မြန်မာ-ဂျပန်အသင်း၏ ပညာရည်ထူးချွန်ဆု ဂျပန်နိုင်ငံလေ့လာရေး အစီအစဉ်အတွက် အဆိုပြုလွှာ တင်သွင်းခွင့်ကို ၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် သိပ္ပံဘာသာတွဲဖြင့် စုစုပေါင်း ရမှတ် ၅၅၀ နှင့်အထက် ရရှိသူများနှင့် ၀ိဇ္ဇာ/ သိပ္ပံ ဘာသာတွဲဖြင့် စုစုပေါင်းရမှတ် ၄၉၃ မှတ်နှင့် အထက်ရရှိသူများ တင်သွင်းခွင့် ရရှိ ကြောင်း သိရသည်။
ရက် ၁၀၀ စီမံချက် ပြီးသည်နှင့် စားသုံးသူများနှင့် ပတ်သက်၍ စစ်တမ်းကောက်ယူမည်
အစိုးရသစ်၏ ရက် ၁၀၀ စီမံချက်ပြီးနောက် ၁၀၁ ရက်မှစကာ ပြည်နယ်နှင့် တိုင်းများအလိုက် စားသုံးသူနှင့် ပတ်သက်၍ စစ်တမ်းများကောက် ယူမည်ဖြစ်ကြောင်း စားသုံးသူရေးရာ ဦးစီးဌာနမှ သတင်းရရှိသည်။ လက်ရှိတွင် စားသုံးသူရေးရာ ဦးစီးဌာနအနေဖြင့် ရက်ပေါင်း ၁၀၀ စီမံချက်ကို လုပ်ငန်းစဉ် ရှစ်ရပ်ဖြင့် လုပ်ကိုင် ဆောင်ရွက်နေကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက သ တင်းထုတ်ပြန်သည်။
တိုင်ပေအခြေစိုက် CUB ဘဏ်က မြန်မာနိုင်ငံတွင် အစိမ်းရောင်စွမ်းအင်လုပ်ငန်းများ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စား
တိုင်ပေ အခြေစိုက် Cathay United Bank (CUB)က မြန်မာနိုင်ငံတွင် အစိမ်းရောင် စွမ်းအင် (Green Energy) လုပ် ငန်းများ၌ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စား နေကြောင်း သတင်းရရှိသည်။ အဆိုပါ သဘာဝစွမ်းအင် လုပ်ငန်းများ၌ ရင်းနှီး မြှုပ်နှံရန် မြန်မာနိုင်ငံတွင် လုပ်ကိုင်ခွင့်လိုင် စင်ရရှိရေး ကြိုးစားဆောင်ရွက်နေကြောင်း အဆိုပါ ဘဏ်ဒုတိယ ဥက္ကဋ္ဌက ပြောသည်။
ဘုလက်ဂျာနယ် ဒီချုပ်အစိုးရသာမက ပြည်ခိုင်ဖြိုးကိုပါ ဝေဖန်ထောက်ပြမည်ဟုဆို
ဒီချုပ်အစိုးရကိုရော ပြည်ခိုင်ဖြိုးကိုပါ ထောက်ပြဝေဖန်မည်ဟု ဘုလက်ဂျာနယ် The Bullet News Journal ထုတ်ဝေ သူ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဟောင်း ဦးလှဆွေက ပြောကြားသည်။ ဘုလက်လှဆွေဟု နာမည် ကြီးသော ပြည်ခိုင်ဖြိုးပါတီဝင်ဖြစ် သူကဂျာနယ်သည် ပါတီနှင့်မသက်ဆိုင်ကြောင်း ပြောကြားသည်။ ဂျာနယ်မှာ၎င်း၏ စီးပွားရေး သာဖြစ်ပြီး ပါတီကိုလည်း ဝေဖန် မည်ဖြစ်ကြောင်း ပြောသည်။
UNAနှင့် မိတ်ဖက်အဖွဲ့အစည်းများ ၂၁ရာစုပင်လုံအတွက် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးမူကို အဓိက ဆွေးနွေး
ညီညွတ်သောတိုင်းရင်း သားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA)နှင့် မိတ်ဖက်နိုင်ငံရေးအဖွဲ့ အစည်းများ သုံးရက်ကြာ တွေ့ဆုံဆွေးနွေးမှုတွင် ပြည်ထောင်စုငြိမ်း ချမ်းရေးညီလာခံသို့တင်ပြမည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး မူကို အဓိကထား ဆွေးနွေးခဲ့ကြောင်း သတင်းရရှိ သည်။
ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံစတင်ချိန်တွင် ညီလာခံသို့ တင်ပြမည့်အချက်များကို အဓိကထားဆွေးနွေးခဲ့ခြင်း ဖြစ်ကာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက် မည့် ပုံစံများ၊ အမြင်များ ဆွေးနွေးဖလှယ်ခဲ့ခြင်းဖြစ်သည်ဟု UNA အတွင်း ရေးမှူး ဦးစိုင်းညွန့်လွင်က ပြောကြားသည်။
ကမ္ဘာတစ်ဝန်း နိုင်ငံခြားရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှုအရှိဆုံးနိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံပါဝင်
လာမည့်သုံးနှစ်အတွင်း ကမ္ဘာတစ်ဝန်း နိုင်ငံခြားရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှုအရှိဆုံး (၁၅) နိုင်ငံစာရင်း တွင် မြန်မာနိုင်ငံပါဝင်လာကြောင်း ကမ္ဘာ့ရင်းနှီးမြှုပ်နှံမှု စောင့်ကြည့်လေ့လာရေးအဖွဲ့ UNCTAD အစီရင်ခံစာအရ သိရသည်။
ငွေကြေးခ၀ါချမှုနှင့် အကြမ်းဖက်မှုအား ငွေကြေးထောက်ပံ့မှုဆိုင်ရာတိုက်ဖျက်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်မှုများကြောင့် FATF အဖွဲ့က မြန်မာနိုင်ငံကို အမည်ပျက်စာရင်းမှပယ်ဖျက်
ငွေကြေးခ၀ါချမှုနှင့် အကြမ်းဖက်မှုအား ငွေကြေး ထောက်ပံ့မှုဆိုင်ရာ တိုက်ဖျက်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်မှုများကြောင့် ငွေကြေးဆိုင်ရာ စောင့်ကြည့်အရေးယူမှုအဖွဲ့ (The Financial Action Task Force-FATF) က မြန်မာနိုင်ငံကို အမည်ပျက် စာရင်းမှ ပယ်ဖျက်ပေးခဲ့ကြောင်း သိရသည်။
ဗီဇာကြောင့် ရင်းနှီးမြှုပ်နှံမှု အခက်တွေ့နေ၍ မြန်မာအစိုးရ ဖြေရှင်းပေးစေလိုကြောင်း ကိုရီးယားလုပ်ငန်းရှင်များ တောင်းဆို
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလုပ်ကိုင်လိုသော်လည်း ဗီဇာလျှောက်ထားရာ၌ အခက်အခဲရှိနေ၍ မြန်မာ အစိုးရအနေဖြင့် ဖြေရှင်းပေးရန် ကိုရီးယားနိုင်ငံသား လုပ်ငန်းရှင်များက တောင်းဆိုထားသည်ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အထွေထွေအတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောကြားသည်။
တက္ကသိုလ်ဝင် စာမေးပွဲ ကျရှုံးသူများ၏ အဖြေလွှာများကို ပြန်လည်စစ်ဆေးပေးစေလိုပါက စာစစ်ဌာန သို့ တင်ပြနိုင်
ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကျရှုံးသူ ကျောင်းသားများ၏ ရမှတ်ကွဲလွဲမှုရှိကြောင်း ယူဆပါက ပြန်လည်စစ်ဆေးပေးရန် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနသို့ တင်ပြနိုင်ကြောင်း အဆိုပါဌာနမှ သိရသည်။
၂၁ ရာစုပင်လုံညီလာခံအတွက် UNA နှင့် မိတ်ဖက်အဖွဲ့အစည်းများ ပြင်ဆင်
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစုပင်လုံ) တွင် နိုင်ငံရေးမူဘောင်တစ်ခုတင် ပြနိုင်ရန် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA)နှင့် မိတ်ဖက်အဖွဲ့အစည်းများ ရန်ကုန်မြို့၌ ဆွေးနွေးနေကြောင်း သတင်းရရှိသည်။ (more…)