ကိုရီးယားနိုင်ငံ Shinhan Bank အား စက်တင်ဘာ ၂ဝ ရက်မှစတင်ကာ မြန်မာ နိုင်ငံတွင် ဘဏ်ခွဲဖွင့်လှစ်ခွင့်အား လုပ်ကိုင်ခွင့်ပြုခဲ့ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ စက်တင်ဘာ၂၇ ရက်က သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းအပြင် နိုင်ငံခြားဘဏ်စိစစ်ရေးကော်မတီအနေဖြင့် အိန္ဒိယနိုင်ငံမှ State Bank of India နှင့် E.Sun Commercial Bank တို့အား ဘဏ်ခွဲဖွင့်လှစ်ခွင့်ပြုရေး အတွက် စိစစ်လျက်ရှိပြီး မကြာမီလပိုင်းအတွင်း ခွင့်ပြုပေး သွားမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြချက်အရ သိရသည်။