ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေး ကျင်းပ

 

ယနေ့(၂၉-၉-၁၆)ရက်နေ့ ကြာသပတေးနေ့ နံနက်(၀၉၀၀)ချိန်မှ
စတင်ကာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ် အစည်းအဝေးခန်းမတွင် ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးကို
ပါတီဥက္ကဌ ဦးသန်းဌေးနှင့်၊ဗဟိုအလုပ်အမှုဆောင်များ နှင့် တိုင်းဒေသကြီးနှင့်ပြည်နယ် ပါတီ အသီးသီးမှ ဥက္ကဌ များအပါအ၀င် ကျင်းပသွားခဲ့ပါသည်။
အစည်းအဝေးတွင် ပါတီဥက္ကဌပြောကြားချက် မှ ကောက်နှုတ်ချက်မှာ-
(၁) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ပြည်သူ့ပါတီဖြစ်၍
ပြည်သူလူထု အကျိုးစီးပွားကို ဦးထိပ်ထားဆောင်ရွက်ရန်။
(၂) လုံခြုံရေး ပြည်ထောင်စုအနာဂတ်အရေး တစ်မျိုးသားလုံး၏ လတ်တလော စီးပွားရေး
အခြေအနေများ မျက်ခြေမပြတ်လေ့လာသုံးသပ်ဆောင်ရွက်ရန်။
(၃) ယင်းအရေးကိစ္စများအတွက် ပါတီအဖွဲ့အစည်းအဆင့်ဆင့်ကကွပ်ကဲမှု အနည်းဆုံးဖြင့်
သွက်လက်စွာ ဆောင်ရွက်သွားကြရန်။

ရခိုင်ပြည်နယ်အရေးကိစ္စနှင့်ပက်သက်၍ ပြည်ခိုင်ဖြိုးပါတီအပါအဝင် နိုင်ငံရေးပါတီ(၁၁)ပါတီ၏ သဘောထား ကြေညာချက်များကို အများပြည်သူ သိရှိစေရန်ဖြန့်ဝေ

ပခုက္ကူခရိုင်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးသိန်းထွန်း၏ ဦးဆောင်လမ်းညွန်းမှူဖြင့် ယနေ့ (စက်တင်ဘာ ၃၀ ရက်) နံနက် (၈) နာရီ အချိန်တွင် ပခုက္ကူမြို့နယ် မြစ်ခြေတိုက်နယ်ရှိ လူစည်းကားရာ မြစ်ခြေ ပြည်သူဈေးနှင့် ပခုက္ကူ-ဆိပ်ဖြူ ကားလမ်းမပေါ်တွင် ပခုက္ကူမြို့နယ် ပါတီကော်မတီဝင်များဖြစ်ကြသော ဦးဇော်မင်းထိုက် (yawminthar)၊ ဒေါ်ပိုပိုမြင့်၊ ဦးကံဦး၊ ဦးမောင်နိုင်၊ ဦးဝင်းဌေးမြင့်တို့ ဦးဆောင်သော ပါတီဝင်များ စုပေါင်းကာ ရခိုင်ပြည်နယ်အရေးကိစ္စနှင့်ပက်သက်၍ ပြည်ခိုင်ဖြိုးပါတီအပါအဝင် နိုင်ငံရေးပါတီ(၁၁)ပါတီ၏ သဘောထား ကြေညာချက်များကို အများပြည်သူ သိရှိစေရန် ခရီးသွားပြည်သူများအား ဖြန့်ဝေခြင်းနှင့် မြစ်ခြေ ဈေးသို့ ဈေးရောင်းဈေးဝယ် လာရောက်ကြသော ပြည်သူများကို ဖြန့်ဝေခြင်းများကို နံနက် (၉) နာရီခွဲအထိ ဆောင်ရွက်ခဲ့ကြ ကြောင်း သိရှိရသည်။

ပခုက္ကူပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များ ရှေ့လုပ်ငန်းစဉ်များဆွေးနွေး

မကွေးတိုင်းဒေသကြီးပါတီကော်မတီဝင် ဦးသော်ဇင်ဦး၊ ပခုက္ကူခရိုင်ပါတီဥက္ကဌ ဦးသိန်းထွန်းတို့သည် စက်တင်ဘာလ (၂၉) ရက် နေ့လည်ပိုင်းက ပခုက္ကူမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ပါတီကော်မတီဝင်များ၊ အရံကော်မတီ များနှင့် တွေ့ဆုံ၍ ပါတီ၏ ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ပါတီကော်မတီများမှ ပြန်လည်ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

# ရဲနိုင်


မိဘဆရာအသင်းနှစ်ပတ်လည်အစည်းအဝေးနှင့်ပညာရည်ချွန်ဆုနှင်းသဘင်အခမ်းအနားသို့ ကျောက်ဆည်ပြည်ခိုင်ဖြိုးဥက္ကဌတက်ရောက်

ကျောက်ဆည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးစိုးစိုးထွန်းသည် ယနေ့ နံနက် ၉း၀၀ အချိန် ကျောက်ဆည်မြို့ အထက(၁) သုံးထပ်ဆောင် ခန်းမတွင် မိဘဆရာအသင်းနှစ်ပတ်လည်အစည်း အဝေးနှင့် ပညာ ရည်ချွန်ဆုနှင်းသဘင်အခမ်းအနား တက်ရောက်၍ ပညာရည်ချွန်ဆု ရရှိသော ကျောင်းသား/သူများနှင့် ထူးချွန်ဆုရရှိသော ဆရာမများအား ဂုဏ်ပြုခွင့်ရခဲ့ပါသည်။

