လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်အချို့ကိုအရေးယူဖို့ လွှတ်တော်အတည်ပြု၊ ကော်မရှင်ရဲ့ အစီရင်ခံစာပေါ်မူတည်ပြီး ဆက်လုပ် သွားမယ်လို့ သမ္မတရုံးပြောခွင့်ရသူပြော

 

13081804_1136480829709399_320826700_n

လူ့အခွင့်အရေးကို အကာအကွယ်မပေးသည့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် အချို့အားထိရောက်စွာ အရေးယူရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အရေးကြီးအဆိုအပေါ် စက်တင်ဘာ (၂၆) ရက်က ပြည်သူ့ လွှတ်တော်တွင် အတည်ပြုလိုက်သည်။

ဆယ်ကျော်သက်အရွယ် အိမ်အကူ အမျိုးသမီးငယ်နှစ်ဦးအား လစာမပေးဘဲ ညှဉ်းပမ်းနှိပ်စက်ခဲ့သည်ဆိုသော ရန်ကုန်မြို့၊ အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင်များ၏ အမှုအပေါ် လျော်ကြေးဖြင့် ကြေအေးရန် ညှိနှိုင်းဖြေရှင်းခဲ့သည့် ကော်မရှင်အဖွဲ့ဝင်များ၏ လုပ်ရပ်သည် လူ့အခွင့်အရေးချိုးဖောက်မှုကို ကာကွယ်မပေးသဖြင့် ထိရောက်စွာ အရေးယူရန် ဒေါပုံအမတ် ဦးပြုံးချို၏ အရေးကြီးအဆိုအား လွှတ်တော်က အတည်ပြုလိုက်ခြင်းဖြစ်သည်။

အလုပ်သမား ဥပဒေများ ပြန်လည် ပြင်ဆင်ရန် အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမား ကိုယ်စားလှယ်များ ဆွေးနွေးမည်

13081804_1136480829709399_320826700_n

အလုပ်သမားဆိုင်ရာ ဥပဒေများအပေါ် ပြန်လည်ပြင်ဆင်ရန်နှင့် အလုပ်သမားများ စွမ်းဆောင်ရည် မြှင့်တင်ခြင်းများ ပြုလုပ်ရန် အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမား ကိုယ်စာလှယ်များ တွေ့ဆုံဆွေးနွေးကာ ဖိုရမ် ကျင်းပမည်ဖြစ်ကြောင်း အလုပ်သမားရေး ဆောင်ရွက်နေသော အဖွဲ့အစည်းများထံမှ သိရသည်။

အဆိုပါဖိုရမ်ကို အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ်(ILO)၊ အမေရိကန်၊ ဒိန်းမတ်၊ ဥရောပသမဂ္ဂ၊ ဂျပန်တို့နှင့် ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ပြီး ရန်ကုန်မြို့ရှိ ဆီဒိုးနား ဟိုတယ်တွင် စက်တင်ဘာလ ၂၉ရက်နှင့် ၃ဝ ရက်များတွင် ကျင်းပမည် ဖြစ်သည်။

နိုင်ငံရေးဆွေးနွေးပွဲများတွင် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ အားလုံးပါဝင်နိုင်ရန် နည်းလမ်းရှာဆွေးနွေးခဲ့ဟုဆို

13081804_1136480829709399_320826700_n

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်မူကြမ်း(NCA) လက်မှတ် မထိုးရသေးသည့် တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အစည်းများ အားလုံးပါဝင် လက်မှတ် ရေးထိုးပြီး နိုင်ငံရေးဆွေးနွေးပွဲများ အားလုံးပါဝင်နိုင်ရန် နည်းလမ်းအဖြေ ရှာ ဆွေးနွေးခဲ့ကြောင်း ငြိမ်းချမ်းရေး ကော်မရှင်မှ ဒေါက်တာ မင်းဇော်ဦးက ပြောသည်။

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့တွင် တစ်မြို့လုံးနီးပါး နိုင်ငံတော်သီချင်းဖွင့် ၍ ပြည်သူများ အလေးပြုခြင်း အစီအစဉ် စတင်

13081804_1136480829709399_320826700_n

ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားနယ်စပ် ဂိတ်ဝတွင် ဇူလိုင် ၂၂ ရက်မှစတင်၍ နိုင်ငံတော်သီချင်း စတင်ဖွင့်လှစ် အလေးပြုခြင်း အစီအစဉ်စတင်ခဲ့ပြီးနောက် ယခု အခါ စက်တင်ဘာ ၂၆ ရက်မှစတင်၍ မြဝတီတစ်မြို့လုံးနီးပါး နိုင်ငံတော်သီချင်း ဖွင့်လှစ်၍ အလေးပြုနိုင်ရန် ထပ်မံဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ကမ္ဘာပေါ်တွင် အလှူဒါနအရက်ရောဆုံးနိုင်ငံအဖြစ် မြန်မာသုံးနှစ်ဆက်တိုက် ရပ်တည်

