သတင်းအချက်အလက် နည်းပညာတက္ကသိုလ်တွင် Open Campus ကျင်းပမည်

သတင်းအချက်အလက် နည်းပညာတက္ကသိုလ်၏ Open Campus ကို သြဂုတ်လ (၁) ရက်၊ နံနက် (၉) နာရီမှ ညနေ (၃) နာရီအထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ (more…)


ပြည်ပခရီးစဉ် ဝန်ဆောင်မှုလိုင်စင် ခွင့်ပြုပေးမှု ခရီးသွား ကုမ္ပဏီ ၂၅၅ ခုထိ ရှိဟုဆို

ပြည်ပခရီးစဉ် ဝန်ဆောင်မှု လိုင်စင်(Outbound Tour) လုပ်ကိုင်ခွင့်အဖြစ် လုပ်ငန်းလိုင်စင်များကို ယခုနှစ် ဇူလိုင်လ ၂၁ ရက်ထိ ခွင့်ပြုပေးရာတွင် ခရီးသွားကုမ္ပဏီ ၂၅၅ ခုကို ခွင့်ပြုပေးခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနထံမှ သိရသည်။ (more…)


မြစ်ကြီးနားပြည်ခိုင်ဖြိုး အပတ်စဉ် ပုံမှန်လုပ်ငန်းညှိနှိုင်း အစည်းအဝေး

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ စည်းရုံးရေးကော်မတီ၏ အပတ်စဉ် ပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ (၂၂) ရက် နေ့လည် (၁)နာရီတွင် မြို့နယ်ပါတီရုံး အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးတွင် မြို့နယ်ကော်မတီဝင်များက စည်းရုံးရေး ဂွင်အလိုက် နယ်မြေသတ်မှတ်ခြင်း၊ ရေးရာဌာနများအလိုက် တာဝန်ခွဲယူခြင်း၊ ပါတီအဆင့်ဆင့်မှ ညွှန်ကြားချက်များ ရှင်းလင်းဆွေးနွေး ကြခြင်း တို့အား ညှိနှိုင်းဆွေးခဲ့ကြသည်။

13709982_277183939324002_8339960983400857615_n

(more…)


မြစ်ရေဝင်ရောက်သည့် ရှမ်းကလေးကျွန်းစံပြကျေးရွာသို့ ပြည်ခိုင်ဖြိုးပါတီမှ ရေသန့်စက်လှူဒါန်း

ဧရာဝတီမြစ်ရေ နှစ်စဉ်ဝင်ရောက်သည့် အမရပူရမြို့နယ် ရှမ်းကလေးကျွန်းစံပြကျေးရွာ နေပြည်သူများ သန့်ရှင်းသောသောက်သုံးရေ ရရှိရန်အတွက် မန္တလေး တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီက ငွေကျပ်သိန်း၂ဝခန့် တန်ဖိုးရှိ သြစတြေးလျနိုင်ငံထုတ် ရေသန့်စက်သုံးလုံးကို ဇူလိုင်လ (၂၃) ရက်နေ့ မွန်းလွဲ ၂နာရီက အဆိုပါကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်း၌ ပေးအပ်လှူဒါန်းခဲ့သည်။

13700120_519398058257935_6516249119439915697_n

(more…)


ဧရာဝတီမြစ်ရေဝင် ရောက်လျက်ရှိသည့် ပုသိမ်ကြီးမြို့နယ် ကျေးရွာ ၃၁ ရွာသို့ ပြည်ခိုင်ဖြိုးပါတီမှ ရေသန့်စက် ၃၄ လုံးလှူဒါန်း

ဧရာဝတီမြစ်ရေ နှစ်စဉ်ဝင် ရောက်ရှိသည့် ပုသိမ်ကြီးမြို့နယ်အတွင်းမှ ကျေးရွာ ၃၁ရွာနေ ပြည်သူများ သန့်ရှင်းသော သောက်သုံးရေရှိအတွက် မန္တလေးတိုင်း ဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌဦးရဲမြင့်၏ ဦးဆောင် လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး ပါတီမှ ငွေကျပ် သိန်း ၂ဝ ခန့် တန်ဖိုးရှိ သြစတြေးလျနိုင်ငံထုတ် ရေသန့်စက် ၃၄ လုံးအား ဇူလိုင် (၂၃) ရက် နံနက် ၉ နာရီ ၃ဝ မိနစ်နှင့် မွန်းတည့် ၁၂ နာရီ တို့တွင် ညောင်ပင်သာ အနောက်ကျေးရွာနှင့် ပုဂံတပ်ကျေး ရွာတို့မှရွာဦးဘုန်းတော်ကြီးကျောင်းများတွင် ပေးအပ်လှူဒါန်းခဲ့သည်။

13620135_624839137685601_3326885792840339052_n

(more…)


ပုသိမ်ပြည်ခိုင်ဖြိုး သွေးလွန်တုတ်ကွေးကာကွယ်ရေး ခြင်ဆေးဖြန်းခြင်း ဆောင်ရွက်

Pathein4

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပုသိမ်မြို့နယ် အတွင်းရှိ ကျေးရွာများဖြစ်ကြသော ကြက်တူရွေး ကျေးရွာအုပ်စု၊ လာရောင်းကျေးရွာအုပ်စုများသို့ ကျေးလက်ကျမ်းမာရေး၊ မိုးရာသီ ကလေးများအတွက် သွေလွန်တုတ်ကွေးရောဂါ ကာကွယ်ရေး ခြင်ဆေးဖျန်းခြင်းလုပ်ငန်း ဆောင်ရွက်မှုအဖြစ် မြို့နယ်ပါတီကော်မတီ ဝင် များဖြစ်ကြသော ဦးသိဏ်းထွဏ်း၊ ဦးကျော်သိန်းထွန်း၊ ဦးအောင်စိုးဦး၊ ရုံးအဖွဲ့ဝင်များနှင့် ခြင်ဆေးဖျန်းခြင်း လုပ်ငန်းများ ကို ဇူလိုင်လ (၂၄) ရက်နေ့ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