အခမ်းအနားသို့ အထက(၁ )ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ/ဆရာမ များ။ မိဘဆရာအသင်းဥက္ကဌနှင့်အဖွဲ့ဝင်အကျိုးတော်ဆောင်များ။ဆုရရှိ သောကျောင်းမိဘများနှင့်ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဖက်ဒရယ် အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့ ဆက်လက်ကျင်းပ

ကြံခင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီရုံးတွင် Canada အခြေစိုက် The Global Network On Federalism နှင့် PAÑÑÃ Institute မှ ပြုလုပ်သော Workshop on Federalism အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့ကို စက်တင်ဘာလ (၂၉) ရက်က ဆက်လက်ကျင်းပခဲ့ပြီး အမေရိကန်နိုင်ငံ၏ Constitution နှင့် လွှတ်တော် အထွေထွေရွေးကောက်ပွဲ ပုံစံများ ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။

တမူးပြည်ခိုင်ဖြိုးပါတီမှ လုပ်အားဒါနကုသိုလ်ယူ

 

တမူး ခရိုင် / မြို့ နယ်ပါတီကော်မတီ၏ ဦးဆောင်မှုနှင့် စော်ဘွားအင်း ရပ်ကွက် ပြည်ခိုင်ဖြိုးပါတီဝင်အင်အား(၈၀)ဦးခန့်တို့သည် စော်ဘွား(၄)ရပ်ကွက် ဆရာတော်ဦးသာသန၏*ဝိဇယဓမ္မသုခ*ကျောင်းတိုက်အတွင်း တည်ထားကိုးကွယ်ထားတော်မူသောဥာဏ်တော်(၇) တောင် *အောင်ဇဗ္ဗူသာသနာထွဋ်ခေါင်*ရပ်တော်မူဗုဒ္ဓရုပ်ပွါးတော်မြတ်ကြီး၏ဂန္ဓာကုဋီတိုက်ကြီး၏အမိုးအား ယနေ့နံနက်(၉း၀၀)နာရီအချိန်တွင် ကျောက်သွေး လောင်းရာ၌လုပ်အားဒါနကုသိုလ်များပါဝင် ရယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Khin Maung Shwe


(29-9-2016) တွင် ပြုလုပ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ် အမှုဆောင် အစည်းအဝေးတွင် တိုင်းဒေသကြီး/ပြည်နယ် ပါတီဥက္ကဋ္ဌ ဒုတိယဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများမှ ရှင်းလင်းဆွေးနွေးစဉ်


သထုံပြည်ခိုင်ဖြိုးပါတီကော်မတီ လုပ်ငန်းညှိနိုင်းအစည်း အဝေးပြုလုပ်

မွန်ပြည်နယ် သထုံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီကော်မတီ အစည်းအဝေးကို မြို့နယ်ပါတီရုံးအစည်းအဝေးခန်းမ၌ ၂၀၁၆ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့ နံနက် (၁၀း၀၀)အချိန်ကျင်းပရာ မြို့နယ်ပါတီဥက္ကဌ ဦးစောမျိုးမင်းဌေးနှင့် မြို့နယ်ကော်မတီဝင်များ တက်ရောက်ကြပါသည်။

အဆိုပါ အစည်းအဝေးတွင် ပါတီဝင်အင်အား တိကျမှန်ကန်ရေး ၊ တိုးချဲ့စည်းရုံးရေး နှင့်စိစစ်ရေးလုပ်ငန်းများ ပြီးစီးမှုအခြေအနေများ ရေးရာအလိုက် လှုပ်ရှားမှုများအား အပတ်စဉ်သတင်းပို့ရန် ကြိုတင် စီမံချက်ချဆောင်ရွက်လျှက်ရှိသည့် လုပ်ငန်းများအားဆွေးနွေးခဲ့ပြီး (၁၁း၃၀)အချိန်တွင် ပြီးဆုံးကြောင်းသိရှိရပါသည်။

မုန်တိုင်းအကြွင်းအကျန် တိမ်တိုက်များကြောင့် ဒေသအချို့ မိုးသက်လေပြင်း ကျရောက်နိုင်

13081804_1136480829709399_320826700_n

ထိုင်ဝမ်ကျွန်းသို့ ၀င်ရောက် တိုက်ခတ်နေသည့် တိုင်ဖွန်းမုန်တိုင်း MEGI ၏ အကြွင်းအကျန် တိမ်တိုက်များ ရွေ့လျားလာနိုင်ခြင်းကြောင့် မြန်မာနိုင်ငံ ကမ်းရိုးတန်း ဒေသများနှင့် ဒေသအချို့တွင် မိုးသက်လေပြင်း ကျရောက် နိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ကြေညာချက် ထုတ်ပြန်သည်။

ရခိုင်အမျိုးသားပါတီ မျက်နှာစုံညီအစည်းအဝေး အောက်တိုဘာတွင် ပြုလုပ်မည်

14518268_1247889905235157_537044929_n

ရခိုင်အမျိုးသားပါတီ မြို့နယ်ပေါင်းစုံမျက်နှာ စုံညီအစည်းအဝေးကို လာမည့် အောက်တိုဘာလဆန်းတွင် ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်၌ ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။