မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ် ရှင်တော်ကုန်းကျေးရွာအုပ်စု လိမ်ပင်ကျေးရွာ စည်းမှူးဦးသောင်းတင့်၏ နေအိမ်တွင် စက်တင်ဘာလ (၁၇) ရက် နံနက် ၈နာရီ ၄၅မိနစ်က ရပ်/ကျေး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဆိုင်း ဘုတ်တင်ပွဲ အခမ်းအနားပြုလုပ်ရာ မန္တလေးခရိုင်ပါတီဥက္ကဋ္ဌ ဦးဘိုသင်း၊ အတွင်းရေးမှူး ဦးကျော်စန်း၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဆွေသန်း၊ အတွင်းရေးမှူး ဦးကိုကိုလွင်၊ ဘဏ္ဍာရေးမှူး ဦးဝင်းနိုင်(နယ်မြေမှူး)၊ ကော်မတီ ဝင်များ၊ ရပ်/ကျေးပါတီစည်းမှူးနှင့်အဖွဲ့ဝင်များ အင်အား ၁ဝဝ ခန့် တက်ရောက်ခဲ့ပြီး အခမ်းအနားတွင် ဦးဆွေသန်းနှင့်ဦးဝင်းနိုင်တို့က အမှာစကားပြောကြားခဲ့ပြီး ဆိုင်းဘုတ်ကို အမွှေးနံ့သာများဖြင့်ပက်ဖျန်းပြီး မင်္ဂလာအချိန်တွင် အခမ်းအနားကို ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။