အောက်တိုဘာ (၁) ရက်နေ့ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်အဖြစ် ဘိုကလေးမြို့ ဘိုးဘွားချမ်းမြေ့ဓမ္မရိပ်သာ၌ ထာဝရ အလှူရှင်မိသားစုများနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့ ပူးပေါင်းပြီး ဆရာတော်(၅)ပါးကို တစ်ပါးလျှင် ဝါဆိုသင်္ကန်း(၁)စုံ၊ ဝတ္တုငွေ ၂၀၀၀၀ကျပ်စီနှင့် ဆွမ်းများ ဆက်ကပ် လှူဒါန်းခဲ့သည်။




