
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အဓိကတံတားကြီးကိုးစင်းကို ရေရှည်အသုံးပြုနိုင်ရန် ကုန်တင်ယာဉ်ကြီးများ တန်ပိုတင် ဆောင်မောင်းနှင်ခြင်းကို စိစစ်မည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အဓိကတံတားကြီးကိုးစင်းကို ရေရှည်အသုံးပြုနိုင်ရန် ကုန်တင်ယာဉ်ကြီးများ တန်ပိုတင် ဆောင်မောင်းနှင်ခြင်းကို စိစစ်မည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောသည်။

၂၀၁၇-၂၀၁၈ ရှီးဗနင်းပညာသင်ဆု လျှောက်လွှာများကို www.chevening.org/apply မှတဆင့် ၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၈ ရက်မှ နိုဝင်ဘာလ ၈ ရက် အထိ လျှောက်ထားနိုင်မည်ဖြစ်ပြီး ရှီးဗနင်း အတွင်းရေးမှူးရုံးမှ လျှောက်လွှာ များကိုလက်ခံပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွက် ရှီးဗနင်းပညာသင်ဆု ၁၅၀၀ ကျော် ချီးမြှင့်သွားမည် ဖြစ်သည်။

ယခုနှစ်မှ စတင်ကာ ရခိုင်ပြည်နယ်တွင် အကြောင်းအမျိုးမျိုးကြောင့် အလယ်တန်းပညာကို ဆက်လက်သင်ယူနိုင်ခြင်း မရှိသည့်သူများအတွက် ကျောင်းပြင်ပ အလယ်တန်းပညာရေး အစီအစဉ်ကို ဖွင့်လှစ်သင်ကြား ပေးသွားမည် ဖြစ်ကြောင်း MOI မှ သိရသည်။
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးတင်အောင်ချစ်၊ ဦးတင်ဝင်း၊ ဦးစန်းလွင် တို့ဦးဆောင်မှုဖြင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်/ကျေးစည်းရုံးရေးမှူးများနှင့် အမှုဆောင်များ အင်အား (၅၀) ဦးဖြင့် အင်းပေါက်ကျေးရွာ၊ ရွာထောင်ရပ်ကွက်၊စက်ရုံ၊ စမ်းချောင်း၊ သရက်တော၊ ဈေးကုန်း၊ မန်ကျည်းကုန်းရပ်ကွက်များရှိ ရေဘေးသင့် အိမ်ထောင်စု (၁၃၆၄) စုအတွက် အိမ်ထောင် တစ်စုလျှင် ဆန် (၂) ပြည်နှုန်းဖြင့် ဆန် (၁၁၃) အိတ် (တန်ဖိုးငွေ ၂၈၂,၅၀၀,၀ ကျပ်) ကို သြဂုတ်လ (၃) ရက်နေ့ နေ့လည် (၁) နာရီမှ ညနေ (၆) နာရီအထိ သွားရောက် ထောက်ပံ့လှူဒါန်းခဲ့သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးသည် ၂ဝ၁၆ ခုနှစ်၊ သြဂုတ်လ(၂) ရက်နေ့၊ နံနက် (၁ဝ)နာရီအချိန်တွင် ဟင်္သာတမြို့ ပြည်ခိုင်ဖြိုးပါတီရုံး၌ ဧရာဝတီတိုင်းဒေသကြီး ပါတီအလုပ်အမှုဆောင် ဦးခင်မောင်ရီ၊ ဟင်္သာတခရိုင်/မြို့နယ် ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များ၊ ရပ်/ကျေးစည်းရုံး ရေးမှူးများနှင့် တွေ့ဆုံပါသည်။
ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ သမ္မတ(ငြိမ်း) အဂ္ဂမဟာသီရိသုဓမ္မဦးသိန်းစိန်နှင့် ဇနီး ဒေါ်ခင်ခင်ဝင်းတို့အား အမှူးထား၍ ရွှေပြည်တော်သို့ဆုံမှတ် ပရဟိတအသင်းကြီးနှင့် ညောင်ဦးခရိုင်/ညောင်ဦးမြို့နယ် ၊ဆယ်လံကျေးရွာရှိ ရေးဘေးသင့်ပြည်သူများ အိမ်ခြေ (၂၃၅) အိမ် ၊ အိမ်ထောင်စု (၂၉၈ )အိမ်ထောင်တို့အား ဆန်၊ဆီနှင့် ခေါက်ဆွဲခြောက်များပေးဝေလှူဒါန်းခဲ့ကြောင်း
သိရသည်။
Kohtein Win
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကော်မတီ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို သြဂုတ်လ (၃) ရက် မွန်းလွဲ (၁) နာရီက ခရိုင်ပါတီရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်ပါတီဥက္ကဋ္ဌ ဒေါက်တာဝင်းအောင်၊ ခရိုင်ပါတီအတွင်းရေးမှူး ဦးစိန်ဝင်း၊ ခရိုင်ပါတီ ကော်မတီဝင်များဖြစ်ကြသော ဒေါ်ခင်မာချို၊ ဦးလှရှိန်၊ ဒေါ်ရီသန်း၊ ဦးကျော်ဝင်း (၃)၊ ဦးညီညီအေး စုစုပေါင်း (၇) ဦးနှင့် ပါတီရုံးဝန်ထမ်း (၄) ဦး တက်ရောက်ခဲ့သည်။
ကချင်ပြည်နယ်ပြည်ခိုင်ဖြိုးပါတီ၏ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို( ၅- ၈-၂၀၁၆) ရက်နေ့ နံနက် (၇) နာရီ တွင်မြစ်ကြီးနားမြို့ ဓမ္မရက္ခိတ ဝန်းသိုကျောင်း တိုက်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်သြဝါဒစရိယ အဘိဓဇမဟာရဌဂုရု ဝန်းသိုကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသီလဝံသ အမှူးပြု သော ဆရာတော်ကြီး (၉ )ပါး ကြွရောက်တော်မူကြပြီး ယင်းအခမ်းအနားသို့ ပါတီဗဟို ဒုတိယဥက္ကဌသူရဦးအေးမြင့်၊ဗဟိုအကြံပေး ပြည်နယ် တာဝန်ခံ ဦးသိန်းဇော်၊ပြည်နယ်ဥက္ကဋ္ဌဦးလဂျွန်ငန်ဆိုင်း နှင့်တကွ ပြည်နယ်၊ခရိုင်၊မြို့နယ်ကော်မတီဝင်များ၊မြစ် ကြီးနားမြို့နယ်မှပါတီဝင်များတက်ရောက်ကြကြောင်း၊ လှူ ဒါန်းပွဲအခမ်းအနားကို အခမ်းအနားအစီအစဉ်များ အတိုင်းဆောင်ရွက်ခဲ့ကြပါသည်။
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ မြို့နယ်ပါတီကော်မတီဝင်များနှင့် ရပ်ကွက်/ကျေးရွာအုပ်စု ၅၆ အုပ်စုမှ စည်းရုံးရေးမှူး နှင့်အဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေးပွဲကို သြဂုတ်လ (၃) ရက် နံနက်ပိုင်းက မြို့နယ်ပါတီရုံးခန်းမ ၌ ကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မလှိုင်မြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးစိုးသိန်းက အဖွင့် အမှာ စကားပြောကြားပြီး အတွင်းရေးမှူး ဒေါ်ခင်လှသိန်းက ပါတီလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။