ယခင်က နှစ်နှစ်သာတက်ရောက်ခဲ့ရသည့် ပညာရေးကောလိပ်များတွင် လာမည့် ပညာသင်နှစ်မှစတင်ကာလေးနှစ် တက်ရောက်ရတော့မည်ဖြစ်ပြီး ဘွဲ့ အဆင့်ထိ သတ်မှတ်တိုးမြှင့်ပေး အပ်တော့မည်ဖြစ်ကြောင်း သိရသည်။ (more…)
ရခိုင်လူငယ်ညီလာခံအကြို မာန်အောင်တွင် ညီလာခံတစ်ခုကျင်းပမည်
ရခိုင်လူငယ်ညီလာခံနှင့်ပတ်သက်သည့် အကြိုညီလာခံတစ်ခုကို လာမည့်နိုဝင်ဘာ နောက်ဆုံးပတ်တွင် ရခိုင် ပြည်နယ် မာန်အောင်မြို့၌ ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။ (more…)
မြန်မာနိုင်ငံ အထက်ပိုင်းဒေသလေးခု ရေခဲမှတ်အောက် ရောက်သည်အထိအေးနိုင်
မြန်မာနိုင်ငံအထက်ပိုင်းတွင် ဒီဇင်ဘာ ၁၇ ရက်နောက်ပိုင်းမှစကာ ရေခဲမှတ်အောက်ရောက်သည်အထိ အအေးပို လာနိုင်ကြောင်း ဒေါက်တာထွန်းလွင်က သတိပေးထားသည်။ (more…)
နားလည်ရန်ခက်သည့် ဘာသာစကားဖြင့် ဖော်ပြထားသည့် အလှကုန်များကို မသုံးစွဲရန် FDA အကြံပြု
ဈေးကွက်အတွင်း နားလည်ရန် ခက်ခဲသည့် ဘာသာစကားဖြင့် ဖော်ပြထားသော အလှကုန်ပစ္စည်းများကို မသုံးစွဲ ရန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) ၏ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သဇင်ရီလှိုင်က အကြံပြု ပြောကြားသည်။ (more…)
တနင်္သာရီတိုင်းဒေသကြီး ပါတီဥက္ကဌ ဦးချစ်သန်း မြိတ်ခရိုင်/မြို့နယ်နှင့် ရပ်ကွက်/ကျေးရွာ ပါတီဝင်များနှင့် တွေ့ဆုံ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်၊ တနင်္သာရီတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးချစ်သန်း သည် တိုင်းဒေသကြီးပါတီ ကော်မတီဝင် အဖွဲ့များ လိုက်ပါလျက် စင်တင်ဘာလ (၃)ရက်နေ့ နေ့လည်ပိုင်းတွင် မြိတ်မြို့ ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမတွင် မြိတ်ခရိုင်နှင့် မြိတ်မြို့နယ် ပါတီကော်မတီဝင်များ၊ ရပ်/ကျေးပါတီ စည်ရုံးရေးမှူးများနှင့် ဖိတ်ကြားထား သော မြို့မိမြို့ဖများနှင့် တွေ့ဆုံခဲ့သည်။
ဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦး ကရုဏာကမ္ဘာဘိုးဘွားရိပ်သာအတွက် အလှူငွေပေးအပ်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦးနှင့်ဇနီး မြန်မာနိုင်ငံ အမျိုးသမီး ရေးရာအဖွဲ့ချုပ် နာယက ဒေါ်နီနီဝင်းတို့သည် ယခုလ (၃) ရက် နံနက် (၁ဝ) နာရီက နေပြည်တော်ရှိ ကရုဏာ ကမ္ဘာ ဘိုးဘွားရိပ်သာသို့ သွားရောက်ခဲ့ကြောင်းသိရသည်။
ဗဟိုဦးဆောင်ကော်မတီဝင်နှင့်ဇနီးတို့အား ဘိုးဘွားရိပ်သာကြီးကြပ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးသိန်းထွန်း (ဗိုလ်မှူးချုပ်-ငြိမ်း) နှင့် တာဝန်ရှိသူများက ကြိုဆိုကြပြီး ရိပ်သာဧည့်ခန်းမတွင် ဘိုးဘွားရိပ်သာဖြစ်ပေါ်လာပုံ သမိုင်းကြောင်း နှင့် အဘိုးအဘွားများအား စောင့်ရှောက်ထားရှိမှု အခြေအနေတို့ကို ရှင်းလင်းပြောကြားရာ ပါတီ ဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦး နှင့် ဇနီး ဒေါ်နီနီဝင်း တို့က အလှူငွေကျပ် သိန်းငါးဆယ်တိတိကို ရိပ်သာ ဒုတိယဥက္ကဋ္ဌထံပေးအပ် လှူဒါန်းခဲ့သည်။
