ဝေါင်ဆုဝန် (Gen Prawit Wongsuwan) သည် မြန်မာနိုင်ငံသို့ နှစ်ရက်ကြာ လာရောက် မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် The Nation သတင်းဌာနတွင် ဖော်ပြထားသည်။

(more…)


ပါတီကိစ္စများ လျင်မြန်စွာ ဆုံးဖြတ်နိုင်ရန် ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင်နှင့် ဗဟိုကော်မတီဝင် ဦးရေ လျှော့ချမည်

ရခိုင်အမျိုးသားပါတီသည် ပါတီရေးရာကိစ္စရပ်များ ဆုံးဖြတ်ရာတွင် လျင်မြန်သွက်လက်စေရန် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် ဗဟိုကော်မတီအဖွဲ့ဝင် အရေ အတွက် လျှော့ချဖွဲ့စည်းရေး စီစဉ်နေကြောင်း ပါတီ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်ထံမှ သိရသည်။

(more…)


ဗြိတိန်ဂယက်ကြောင့် ရန်ကုန်စတော့အိတ်ချိန်း ရှယ်ယာဈေးပါ ကျဆင်း

ဥရောပသမဂ္ဂမှ ဗြိတိန်ခွဲထွက်မှုကြောင့် နိုင်ငံတကာ စ တော့ဈေးကွက်များတွင် ရှယ်ယာ တန်ဖိုးများကျဆင်းသကဲ့သို့ ရန် ကုန်စတော့အိတ်ချိန်းရှိ ကုမ္ပဏီ နှစ်ခု၏ ရှယ်ယာ ဈေးနှုန်းများလည်း စတင်ကျဆင်းလာကြောင်း သတင်းရရှိသည်။

YGN Stock

(more…)


၂၁ ရာစု ပင်လုံညီလာခံ သြဂုတ်လ နောက်ဆုံးပတ်ထက် နောက်မကျဘဲ ကျင်းပရန် ဆုံးဖြတ်

၂၁ ရာစု ပင်လုံညီလာခံကို သြဂုတ်လ နောက်ဆုံးပတ်ထက်နောက်မကျဘဲ ကျင်းပရန် အစိုးရနှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်တွင် လက်မှတ် ရေးထိုးထားသော လက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့တို့ သဘောတူ ဆုံးဖြတ်ခဲ့ကြောင်း တက်ရောက်သူများက ပြောသည်။ (more…)


နိုင်ငံသား စိစစ်ရေးကတ် ပြုလုပ်ရာတွင် ယခင်နေထိုင်ရာ ပြည်နယ်နှင့်တိုင်းအလိုက် သက်သေယူမည်

အစိုးရသစ်၏ ရက်တစ်ရာ စီမံချက်ဖြင့် စက်ရုံ၊ အလုပ်ရုံ အလုပ်သမားများကို နိုင်ငံသား စိစစ်ရေးကတ်ပြား ထုတ်ပေးရာတွင် ယခင်နေထိုင်ခဲ့သည့် ပြည်နယ်နှင့်တိုင်းအလိုက် နေထိုင်မှုမှန်ကန်ကြောင်း သက်သေယူမည်ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနထံမှ သိရသည်။ (more…)


ကျောက်ဆည် ပါတီမျက်နှာစုံညီ အစည်းအဝေးခရိုင်ပါတီရုံးတွင် ကျင်းပ

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ၂ဝ၁၆ မျက်နှာစုံညီ အစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီတွင် ခရိုင် ပြည်ခိုင်ဖြိုးပါတီခန်းမ၌ ကျင်းပခဲ့သည်။

13516261_613510218818493_1945964651616338580_n

(more…)


ပုဗ္ဗသီရိမြို့နယ် ပါတီမျက်နှာစုံညီအစည်းအဝေးသို့ ဗဟိုအလုပ်အမှုဆောင် ဦးဝေလွင် တက်ရောက်အမှာ စကားပြောကြား

ပြည်ထောင်စုနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ မြို့နယ်မျက်နှာစုံညီ အစည်းအဝေးနှင့် ပြန်လည်ရွေးချယ် ဖွဲ့စည်းရေး အခမ်းအနားကို ဇွန်လ (၂၈) ရက်နေ့ နံနက် (၉) နာရီခွဲအချိန်က မြို့နယ် ပါတီရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ ဗဟိုအလုပ်အမှုဆောင်၊ ပြည်ခိုင်ဖြိုးပါတီ ပြည်ထောင်စု နယ်မြေနာယက ဦးဝေလွင် တက်ရောက်၍ အမှာစကား ပြောကြားခဲ့သည်။

13532995_683600838446142_1683132183205155296_n 13512060_683600908446135_2976229321741643286_n

(more…)


ပြည်ခိုင်ဖြိုးပါတီ လူငယ်များ အမကစာသင်ကျောင်း ကလေးများအား အဟာရဒါနပြု

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လူငယ်ရေးရာလှုပ်ရှားမှုအဖြစ် ဟိုပင်ပြည်ခိုင်ဖြိုးပါတီလူငယ်အဖွဲ့မှ မိုးညှင်း လူငယ်တာဝန်ခံ ဦးဌေးဝင်း ဦးဆောင်၍ လူငယ်ပါတီကေဒါ ခေါင်းဆောင် ဦးအောင်ကိုဝင်း၊ ဦးရန်အောင်ဝင်း၊ ဟိုပင်ပြည်ခိုင်ဖြိုးမှ ဦးနေမျိုးလင်း၊ ဦးဖုန်းမြင့် နှင့် အင်းလေးကျေးရွာ စည်းရုံးရေးမှူး ဦးစိန်လေးအောင် အပါအ၀င် လူငယ်အင်အား (၃၀) ဦးတို့သည် ဇွန်လ (၂၈) ရက်က ဟိုပင်ဒေသ အင်းလေးအုပ်စု ကျော်တောကျေးရွာ မူလတန်းကျောင်းသို့ သွားရောက်၍ အမကစာသင်ကျောင်းတွင် ကလေးငယ်များအား အာဟာရတိုက်ကျွေးခြင်း၊ ထီးများ လှူဒါန်းခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကလောမြို့နယ်ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီစည်းဝေး ကျင်းပပြီးစီး

ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောမြို့နယ် မြို့နယ်မျက်နှာစုံညီ အစည်း အဝေးနှင့် မြို့နယ်ပါတီကော်မတီ ရွေးချယ်တင်မြှာက်ပွဲကို ဇွန်လ (၂၈) ရက် နံနက် (၉) နာရီခွဲအချိန်တွင် ကလောမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ပါတီကော်မတီဝင် ဒေါက်တာနန္ဒာလှမြင့်မှ အဖွင့်အမှာစကား ပြော ကြားပြီး မြို့နယ်ပါတီ အတွင်းရေးမှူး ဦးမြတ်စိုးမှ ၂၀၁၀ မှ ယနေ့အထိ လုပ်ငန်းဆောင်ရွက်ချက်များ ရှင်းလင်းပြောကြား ခဲ့သည်။

Kalaw3

(more…)