သီပေါမြို့နယ် (၁၂၁) ကြိမ်မြောက် မဟာမြတ်မုနိဘုရားကြီး ဗုဒ္ဓပူဇနိယပွဲတော်နှင့် မြို့နယ်လုံးကျွတ် သံဃဒါန ဆွမ်းကြီးလောင်းပွဲကြီးကို အောက်တိုဘာ (၁၉) ရက်နေ့က ကျင်းပ ပြုလုပ်ရာ သီပေါမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမိသားစုမှ တန်ဖိုးကျပ် ၆၆၆၆၆၆ တန်ဖိုးရှိ ပဒေသာပင်ကို ပါဝင်လှူဒါန်းမှုပြုခဲ့ရာ နမ့်ဟူးနွဲ့ကျောင်းမှ ဆရာတော်မှ ယင်းပဒေသာပင်ကို မဲပေါက်သဖြင့် ခရိုင်ပါတီကော်မတီဝင် ဦးအုန်းမောင်လေး၊ မြို့နယ်ပါတီဥက္ကဌ ဦးအောင်အောင်၊ အတွင်းရေးမှူး ဦးစိုင်းခင်မောင်ရွှေ၊ မြို့နယ်ပါတီကော်မတီများ၊ ပါတီဝင် မိသားစုများမှ သွားရောက်ပို့ဆောင် လှူဒါန်း၍ ရေစက်သွန်ချအမျှပေးဝေခဲ့ပါသည်။












