ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ဝေဟင်ဓာတုဓမ္မ စေတီတော်မြတ်ကြီးတွင် (၈) ကြိမ်မြောက် သီပေါမြို့လုံးကျွတ် သီလရှင် ဆွမ်းဆန်စိမ်း လောင်းလှူပွဲကြီးကို ဇူလိုင်လ (၁၂) ရက် မွန်းလွဲ (၂) နာရီအချိန်က ကျင်းပရာ သီပေါမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးအောင်အောင် ဦးစီးသော မြို့နယ်ပါတီကော်မတီများ၊ စည်းရုံးရေးမှူးနှင့် ပါတီဝင်များ၊ ပါတီရုံးဝန်ထမ် များမှ သိီလရှင် (၄၁၅) ပါးအတွက် ဆွမ်းဆန် (၅ )အိတ် လောင်းလှူခဲ့ကြသည်။