မန်စီမြို့နယ်ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီစည်းဝေး၊ ပါတီကော်မတီ ပြန်လည်ရွေးချယ်ဖွဲ့စည်း

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မန်စီမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီ မျက်နှာစုံညီအစည်းအဝေးနှင့် ပါတီပြန်လည် ပြင်ဆင်ရွေးချယ်ဖွဲ့စည်းရေး အခမ်းအနားကို မြို့နယ် ပါတီရုံးတွင် ဇူလိုင်လ (၂၃) ရက် နံနက်(၀၉း၄၅) နာရီမှစတင်၍ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ပြည်နယ်ပါတီကော်မတီဝင် ဦးဝင်းမောင်သိန်း၊ ပြည်နယ်ပါတီကော်မတီဝင် ဒေါ်နန်းစိုးစိုးအောင်၊ ခရိုင်ပါတီအတွင်းရေးမှူး ဦးသန်းဇော်လေးနှင့် ခရိုင်ပါတီ ကော်တီဝင်များဖြစ်ကြသော ဦးကျော်စွာဝင်း၊ ဦးလဒွဲ၊ မြို့နယ်ပါတီ နာယက များ၊ အကြံပေးများ၊ ရွေးချယ်တင်မြောက်ရေးကော်မရှင်နှင့် အရွေးချယ်ခံ မြို့နယ်ပါတီကော်မတီဝင်ဟောင်း (၂၀) ဦး နှင့် ရပ်/ကျေးပါတီ ပ-ဒုခေါင်းဆောင် (၃၀)ဦး၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့၊ ကြက်ခြေနီများ၊ စုစုပေါင်း အင်အား (၂၀၀)ဦး တက်ရောက်ခဲ့ကြသည်။

ကျုံပျော်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ ခြင်ဆေးဖြန်းခြင်း ဆောင်ရွက်

13782235_1732410687010708_3726023021442592398_n

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ် မချမ်းဘော့မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ နှင့် အတွင်းရေးမှူး တို့သည် ဇူလိုင်လ (၂၃) ရက်နေ့က အင်းရဲကျေးရွာအုပ်စု အင်းရဲတိုက်နယ် အထက် တန်းကျောင်း၊ တိုက်နယ်ဆေးရုံ၊ ရဲစခန်းတို့တွင် ခြင်ဆေးဖြန်းခြင်း လုပ်ငန်း များ သွားရောက်ဆောင်ရွက်ခဲ့ရာ တိုက်နယ်တာဝန်ခံများ ကျေးရွာအုပ်စု စည်းရုံးရေးမှူးနှင့် အမှုဆောင်များ၊ လူငယ်တာဝန်ခံများ၊ ရပ်မိရပ်ဖ များလိုက်ပါ ကူညီဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မချမ်းဘော၊ ပူတာအို မြို့နယ်ပြည်ခိုင်ဖြိုးပါတီများ ပြန်လည်ပြင်ဆင် ရွေးချယ်ဖွဲ့စည်း

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် ပူတာအိုမြို့နယ်၊ မချမ်းဘော့မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီအစည်းအဝေးနှင့် ပါတီပြန်လည်ပြင်ဆင်ရွေးချယ်ဖွဲ့စည်းရေးကို ဇူလိုင်လ (၂၁) ရက်နှင့် (၂၂) ရက်များတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ပြန်လည်ပြင်ဆင်ရွေးချယ်ဖွဲ့စည်းရာတွင် တိုင်းရင်းသားလူမျိုးများ အတွင်း လက်တွေ့ကျကျ စည်းလုံးညီညွတ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို ရှေ့ရှုပြီး ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံကာ ရဝမ်၊ လီဆူ၊ ဂျိန်းဖော၊ ရှမ်း၊ ဗမာ လူမျိုးများ မျှတညီညွတ်စွာ ပါဝင်စေပြီး ပါတီတွင်း ဒီမိုကရေစီ နည်းလမ်း ကျစွာ ဆန္ဒမဲဖြင့် ရွေးချယ်တင်မြောက်ခဲ့ကြသည်။

ဟင်္သာတမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ကျောင်းသားကျောင်းသူများအား အာဟာရတိုက်ကျွေး

ကျောင်းနေအရွယ်ကလေးငယ်များ ဥာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျန်းမာဖွံ့ဖြိုးစေရန် ရည်ရွယ်၍ ဟင်္သာတမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက နို့ဆန်ပြုတ်အာဟာရ တိုက်ကျွေးပွဲကို ဇူလိုင်လ (၂၁) ရက် နံနက် ၁၁ နာရီက ဟင်္သာတမြို့နယ် ပဲကြီးကျွန်းကျေးရွာအုပ်စု ပဲကြီး ကျွန်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၌ ကျင်းပရာ ကျောင်းသား ကျောင်းသူ ၃၄၈ ဦးတို့အား မြို့နယ်ပါတီဥက္ကဋ္ဌနှင့် ကော်မတီ ဝင်များ၊ မြို့နယ်ပါတီ အရန်ကော်မတီဝင်များ၊ ပဲကြီး ကျွန်းကျေးရွာအုပ်စု စည်းရုံးရေး မှူးနှင့် အလုပ်အမှုဆောင်များ၊ ပါတီဝင်များ၊ ရပ်မိရပ်ဖများ သွားရောက်လှူဒါန်းခဲ့သည်။