13081804_1136480829709399_320826700_n

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ၂၀၁၆ ခုနှစ်၏ အလှူဒါန အရက်ရောဆုံးတိုင်းပြည်အဖြစ် သုံးနှစ်ဆက်တိုက် သတ်မှတ်ခံရပြီး နိုင်ငံသားများသည် ပုံမှန်ကုသိုလ်ပြု လှူဒါန်းမှုများ ဆောင်ရွက်နေကြကြောင်း အမေရိကန် အခြေစိုက် Gallup သုတေသန ကုမ္ပဏီ၏ စစ်တမ်းတွင်ဖော်ပြ ထားသည်။

ဗဟိုကော်မတီဝင်ဦးအောင်ကျော် မြို့နယ်ပါတီ ကော်မတီဝင်များ နှင့်တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဦးအောင်ကျော်သည် ၂၀၁၆ခုနှစ် စက်တင်ဘာလ(၂၇)ရက်နေ့ နံနက်(၁၁)နာရီအချိန်တွင် မွန်ပြည်နယ် ပေါင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမ၌ မြို့နယ်ပါတီကော်မတီဝင်များနှင့် တွေ့ဆုံကာ ပါတီလုပ်ငန်းစဉ်များအား တွေ့ဆုံဆွေးနွေး ခဲ့ကြပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ ခရိုင်ပါတီကော်မတီဝင် ဦးဇော်ဝင်း၊ မြို့နယ်ပါတီဥက္ကဌနှင့် ကော်မတီဝင်များတက်ရောက်ကြ ကြောင်းသိရှိရပါသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မွန်ပြည်နယ်


ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များ စုပေါင်း၍ ကျောက်တန်းဘိုးဘွားရိပ်သာတွင် သန့်ရှင်းရေး လုပ်အားပေး ဆောင်ရွက်နေကြစဉ်


တိုင်းပါတီဥက္ကဋ္ဌ ပုသိမ်ခရိုင်/မြို့နယ်ပါတီကော်မတီဝင်များနှင့် ရှေ့လုပ်ငန်းစဉ် များ တွေ့ဆုံဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဗဟိုကော်မတီဝင်ဦးဥာဏ်လင်း၊ တိုင်းဒေသကြီးပါတီ အတွင်းရေးမှူးဦးဝင်းကိုတို့သည် စက်တင်ဘာ (၂၇) ရက် နံနက် ၉နာရီတွင် ပုသိမ်ခရိုင် ပုသိမ်မြို့နယ်မှ ပါတီဥက္ကဋ္ဌ၊ ပါတီ ကော်မတီဝင်များနှင့်တွေ့ဆုံပွဲအား ပုသိမ်မြို့နယ် ပါတီရုံး အစည်း အဝေးခန်းမ၌ပြုလုပ်ခဲ့သည်။

14495368_434236233418176_6434763038447731726_n

(more…)


NLD ပါတီ ၂၈ နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင်များ တက်ရော

၂၀၁၆ စက်တင်ဘာ (၂၇) ရက်နေ့ တွင် ကျရောက်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၂၈ နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားကို NLD ပါတီဌာနချုပ်ရုံးရှိရာ ဗဟန်းမြို့နယ် အနောက်ရွှေဂုံတိုင်လမ်း၊ အမှတ် (၉၇/ခ) ၌ကျင်းပပြုလုပ်ရာ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဗဟို ကော်မတီဝင်များဖြစ်သော ဦးသာဝင်း၊ ဦးတင်အောင်တို့နှင့် ပြည်သူ့ ဆက်ဆံရေးအဖွဲ့ဝင်များ စုစုပေါင်း ၄ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မိုင်းဆတ်ပြည်ခိုင်ဖြိုး လယ်ယာများ ပိုးသတ်ဆေးဖျန်းခြင်း တောင်သူ လယ်သများအား ပိုသတ်ဆေးဖြန့်ဝေပေးခြင်းများ ပူးပေါင်းဆောင်ရွက်ပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးစိုင်းမိုးဇော်ဦးနှင့် မြို့နယ် ပါတီကော်မတီဝင်များ၊ ရပ်/ကျေးပါတီ ခေါင်းဆောင်များသည် မိုင်းဆတ် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးနိုင်လင်း၊ စိုက်ပျိုးရေး ဝန်ထမ်းများနှင့်အတူ စက်တင်ဘာလ (၂၆) ရက်က မိုင်းဆတ်မြို့နယ် ထူးဒေါ့ (၈)မိုင်ကျေးရွာ မှ လယ်ယာမြေ (စပါးခင်းများ) တွင် ရွက်လိပ်ပိုး၊ ရွက်ကပ်ပိုး၊ ကြက်သွန်မြိတ်ပိုးများ ကျရောက်နေသော လယ်ဧကပေါင်း (၂၀)ခန့်အား သွားရောက်ကြည့်ရှုပြီး လယ်ယာများ အား လက်တွေ့ ပိုးသတ်ဆေး ပက်ဖျန်းပေးခြင်း၊ တောင်သူလယ်သမားများအား ပိုးသတ်ဆေးများ ဖြန့်ဝေ ပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။