စစ်တွေမြို့နယ်ရှိ အသက်တစ်ရာနှင့်အထက် အဘိုးအဘွားများအား ရာဇသင်္ဂဟဖောင်ဒေးရှင်းမှ ဂုဏ်ပြုမှတ်တမ်းနှင့် အလှူငွေများ လှူဒါန်း
ရာဇသင်္ဂဟဖောင်ဒေးရှင်းမှ မြန်မာတစ်နိုင်ငံလုံးရှိ အသက် ၁၀၀ နှင့်အထက် အဘိုးအဘွားများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာ ဆက်လက်နေထိုင်နိုင် ပါစေကြောင်း ဆုမွန်ကောင်းပြုလျက် ရာဇသင်္ဂဟ ဖောင်ဒေးရှင်းမှ ဂုဏ်ပြုခံ သက်ကြီးဝါကြီးပုဂ္ဂိုလ်များအဖြစ် ဂုဏ်ယူစွာအသိအမှတ်ပြု ဂုဏ်ပြုလွှာများနှင့် အလှူငွေများ ပေးအပ်လျက်ရှိသည်။
ရာဇသင်္ဂဟဖောင်ဒေးရှင်းမှ လှူဒါန်းငွေများ ရန်ကင်းမြို့နယ်ရှိ သက်ကြီးဘိုးဘွားများထံ ပေးအပ်လှူဒါန်း
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်(ငြိမ်း) ဦးဆောင်သည့် “ရာဇသင်္ဂဟ ဖောင်ဒေးရှင်း” မှ လှူဒါန်းသော အသက်(၁၀၀)နှင့် အထက် အဘိုးအဘွား ထောက်ပံ့ငွေများအား စက်တင်ဘာလ (၄) ရက် နေ့လည် (၂) နာရီအချိန်တွင် ရန်ကင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အိမ်တိုင်ရာရောက် သွားရောက်ပေးအပ်ခဲ့ပါသည်။
မော်လမြိုင်မြို့”Green 9″ပရဟိတလူငယ်အဖွဲ့ ဖွဲ့စည်း
မော်လမြိုင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးဆောင်၍ မော်လမြိုင်မြို့ ပေါ်ရှိ ရပ်ကွက်အသီးသီးမှ လူငယ်များစုစည်း၍ “Green 9” ပရဟိတ လူငယ်များအဖွဲ့အား ဖွဲ့စည်းခြင်းကို ၅.၉.၂၀၁၆ ရက်နေ့တွင် မော်လမြိုင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီးရုံး၌ ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် မွန်ပြည်နယ် လူငယ်ရေးရာတာဝန်ခံ ဒေါက်တာတိုးတိုးအောင်၊ ပြည်နယ်ပါတီကော်မတီဝင် ဦးလွင်မိုး မြို့နယ်ပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ လူငယ်များ စုစုပေါင်း (၇၉) ဦးတက်ရောက်
ခဲ့ကြသည်။
လေဘေးသင့် ပါတီဝင်မိသာစုအား သံဖြူဇရပ်ပြည်ခိုင်ဖြိုး ထောက်ပံ့
သံဖြူဇရပ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှ ၅.၉.၂၀၁၆ ရက်နေ့ နံနက် ၁၂း၃၀ အချိန်ခန့်တွင် မြို့နယ်ပါတီ ဥက္ကဌ ဦးစိုးနိုင်သည် ၂၈.၈. ၂၀၁၆ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြာင့် နေအိမ်ပေါ် အုန်းပင်လဲကျခဲ့သည့် ကျိုက္ခမီမြို့ မြမာလာကျေးရွာမှ အိမ်ရှင်ဖြစ်သူ ပါတီဝင်ဒေါ်အေးသူဇာအား လေဘေးကြောင့် နေအိမ်ပျက်ဆီးမှုအတွက် ထောက်ပံ့ငွေပေးအပ်ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မွန်ပြည်နယ်